A . I . R . 1935 Ran 133 ( DB )

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


A. I. R. 1934 Rangoon 216


U Ba Sein-Appellant.


        V.


Maung San and another-Respondents.


MYA BU AND DUNKLEY, JJ.


Equivalent citation = 12 Ran 263 

———————————————————


VoL. XII RANGOON SERIES. 263


Before Mr. Justice Mya Bu and Mr. Justice Dunkley.


U BA SEIN

            

       V.


MAUNG SAN AND ANOTHER.*


12 Ran.263( D. B. )အမှုတွင်၊အပေါင်စာချုပ်ကို(၂၈-၁-၁၉၃၁)နေ့မှာချုပ်ဆိုပြီးစာချုပ်ကို(၂၆-၅-၁၉၃၁)နေ့မှာမှတ်ပုံတင်ပေးခဲ့ပါတယ်။


ပေါင်နှံသူကိုလူမွဲအဖြစ်ကြေညာပေးဖို့(၂၁-၇-၁၉၃၁)နေ့မှာလျှောက်ထားခဲ့တဲ့အတွက်၊အပေါင်စာချုပ်ချုပ်တဲ့(၂၈-၁-၁၉၃၁)နေ့နဲ့သုံးလကျော်ကွာတယ်။


စာချုပ်မှတ်ပုံတင်တဲ့နေ့ကတွက်ရင်တော့သုံးလမကျော်ပါဘူး။


စာချုပ်ကိုမှတ်ပုံတင်ပေးရာမှာကြန့်ကြာခဲ့ရတာပါ။


မြန်မာနိုင်ငံအင်ဆော်လဝင်စီအက်ဥပဒေပုဒ်မ၅၄(၁)ပါကိစ္စအလို့ငှာလွှဲပြောင်းတဲ့နေ့ကိုစာချုပ်မှတ်ပုံတင်ပေးတဲ့နေ့(၂၆-၅-၁၉၃၁)လို့ကောက်ယူပါမှအပေါင်စာချုပ်ပျက်မယ်။


ဒီတော့မှလူမွဲမြီစားနဲ့မြီရှင်တဦးဦးတို့ပူးပေါင်းလိမ်ကြတာကိုတားဆီးနိုင်မယ်လို့ခုံရုံးကဆုံးဖြတ်ပါတယ်။

———————————————


A. I. R. 1935 Rangoon 133


C. A. C. A. R. Chettyar, Firm-Appellant.


               V.


U Maung Maung and another-Respondents.


MYA BU AND MACKNEY, JJ.


A. I . R.1935 Ran 133( D. B. )အမှုမှာ၊အပေါင်စာချုပ်ချုပ်ဆိုတဲ့နေ့က(၂၂-၁၁-၁၉၃၀)ဖြစ်ပြီး၊လူမွဲလျှောက်လွှာကို(၃၀-၁-၁၉၃၁)နေ့မှာတင်ခဲ့ပါတယ်။


စီရင်ထုံးမှာအပေါင်စာချုပ်ကိုမှတ်ပုံတင်တဲ့နေ့မပါရှိပေမဲ့၊စာမျက်နှာ၁၃၄မှာဖော်ပြချက်အရ၊လူမွဲလျှောက်လွှာတင်ပြီးမှမှတ်ပုံတင်တာကတော့ထင်ရှားပါတယ်။


အပေါင်စာချုပ်မှာပျက်ပြယ်ခြင်းမရှိဘူးလို့ဆုံးဖြတ်တာကိုထောက်ရင်လျှောက်လွှာတင်ပြီးသုံးလကျော်မှမှတ်ပုံတင်ဟန်တူပါတယ်။


အပေါင်ခံတဲ့သူနဲ့ပေါင်နှံသူတို့ပူးပေါင်းပြီး(၂၂-၁၁-၁၉၃၀)ရက်စွဲပါစာချုပ်ကိုစာချုပ်စာတမ်းမှတ်ပုံတင်ခြင်းအက်ဥပဒေပုဒ်မ၂၃မှာခွင့်ပြုတဲ့လေးလတာကာလမကုန်ခင်(၂၁-၃-၁၉၃၁)နေ့မှာမှတ်ပုံတင်ပေးဖို့တင်ပြပြီး(၂-၅-၁၉၃၁)နေ့မှာမှတ်ပုံတင်နိုင်အောင်ဖန်တီးနိုင်ကြမယ်ဆိုရင်၊လျှောက်လွှာတင်ပြီးတဲ့နောက်သုံးလကျော်သွားမှာဖြစ်တဲ့အတွက်၊မြန်မာနိုင်ငံအင်ဆော်လဝင်စီအက်ဥပဒေပုဒ်မ၅၄(၁)ရဲ့စက်ကွင်းကလွတ်သွားမှာဖြစ်ပါတယ်။


ဒီလိုဆိုရင်လိမ်လည်လှည့်ဖြားမှုမရှိအောင်၊ 12 Ran. 263( D. B. )အမှုမှာ၊အဓိပ္ပာယ်ကောက်ယူခြင်းဟာအောင်မြင်နိုင်ပါ့မလား။

————————————-


A. I. R. 1937 Rangoon 446


FULL BENCH


ROBERTS, C. J., BAGULEY AND SPARGO, JJ.


U On Maung - Appellant.


           V.


Maung Shwe Hpaung and another -Respondents.


Equivalent citation = 1937 RLR 375


ဒါကြောင့်၊ 1937 R. L. R.375( F. B. )အမှုမှာ၊တရားသူကြီးချုပ်က၊လိမ်လည်လှည့်ဖြားမှုကိုလမ်းဖွင့်ပေးရာမရောက်အောင်ပြဿနာကိုချဉ်းကပ်ပုံဟာ၊အဖြေမှန်ရစေနိုင်တဲ့နည်းမဟုတ်ဘူးလို့ထောက်ပြခြင်းဖြစ်ပါတယ်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]