ဦးထွန်းအောင်သာစီရင်ထုံး
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
1968 BLR 10
( U Tun Aung Tha vs. The Union of Burma )
အမှုတွင်၊တရားရုံးချုပ်တရားသူကြီး(ဦးစိန်သင်း)က၊တရားလွှတ်တော်ချုပ်၏စီရင်ထုံးစာမျက်နှာ၄၄( ဒေါက်တာဆီးဂရေ့ဖ်အမှု )ရှိပြဆိုချက်တို့ကိုဖော်ပြပြီးနောက်၊စာမျက်နှာ၁၂၌ -
" The above observations naturally lead to the conclusion that in determining the guilt of the accused person for any of our statutory offences apart from the definition of the offence as crystallized in the statute itself , such a thing as mens rea exists without the proof of the existence of which in the mind of the accused , no criminal liability arises."
ဟုသုံးသပ်ပြီး၊စာမျက်နှာ၁၂နှင့်၁၃တွင်ဆက်လက်အကြောင်းပြသည်။
စာမျက်နှာ၁၃သုံးသပ်ချက်နောက်ဆုံးဝါကျပါ-
" It can therefore be seen that it was not as much on account of the absence of mens rea but due to the presence of a reasonable apprehension of instant death that the appellant earned his acquittal. "
( သို့ဖြစ်အယူခံတရားလိုဒေါက်တာဆီးဂရေ့(ဖ်)တရားသေလွတ်သွားခြင်းမှာ၊ပြစ်မှုကျူးလွန်ရန်မနောကံမရှိခြင်းသက်သက်ကြောင့်မဟုတ်ဘဲ၊ရုတ်ခြည်းသေဘေးဖြစ်စေရန်စိုးရိမ်ဘွယ်ရာအကြောင်းယုတ္တိရှိခြင်းကြောင့်ဖြစ်သည်ကိုတွေ့မြင်နိုင်သည်။ဟူသောအကြောင်းပြချက်သည်၊တရားရုံးချုပ်တရားသူကြီး(ဦးစိန်သင်း)ရည်ညွှန်းသော 1952 BLR ( S C ) 44( ဒေါက်တာဆီးဂရေ့ဖ်အမှု )၌စာမျက်နှာ၅၂တွင်ယခင်တရားလွှတ်တော်ချုပ်ကပြဆိုသောအောက်ပါသုံးသပ်ချက်များအရမှန်ကန်ပုံမပေါ်-
" It is true that the appellant was not in fear of the loss of his life or injury to himself or to those dear and near to him as in the case of Stane . But he was in fear of losing his valuable stock of medicine and sustaining damage to his hispital building . Because of this fear he said he gave a box of surgical instruments and some medicine."
တရားလွှတ်တော်ချုပ်က"အယူခံတရားလိုဒေါက်တာဆီးဂရေ့(ဖ်)သည်မိမိအသက်ကိုဖြစ်စေ၊မိမိအားအနာတရဖြစ်စေခြင်းကိုဖြစ်စေ၊ကြောက်ရွံ့ခြင်းမရှိခဲ့၊#တန်ဖိုးမဖြတ်နိုင်သည့်ဆေးဝါးများဆုံးရှုံးမည်ကိုလည်းကောင်း၊မိမိဆေးရုံအဆောက်အအုံပျက်စီးသွားမည်ကိုလည်းကောင်းပူပန်ခဲ့ခြင်းကြောင့်ဖြစ်သည်ဟု၊အတိအကျဆိုထားပါလျက်၊ 1968 BLR 10(13)အမှုတွင်ယခင်တရားလွှတ်တော်ချုပ်၏၊အကြောင်းပြချက်နှင့်ဆန့်ကျင်ဖီလာကောက်ယူမိခြင်းဖြစ်သည်။
တနည်းအားဖြင့်တရားလွှတ်တော်ချုပ်ကမိမိဆုံးဖြတ်သည့်အမှုတွင်၊ပြစ်မှုမြောက်ရန်မနောကံလိုသည်ဟုအကြောင်းပြဆုံးဖြတ်ခြင်းမှာ၊ခရီးသွားဟန်လွှဲဖြစ်သည်ဟုရမယ်ရှာကာလက်မခံဘဲ(မှတ်ချက်။ ။ 1950 BLR ( S C ) 128(129)အမှု၌တရားလွှတ်တော်ချုပ်၏ပြဆိုချက်တရပ်သည်ခရီးသွားဟန်လွှဲဆုံးဖြတ်ချက်ဖြစ်သည်ဟု၊ 1954 BLR ( H C )86တွင်တင်ပြရာတရားလွှတ်တော်ခုံရုံးကစီရင်ထုံးစာမျက်နှာ၈၉၌တရားလွှတ်တော်ချုပ်၏မြွက်ဆိုသောဥပဒေသမှာခရီးသွားဟန်လွှဲသဘောရှိသည်မှန်သော်လည်းနိုင်ငံတွင်အမြင့်ဆုံးတရားရုံး၏ပြဆိုချက်ဖြစ်သဖြင့်လေးစားစွာလက်ခံရမည်ဟုမှတ်ချက်ပြုထားသည်ကို၊တရားရုံးချုပ်တရားသူကြီးသတိချွတ်ချော်သွားဟန်တူသည်။)ယင်းစီရင်ထုံးနှင့်ကွဲပြားသည်ဟုအကြောင်းပြလျက်ယခင်တရားလွှတ်တော်ချုပ်၏ထုံးဖွဲ့ချက်နှင့်စပ်ဟပ်အဖြေမထုတ်ဘဲ၊မတရားအသင်းအက်ဥပဒေပုဒ်မ၁၇(၁)အရပြစ်ဒဏ်ထိုက်သောပြစ်မှုကို၊မနောကံမြောက်ကျူးလွန်ရန်မလိုဟုဆုံးဖြတ်ခြင်းဖြစ်သည်။
အမှန်စင်စစ်အဆိုပါပြစ်မှုမျိုးနှင့်သက်ဆိုင်သော 1965 BLR 347( ပြစ်မှု )အမှု၌ပြဆိုထားသည့်" ကွန်မြူနစ်များအားကိုယ်ထိလက်ရောက်ကူညီခဲ့သည်ဟုထင်ရှားအောင်ပြရန်လိုသည်။"ဟူသောထုံးဖွဲ့ချက်နှင့် 1967 BLR ( S C C A C ) 45 အမှုပါ" ဓားမိုးခိုင်းစေခြင်းကြောင့်သောင်းကျန်းသူတို့အားမလွှဲမရှောင်သာ၍ကူညီလိုက်ရခြင်း၊ရိက္ခာပေးလိုက်ရခြင်းစသည်တို့နှင့်စိတ်ရောကိုယ်ပါအယူခံတရားလိုကဲ့သို့လိုက်ပါကူညီခြင်းတို့ကိုခွဲခြားသတ်မှတ်ရမည်။"ဟူသောထုံးဖွဲ့ချက်များကို၊ 1968 BLR 10 အမှု၌ဆင်ခြင်မိခဲ့ပါလျှင်၊မနောကံမြောက်ကျူးလွန်မှသာပြစ်မှုမြောက်သည်ကိုကောင်းစွာဆုံးဖြတ်နိုင်မည်ဖြစ်သည်။
1969 BLR 58 ( S B )အမှုတွင်၊ 1968 BLR 10 အမှု၌၊ဆင်ခြင်သုံးသပ်မှုလွဲမှားနေကြောင်း၊ပုဒ်မ၁၇(၁)ပြစ်ဒဏ်ထိုက်သောပြစ်မှုမြောက်ရန်၊မနောကံမြောက်ပြစ်မှုကျူးလွန်ရန်လိုကြောင်းအထက်ပါထုံးသာဓကတို့ကို၊ကိုးကားကာထုံးဖွဲ့ခဲ့ရမည်ဖြစ်သည်အတ္တနောမတိဆုံးဖြတ်ရန်မသင့်။
Comments
Post a Comment