စီရင်ထုံးများကိုဖတ်ရှုလေ့လာခြင်းဖြင့်စီရင်ထုံးများပါပညာကိုတရားရုံးများတွင်အသုံးချနိုင်ရန်ဖြစ်သည်
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
ဒေါက်တာဆီးဂရေ့(ဖ်)အမှုတွင်၊ခွဲစိတ်ကိရိယာများနှင့်ဆေးဝါးများကိုဒေါက်တာဆီးဂရေ့(ဖ်)ကသူပုန်နော်ဆိုင်းအားပေးရသည့်ပတ်ဝန်းကျင်အခြေအနေတို့ကို၊စီရင်ထုံးစာမျက်နှာ၄၉မှ၅၂တွင်စီရင်ထုံးတရပ်နှင့်ချိန်ထိုး(စိစစ်)ပြီးနောက်၊ဒေါက်တာဆီးဂရေ့(ဖ်)ကခွဲစိတ်ကိရိယာများနှင့်ဆေးဝါးများကိုနော်ဆိုင်းအားပေးခြင်းသည်၊နိုင်ငံတော်အစိုးရကိုပုန်ကန်ခြားနားလျက်ရှိသူနော်ဆိုင်းကိုအားပေးခြင်းထက်၊မိမိပစ္စည်းများဆုံးရှုံးမှုမရှိစေရန်ကာကွယ်ခြင်းဖြစ်သည်၊စသည်ဖြင့်စီရင်ထုံးစာမျက်နှာ၅၂မှ၅၃တွင်အောက်ပါအတိုင်းအကြောင်းပြသည်-
" It is true that the appellant was not in fear of the loss of his life or injury to himself or to those dear and near to him as in the case of Stane . But he was in fear of losing his valuable stock of medicine and sustaining to his hospital building . Because of this fear said he gave a box of surgical instruments and some medicine . The statement remains unchallenged . Taking this fact and the fact that he was held not to have a guilty mind in doing what he did in the incidents which formed the subject-matter of the first and second charges into consideration , what inference should be drawn ? The necessary , and , in fact , the almost unavoidable inference to be drawn is that the giving of a box of surgical instruments and medicine to Naw Seng was not so much to help him in his revolt against the Union Government as to save his ( appellant's ) property . Even taking the worst view of the case , one cannot help but say that the act of the appellant in giving a box of surgical instruments and medicine to Naw Seng was as consistent with an innocent intent as with a criminal intent . The benifit of the doubt must then be given to the appellant . Therefore whatever view is taken of the case , the appellant must be held to be not guilty . "
အထက်ပါသုံးသပ်ပုံကိုဦးထွန်းအောင်သာအမှုနှင့်စပ်ဟပ်အဖြေထုတ်လျှင်၊စီရင်ထုံးပါစကားအသုံးအနှုန်းအတိုင်းဆိုရပါက-
" The act of U Tun Aung Tha in giving boots to the communist insurgent , was as consistent with an innocent intent as with a criminal intent and the benefit of doubt must be given to U Tun Aung Tha "
ဟုဆုံးဖြတ်ရန်ဖြစ်သော်ငြားလည်း 1968 BLR 10 အမှုကိုဆုံးဖြတ်သောတရားရုံးချုပ်တရားသူကြီး(ဦးစိန်သင်း)ကထိုသို့မမြင်ခဲ့။
ဦးထွန်းအောင်သာကဖိနပ်များကိုသောင်းကျန်းသူများအားပေးခြင်းသည်သေနတ်ပြန်ရရန်အဓိကဦးတည်သည်ဖြစ်၍၊ 1969 BLR 58 ( S B )အမှုတွင်ဆုံးဖြတ်သကဲ့သို့၊အပြစ်ကင်းသည်ဟုဆိုနိုင်သည်။
တရားရုံးချုပ်တဦးထိုင်တရားသူကြီး(ဦးစိန်သင်း)ကောက်ယူသကဲ့သို့ပြစ်မှုကျူးလွန်ခြင်းဖြစ်သည်ဟုလည်းဆိုနိုင်သည့်အခြေအနေတွင်(ထိုသို့ဆုံးဖြတ်သည့်စီရင်ချက်ကို 1968 BLR 10 စီရင်ထုံးတွင်ထုံးပြုထားသည်ကိုသတိပြုပါ။)တရားခံသည်ပြစ်မှုကျူးလွန်ခြင်းရှိမရှိချီတုံချတုံဝေခွဲမရခြင်းတည်းဟူသောဒွိဟသံသယ၏အကျိုးကိုခံစားထိုက်သည်ဖြစ်၍၎င်းအားအမှုမှလွှတ်ရန်ဖြစ်သည်။
၁၉၄၈ခုနှစ်တွင်ပြဌာန်းခဲ့သောတရားစီရင်ရေးအက်ဥပဒေပုဒ်မ၁၂အရယခင်တရားလွှတ်တော်ချုပ်ကိုတည်ထောင်စဉ်က၊ပရီဗီကောင်စီတွင်မပြီးပြတ်သေးသည့်မှုခင်းများကိုတရားလွှတ်တော်ချုပ်ကစီရင်ဆုံးဖြတ်ခဲ့ရသည်။ 1952 BLR ( S C ) 4 စီရင်ထုံးကိုကြည့်ပါ။
ယခင်တရားလွှတ်တော်ချုပ်တွင်ရုံးထိုင်ခဲ့သောပုဂ္ဂိုလ်များသည်၊ဥပဒေပညာရှင်အကျော်အမော်များဖြစ်ကြပါသည်။
၁၉၆၂ခုနှစ်တွင်တည်ထောင်ခဲ့သည့်တရားရုံးချုပ်သည်ဥပဒေအရယခင်တရားလွှတ်တော်ချုပ်ထက်ပို၍အဆင့်မြင့်သောတရားရုံးမဟုတ်ပါ။
လက်ရှိပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာမူယခင်တရားလွှတ်တော်ချုပ်နှင့်ဥပဒေအရတန်းတူညီတူအမြင့်ဆုံးတရားရုံးဖြစ်သည်။
ဦးထွန်းအောင်သာဘေးကြပ်နံကြပ်ရင်ဆိုင်ရသည့်အနေအထားကိုဆင်ခြင်ကာ၊ဒေါက်တာဆီးဂရေ့(ဖ်)အမှုတွင်၊အကြောင်းပြဆုံးဖြတ်ချက်များနှင့်ချိန်ထိုးပြီး၊တရားရုံးချုပ်ကဦးထွန်းအောင်သာ၏အမှုကိုဆုံးဖြတ်သင့်ပါလျက်၊ဖြစ်ရပ်ချင်းကွဲလွဲသောအခြားအမှုများကိုကျော်ကြည့်မိသဖြင့်၊1968BLR10အမှုတွင်ရွှေသမင်အလိုက်မှားသွားခြင်းဖြစ်သည်။
ဦးထွန်းအောင်သာအားတရားသေလွှတ်သည့်၁၉၆၉ခုနှစ်စီရင်ထုံးမှာထက်၊ယခင်တရားလွှတ်တော်ချုပ်ကဒေါက်တာဆီးဂရေ့ဖ်ကိုတရားသေလွှတ်ရာ၌၊ထုံးသာဓကများကိုးကားကာကြောင်းကျိုးဖော်ပြပြီးဆုံးဖြတ်သည်ကို၊ဥပဒေပညာရှင်များဂရုဓမ္မပြု၍လေ့လာသင့်သည်ဟုစာရေးသူကတိုက်တွန်းပါသည်။
Comments
Post a Comment