13 Ran 412 ( F B )
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
13 Ran. 412 ( F . B . )
( In Re Maung Thein Maung v. Ma Kywe and others. )
( Before Sir Arthur Page , Kt. , Chief Justice , Mr . Justice Mya Bu , Mr . Justice Baguley , Mr . Justice Mosely , and Mr . Justice Ba U . )
အမှုတွင်မယားပြိုင်များရှိသောအိမ်ထောင်၌ပထမမယားနှင့်ရသောဩရသသားသည်၊ဖခင်နှင့်ဒုတိယမယားတို့၏နှစ်ပါးစုံပစ္စည်းတွင်အမွေရခွင့်ရှိမရှိပြဿနာကိုစုံညီခုံရုံးကဆုံးဖြတ်ရာ၌၊တရားသူကြီးအားလုံးစီရင်ချက်ကိုယ်စီရေးကြသည်။
၁၂မျက်နှာရှိသော( စီရင်ထုံးစာမျက်နှာ၄၁၈မှ၄၃၀အထိ )တရားဝန်ကြီးချုပ်( Sir Arthur Page )၏စီရင်ချက်ကို၊တရားဝန်ကြီးသုံးဦး( အင်္ဂလိပ်တရားသူကြီး Baguley၊ အင်္ဂလိပ်တရားသူကြီး Mosely၊ မြန်မာတရားသူကြီးဦးဘဦး )ကထောက်ခံရေးသားသည်။
အခြားမြန်မာတရားသူကြီးဦးမြဘူးက
စာ၁၃မျက်နှာ( စီရင်ထုံးစာမျက်နှာ၄၃၀မှ၄၄၃အထိ )ရှိသောစီရင်ချက်တွင်၊
မိမိအမြင်ကိုအကိုးအကားဖြင့်ထုတ်ဖော်သည်။
တရားဝန်ကြီးချုပ်( Sir Arthur Page )က၊
စီရင်ထုံးစာမျက်နှာ၄၁၈မှ၄၃၀အထိလည်းကောင်း၊
မြန်မာတရားသူကြီးဦးမြဘူးက၊
စီရင်ထုံးစာမျက်နှာ၄၃၀မှ၄၄၃အထိလည်းကောင်း၊
အင်္ဂလိပ်တရားသူကြီး( Baguley )က၊
စီရင်ထုံးစာမျက်နှာ၄၄၃မှ၄၄၆အထိလည်းကောင်း၊
အင်္ဂလိပ်တရားသူကြီး( Mosely )က၊
စီရင်ထုံးစာမျက်နှာ၄၄၆မှ၄၅၁အထိလည်းကောင်း၊
မြန်မာတရားသူကြီးဦးဘဦးက၊
စီရင်ထုံးစာမျက်နှာ၄၅၁မှ၄၅၇အထိလည်းကောင်းရေးသားကြသဖြင့်၊
တရားဝန်ကြီးတို့၏၊အမြင်အသီးသီးကိုအားပါးတရဖတ်ခွင့်ရသည်။
Comments
Post a Comment