(1943) 45 Bombay Law Reports 275 ( P C )

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


(1943 ) 45 Bombay Law Reports 275 ( P C ) အမှုတွင်-


 "  Gunga Gobind Mundul v. The Collector of the Twenty - four Pergunnahs ( 1867 ) 11 M . I . A.345 at p. 361 , that if the owner whose property is encroached upon suffers his right to be barred by the law of limitation , " the practical ' effect is the extinction of his title in favour of the party in possession . " 


 ( ကျူးကျော်ခြင်းခံရသည့်ပစ္စည်းပိုင်ရှင်သည်ကာလစည်းကမ်းသတ်အက်ဥပဒေအရမိမိအခွင့်အရေးကိုအပိတ်ပင်ခံလျှင်လက်တွေ့အကျိုးသက်ရောက်မှုမှာလက်ရှိဖြစ်သည့်အမှုသည်၏အကျိုးငှာမိမိ၏ပိုင်ဆိုင်ခွင့်ဆိတ်သုဉ်းခြင်းဖြစ်သည် )ဟုထုံးဖွဲ့ထားခြင်းကိုကိုးကားဆုံးဖြတ်ပါသည်။


သို့ဖြစ်ရာ"၁၂ နှစ်ကျော်ပစ္စည်းကိုဆန့်ကျင်လက်ရှိထားသူသည်ပစ္စည်းပိုင်ရှင်ဖြစ်လာသည်"ဆိုသောဥပဒေသမှာပရီဗီကောင်စီကအထက်ပါစီရင်ထုံး၌၁၈၆၇ ခုနှစ်ကတည်းကပြဆိုခဲ့သောဥပဒေသဖြစ်ပါသည်။


11 M . I . A . ဆိုသည်မှာ M သည်ပရီဗီကောင်စီစီရင်ထုံးစာအုပ်ကိုပြုစုထုတ်ဝေသော Moore ဆိုသူဖြစ်ပြီး I . A . ဆိုသည်မှာ Indian Appeals ၏အတိုကောက်ဖြစ်၍ 11 မှာ Moore ထုတ်ဝေသော စီရင်ထုံးမျာ၏အတွဲအမှတ်ဖြစ်ပါသည်။


မြန်မာနိုင်ငံ၏ကာလစည်းကမ်းသတ်အက်ဥပဒေမှာအင်္ဂလန်နိုင်ငံကာလစည်းကမ်းသတ်ဥပဒေအပေါ်အခြေခံကာရေးဆွဲထားသည်မှာယုံမှားဖွယ်မရှိပါ။သို့ဖြစ်ရာကာလစည်းကမ်းသတ်အက်ဥပဒေအပိုင်း ( ၄ )၏ခေါင်းစီးဖြစ်သော Acquisition  of  Ownership  by  Possession ( လက်ရှိဖြစ်ခြင်းကြောင့် ပိုင်ရှင်မြောက်ခြင်း ) ပြဌာန်းချက်သည်အထက်ပါပရီဗီကောင်စီစီရင်ထုံး၏အနှစ်ချုပ်ကိုထင်ဟပ်ပြဌာန်းပုံပေါ်ပါသည်။


အထက်ပါ ( 1943 ) 45 BOMLR 275 ( PC ) စီရင်ထုံးတွင်၊အထက်ပါ ( 1867 ) 11 M . I . A . 345 ( 361 ) ရှိမြွက်ဆိုချက်ကိုပရီဗီကောင်စီကပင်ကိုးကားပြီးနောက်၊မြန်မာနိုင်ငံကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ၂၈ နှင့်ပြဌာန်းချက်ခြင်းတူသော  The  Indian  Limitation  Act၊ပုဒ်မ၂၈ကိုကိုးကားပြီး"၁၂ နှစ်ကျော်မြေကိုလက်ရှိထားသူသည်ပိုင်ရှင်ဖြစ်သွားသည်"ဟုဆုံးဖြတ်ထားသည်ကိုတွေ့မြင်နိုင်ပါသည်။



Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ