1948 BLR 717( 719 )
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
မြန်မာဗုဒ္ဓဘာသာအိမ်ထောင်တွင်မိဘတပါးပါးကွယ်လွန်သည့်အခါ၊
1948 BLR 717(719)
( Maung Pu vs. U Tha Hpye and four others )
( တရားဝန်ကြီးဦးသောင်းစိန်ကြားနာဆုံးဖြတ်သည် )
အမှုတွင်ညွှန်ပြထားသောအခြေအနေ၌ဩရသသားသမီးကကျန်ရစ်သူမိဘထံမှလည်းကောင်း၊ကျန်ရစ်သူမိဘနောက်အိမ်ထောင်ပြုသောအခါသားသမီးများသည်၊
7 Ran 193
( Ma Thein vs. Ma Mya and one )
( Before Sir Guy Rutledge , Kt . , K . C . , Chief Justice , and Mr . Justice Brown. )
7 Ran 240
( Ma Shwe Yu and others vs. Ma Kin Nyun and others. )
( Before Sir Guy Rutledge , Kt . , K . C . , Chief Justice , and Mr . Justice Carr. )
စီရင်ထုံးများအရထိုမိဘထံမှလည်းကောင်းအမွေတောင်းခွင့်ရရှိသည်ဖြစ်ရာ၊မရွှေ့မပြောင်းနိုင်သောပစ္စည်း၌ရရန်ရှိသောအမွေဝေစုကို၊ကာလစည်းကမ်းသတ်အက်ဥပဒေအမှတ်စဉ်၁၂၃တွင်သတ်မှတ်ထားသောကာလအတွင်းတောင်းဆိုရန်ဖြစ်သည်ဟု၊စီရင်ထုံးများတွင်တညီတညွတ်တည်းပြဆိုလာခဲ့ပြီးကာမှ၊၁၉၃၄ခုနှစ်တွင်ဆုံးဖြတ်သော
12 Ran 409
( Ma Pwa Thin vs. U Nyo and others )
( Before Sir Arthur Page , Kt . , Chief Justice , and Mr . Justice Shaw.)
အမှုတွင်၊အမှတ်စဉ်၁၄၄နှင့်သက်ဆိုင်သည်ဟုပြင်ဆင်ထုံးဖွဲ့လိုက်ရာယနေ့တိုင်လိုက်နာလျက်ရှိပါသည်။
1948 BLR 717အမှုမှာ၊တရားလိုဦးသာဖြေကအချင်းဖြစ်မြေကိုအမေမုဆိုးမ၊မသေခင်အမွေရတယ်ဆိုပြီးလက်ရောက်ရလိုမှုစွဲတာပါ။ဒါပေမဲ့မူလရုံးမှာဦးသာဖြေရဲ့ရှေ့နေကပြည့်ပြည့်စုံစုံစိစစ်ဟန်မတူပါဘူး။အမွေရတယ်လို့ဦးသာဖြေပြောတာကိုလွယ်လွယ်လက်ခံခဲ့ပုံပေါ်ပါတယ်။
မြန်မာဗုဒ္ဓဘာသာများအမွေခွဲကြတဲ့အခြေအနေကိုရှေ့နေကသိရပါမယ်။ဒါမှအမှုသည်ရဲ့ပြောပြချက်မှန်မမှန်ချိန်ဆနိုင်ပါမယ်။သံသယရှိရင်ပြည့်ပြည့်စုံစုံမေးမြန်းဖို့လိုပါမယ်။
မြန်မာဓလေ့ထုံးတမ်းဥပဒေအရ-
(၁)အဖေ၊အမေတဦးဦးကွယ်လွန်တဲ့အခါဩရသကျန်ရစ်ခဲ့ရင်အမွေရဲ့လေးပုံတပုံတောင်းနိုင်ပါတယ်။အမေသေရင်သမီးဩရသကတောင်းနိုင်တယ်။အဖေသေရင်ဩရသသားကတောင်းနိုင်တယ်။
(၂)ကျန်ရစ်သူမိဘ၊နောက်ထပ်အိမ်ထောင်ပြုရင်သားသမီးတွေကအမွေခွဲဝေပေးဖို့တောင်းနိုင်ပါတယ်။
1948 B . L . R . 717(719)မှာဒီအတိုင်းရှင်းပြထားပါတယ်။ဦးသာဖြေရဲ့အမေဒေါ်ကြုတ်ကနောက်ထပ်အိမ်ထောင်မပြုတဲ့အတွက်အမွေခွဲစရာအကြောင်းမပေါ်ပေါက်ပါဘူး။
ဒေါ်ကြုတ်ကအမွေခွဲဝေတယ်ထားဦး၊ဥပဒေအရအမွေခွဲတာမဟုတ်နိုင်တဲ့အတွက်အပိုင်ပေးတာပဲဖြစ်ရမယ်။အဲဒီလိုဆိုရင်မှတ်ပုံတင်အပိုင်ပေးစာချုပ်ချုပ်ဆိုမပေးပဲအပိုင်ပေးတာဟာခိုင်လုံမယ်မဟုတ်ပါဘူး။12 Ran. 283( လင်ချာလီပါ၂ နှင့် ပစ္စည်းထိန်းဝန် )အမှုကိုကြည့်ပါ။
အမှုမှာပေါ်လာတာကဒေါ်ကြုတ်မှာအခြားသားနှစ်ယောက်ရှိသေးတယ်။ဒီတော့ဦးသာဖြေကသုံးပုံတပုံပဲအများဆုံးပိုင်တဲ့သူဖြစ်တယ်။တရားလွှတ်တော်က၊ 1948 B . L . R . 717(720)မှာကျန်တဲ့ညီနှစ်ယောက်ဟာအမှုမှာပါဝင်ရမဲ့အမှုသည်တွေဖြစ်တဲ့အတွက်ဦးသာဖြေတယောက်တည်းလက်ရောက်ရလိုမှုမစွဲဆိုနိုင်ဘူးလို့ဆုံးဖြတ်ပါတယ်။
ပြောစရာတချက်ရှိပါတယ်။စီရင်ထုံးစာမျက်နှာ၇၂၀မှာ" brothers of the appellant"(အယူခံတရားလို၏ညီများ)ဆိုတာမှားပါတယ်။" brothers of the respondent"ဖြစ်ရပါမယ်။ဘာကြောင့်လဲဆိုတော့အယူခံတရားလိုဟာမောင်ပုဖြစ်ပြီး၊အယူခံတရားပြိုင်ဟာဦးသာဖြေဖြစ်ပါတယ်။
မောင်ပု နှင့် ဦးသာဖြေနှင့်အခြားသူများအမှုမှာ-
" In second appeal a new point of law which would affect the plaintiff 's right to institute the suit can be raised for first time. "
( ဒုတိယအယူခံတွင်တရားလိုအနေဖြင့်တရားစွဲဆိုခွင့်ကိုထိခိုက်စေမည့်ဥပဒေအချက်အလက်အသစ်ကိုပထမဆုံးအကြိမ်တင်ပြနိုင်သည်)လို့ထုံးဖွဲ့ပါတယ်။
အမှန်စင်စစ် 4 Ran. 500 ( မောင်စံရပါ၂ နှင့် မောင်စံဖေ )အမှုမှာဒီအတိုင်းထုံးဖွဲ့ထားတာကို၁၉၄၈ခုနှစ်မှာလိုက်နာဆုံးဖြတ်ထားပါတယ်။၁၉၂၇ခုနှစ်ကတည်းကကျင့်သုံးလာတဲ့အထက်ပါထုံးဖွဲ့မှုနဲ့ဆန့်ကျင်တဲ့စီရင်ထုံးဆိုလို့မရှိသေးပါဘူး။
အကြံပြုချင်တာကရှေ့နေရှေ့ရပ်တွေဟာ၊စီရင်ထုံးပေါင်းချုပ်ဖတ်ရုံနဲ့မလုံလောက်ပါဘူး။စီရင်ထုံးတွေကိုအကွက်စေ့စေ့ဖတ်မှနားလည်ပါမယ်။ရှေ့နေတဦးဟာ၁၉၂၃ခုနှစ်ကစပြီးထုတ်ဝေတဲ့ရန်ကုန်စီရင်ထုံးအတွဲ၁ကနေယခုနောက်ဆုံးထုတ်ဝေတဲ့စီရင်ထုံးအထိအနည်းဆုံးလေ့လာသင့်ပါတယ်။
1948 B . L . R . 717 စီရင်ထုံးမှာ၊ဦးသာဖြေဘာကြောင့်အမှုရှုံးရတယ်ဆိုတာစီရင်ထုံးခေါင်းစီးဖတ်ရုံနဲ့အပြည့်အစုံမသိနိုင်ပါဘူး။
Comments
Post a Comment