အကြောင်းပြချက်မရေးဘဲအယူခံကိုအကျဉ်းနည်းဖြင့်ပလပ်ခြင်းသည်လျော်ကန်သင့်မြတ်သလော

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


အကြောင်းပြချက်မရေးဘဲအယူခံကိုအကျဉ်းနည်းဖြင့်ပလပ်ခြင်းသည်လျော်ကန်သင့်မြတ်သလော


ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကအယူခံကိုအကြောင်းပြချက်မပြဘဲ၊အကျဉ်းနည်းဖြင့်ပယ်(ပလပ်)ပါသည်။


တရားမအထွေထွေအယူခံမှုကိုယခင်တရားလွှတ်တော်ကအကျဉ်းနည်းဖြင့်ပလပ်ရာ၌ရေးသားထားသောခုံရုံး​၏စီရင်ချက်ကို 1949 BLR ( H C ) 258 ( K . Yacoob Rowther and one  vs. V . K . Maimon Bibi and others )အမှု၌ထုံးပြုထားသည့်သာဓကရှိပါသည်။


( တရားသူကြီးချုပ်ဦးသိန်းမောင်ကစီရင်ထုံးစာမျက်နှာ၂၅၉မှ၂၆၂အထိ၊အကြောင်းအကျိုးပြရေးသားပြီး၊တရားသူကြီးဦးစံမောင်ကစီရင်ထုံစာမျက်နှာ၂၆၃မှ၂၆၄အထိ၊အကြောင်းအကျိုးပြရေးသားဆုံးဖြတ်ခဲ့သည်။)


ထို့အတူ၊တရားမပထမအယူခံမှုကိုယခင်တရားလွှတ်တော်ကအကျဉ်းနည်းဖြင့်ပလပ်ရာ၌ရေးသားထားသောခုံရုံး​၏စီရင်ချက်ကို 1950 BLR ( H C ) 304 ( Chow Yee [ a ] Ah Foon  vs. Kan Ah Kong and one )အမှု၌ထုံးပြုထားသည့်သာဓကရှိပါသည်။


( တရားသူကြီးချုပ်ဦးထွန်းဖြူနှင့်တရားသူကြီးဦးအုန်းဖေတို့ကအယူခံတရားလို​၏ရှေ့နေတဦးတည်းကိုကြားနာပြီးနောက်၊တရားသူကြီးချုပ်ဦးထွန်းဖြူတဦးတည်းကစီရင်ထုံးစာမျက်နှာ၃၀၄မှ၃၀၇အထိရေးသားပြီးစီရင်ချက်ချမှတ်သည်။)


1955 BLR ( HC )148 ( S. P. V. E. V. Valai Sami v. A. R. Chinnaya ) ( Before U San Maung , J. )အမှု၊စီရင်ထုံးစာမျက်နှာ၁၅၀၌၊တရားဝန်ကြီးဦးစံမောင်က၎င်းကြားနာသောတရားမဒုတိယအယူခံမှုကိုအကျဉ်းနည်းဖြင့်ပလပ်ကြောင်းအောက်ပါအတိုင်းစီရင်ချက်ရေးသားဆုံးဖြတ်ပါသည်-


"I have carefully read the judgments of both the Courts below and I am of the opinion that this is a fit case for the Courts below to pass a final decree without first passing a preliminary decree for accounts. The facts are so simple as to afford a ready decision by the Courts below. The points in dispute could very well have been decided without reference to a Commissioner for taking accounts.


I therefore see no reason for admitting this appeal and the same is dismissed summarily."


အယူခံကိုပလပ်ရသည့်အကြောင်းပြချက်များကိုဖတ်ရသောအယူခံတရားလိုအနေဖြင့်၊ဘဝင်ကျသည့်အကျိုးထူးကိုဖြစ်စေနိုင်ပါသည်။


အကြောင်းပြချက်များခိုင်လုံလျှင်ထပ်မံအယူခံဝင်မည်မဟုတ်တော့ပါ။


မခိုင်လုံပါကနောက်တဆင့်အယူခံဝင်နိုင်ရန်လမ်းဖွင့်ပေးရာရောက်မည်ဖြစ်သည်။


စီရင်ချက်ရေးခြင်းသည်၊တရားသူကြီးအသီးသီး​၏တာဝန်ဝတ္တရားများ​၏တစိတ်တဒေသဖြစ်သည်။


တရားမကျင့်ထုံးဥပဒေအမိန့်၄၁၊နည်း၁၁(၁)တွင်အယူခံကိုပလပ်နိုင်(ခွင့်ရှိ)သည်ဟုပြဌာန်းထားရာ၌၊စီရင်ချက်ရေးရန်မလိုဟုအတိအလင်းမဆို။အောက်ရုံး​၏အဆုံးအဖြတ်လုံးဝဥဿုံမှန်ကန်သည်ဖြစ်၍စွက်ဖက်ပြင်ဆင်ရန်မလိုကြောင်းတွေ့ရသဖြင့်၊အယူခံမှုကိုအမိန့်၄၁၊နည်း၁၁(၁)အရပလပ်ရာ၌၊အကြောင်းပြချက်ရေးရန်မလိုဟုစောဒကတက်နိုင်သည်မှာမှန်ပါသည်။


သို့သော်မြို့တမြို့​၏ရပ်ကွက်အတွင်းတည်ရှိသောမြေသည်လယ်ယာမြေဖြစ်ကြောင်းဆုံးဖြတ်ချက်မှာမှားယွင်းကြောင်း၊#သက်ဆိုင်ရာဥပဒေအကိုးအကားဖြင့်တင်ပြလျှောက်ထားသောရှေ့နေကိုကြားနာပြီးနောက်၊အယူခံဝင်သောအဆုံးအဖြတ်စင်းလုံးချောမှန်သည်ဟုဆုံးဖြတ်ရန်မဖြစ်နိုင်တော့။


အယူခံကိုပလပ်ခြင်းသည်အမိန့်၄၁၊နည်း၁၁(၁)ပါပြဌာန်းချက်များကို၊အလွဲသုံးစားပြုရာရောက်မရောက်အဆင့်ဆင့်သောအယူခံတရားရုံးများကဆင်ခြင်အပ်သည်။


တင်ပြသည့်ခိုင်လုံသောအကြောင်းပြချက်များမှန်မမှန်စီရင်ချက်ရေးသားဆုံးဖြတ်ခြင်းမပြုဘဲ၊အယူခံကိုအကျဉ်းနည်းဖြင့်ပလပ်ခြင်းသည်၊အောက်ရုံးအမှားကိုမသိကျိုးကျွန်ပြုရာမရောက်နိုင်ဘူးလားဆင်ခြင်သင့်သည်။


စီရင်ချက်မရေးဘဲအယူခံကိုဆုံးဖြတ်ခြင်းသည်၊စီရင်ထုံးစာအုပ်များတွင်တကူးတကဖော်ပြထားသော"တရားစီရင်ရာ၌အမှန်ကိုဆုံးဖြတ်ရုံမျှသာမကဘဲ၊ထိုသို့အမှန်တရားစီရင်ကြောင်းအများမြင်စေရာသည်"ဟူသောဆောင်ပုဒ်နှင့်၊ညီညွတ်ခြင်းရှိမရှိစောကြောသင့်သည်။


ကြောင်းကျိုးပြသောစီရင်ချက်များရေးသားစီရင်ခြင်းသည်၊အမှန်တရားကိုစီရင်ကြောင်းအများပြည်သူကိုမြင်သာစေသောနည်းတရပ်ဖြစ်သည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ