တရားမျှတခြင်း​၏အသီးအပွင့်များကိုခံစားနိုင်ရန်လူအမျိုးမျိုးအတွက်သီးခြားစံနှုန်းများမရှိနိုင်

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


တရားမျှတခြင်း​၏အသီးအပွင့်များကိုခံစားနိုင်ရန်လူအမျိုးမျိုးအတွက်သီးခြားစံနှုန်းများမရှိနိုင်။ 


9 LBR 114 ( P C )


Maung Kyin , since decased ( now - Represented by Maung Kyaw ) , and another   vs.  Ma Shwe La , since decased , and others 


Before Lord Dunedin , Lord Shaw , Lord Sumner , Sir John Edge and Mr . Ameer Ali . 


အမှု၊စာမျက်နှာ၁၃၆၌၊ပရီဗီကောင်စီက၊သာနာညီမျှမှုဆိုင်ရာသဘောတရားများကိုကမ္ဘာတလွှားကျင့်သုံးသည်


( The principle of equity are universal . )


ဟုဆိုပါသည်။


မရွှေလနှင့်အခြားသူများနှင့်မောင်ကျင်ပါ၂( 8 B . L . T . 104 )အမှုတွင်သက်သေခံအက်ဥပဒေပုဒ်မ၉၂သည်သူတပါး​၏ပစ္စည်းကိုလိမ်လည်လှည့်ဖြားသည့်သဘောဖြင့်စီမံခန့်ခွဲကြောင်းသက်သေထင်ရှားပြခြင်းကိုဖြစ်စေ၊အပြီးအပိုင်လွှဲပြောင်းပေးသည့်သဘောသက်ရောက်သောပစ္စည်းသည်အမှန်စင်စစ်လွှဲပြောင်းရာတွင်မပါသောအခြားသူပိုင်ဖြစ်သည်ကိုသိရှိကြောင်းသက်သေထင်ရှားပြခြင်းကိုမပိတ်ပင်ဟုထုံးဖွဲ့ထားသည်။


ဤအမှုကို 38 Indian Appeals 146တွင်လည်းကောင်း၊ 9 L . B . R . 114 ( 138 ) P . C . အမှုစာမျက်နှာ၁၂၂မှ၁၃၂အထိတွင်လည်းကောင်းဖော်ပြသည်။


အမှုမှာပရီးဗွီးကောင်စီသို့နှစ်ကြိမ်ရောက်ခဲ့ရာ၊ဒုတိယအကြိမ်အပြီးသတ်ဆုံးဖြတ်ချက်ကို၊ 9 L . B . R . 114 ( P C )၌ထုံးဖွဲ့သည်။


မောင်ကျင်ပါ၂နှင့်မရွှေလနှင့်အခြားသူများ၊ 9 L . B . R . 114 ( P C )အမှုတွင်၊ပိုင်ရှင်မောင်ဖြူသည်မိမိမြေကိုမောင်နီထံအပြီးအပိုင်ရောင်းသည့်အနေဖြင့်ပေါင်နှံ​၏။မောင်နီကလည်းအပေါင်ကိုအပြီးအပိုင်ရောင်းသည့်အနေဖြင့်မောင်မဲထံလွှဲပြောင်းသည်။မောင်ဖြူ၊မောင်နီနှင့်မောင်မဲတို့အားလုံးသည်မောင်မဲအနေဖြင့်မောင်နီ​၏အပေါင်ကိုလွှဲပြောင်းပေးခြင်းအားအပြီးအပိုင်ရောင်းသည့်အသွင်ဖြင့်ရယူစေရန်ရည်ရွယ်ခဲ့သည်။ထို့နောက်မောင်ဖြူသည်မိမိ​၏အပေါင်ရွေးနှုတ်ခွင့်ကိုမောင်နီအားလွှဲပြောင်းပေးသည်။မောင်မဲကမောင်နီအပေါ်လက်ရောက်ရလိုကြောင်းတရားစွဲဆိုရာမောင်နီနှင့်မောင်မဲတို့အချင်းချင်းပြုလုပ်သောကိစ္စသည်အရောင်းအဝယ်မဟုတ်ပဲအပေါင်ကိုလွှဲပေးခြင်းသာဖြစ်ကြောင်းပြရန်ကာယကံရှင်တို့​၏ပြုလုပ်မှုများ(လုပ်ရပ်များ)နှင့်အပြုအမူတို့နှင့်စပ်လျဉ်းသည့်သက်သေခံအထောက်အထားသည်သက်သေခံဝင်မဝင်ပြဿနာပေါ်ပေါက်သည်။


ဆုံးဖြတ်ချက်။  ။မောင်ဖြူကမောင်နီအားလွှဲပြောင်းမှုသည်အပေါင်ဖြစ်ကြောင်းသိလျက်နှင့်မောင်မဲကဝယ်ယူခဲ့သည်ကိုပြရန်သက်သေခံအထောက်အထားသည်သက်သေခံဝင်သည်။သို့ဖြစ်ရာမောင်မဲသည်ပေါင်နှံသူ​၏အခွင့်အရေးများကိုအထောက်အထားပြုလျက်ရယူခဲ့ခြင်းဖြစ်သည်။


သက်သေခံအက်ဥပဒေပုဒ်မ၉၂အရ"ထိုစာချုပ်ချုပ်ဆိုသူအချင်းချင်းဖြစ်စေ၊ထိုသူတို့​၏အကျိုး(အခွင့်အရေး)ကိုဆက်ခံသူတို့အချင်းချင်းဖြစ်စေ"ရေးသားထားသောစာချုပ်စာတမ်းချုပ်ဆိုသူကာယကံရှင်တို့​၏အကြံကိုအမှန်သိသာစေရန်ကိစ္စအလို့ငှာတင်ပြသောနှုတ်သက်သေခံသည်သက်သေခံမဝင်သော်လည်း၊အခြားသူနှင့်သက်ဆိုင်သောကိစ္စနှင့်စပ်လျဉ်းသည့်သက်သေခံအထောက်အထားတင်ပြလာတိုင်း၊ထိုပုဒ်မပါဥပဒေအရကန့်သတ်ချက်များ​၏အတားအဆီးမရှိပဲ၊တရားမျှတမှုနှင့်မွန်မြတ်သောအသိတရား(ဩတပ္ပတရား)ဆိုင်ရာသာမန်ဥပဒေများနှင့်သက်ဆိုင်လာသည်။


အမှုများကိုအမှန်အတိုင်းဆုံးဖြတ်ရန်မှာခြွင်းချက်မရှိမှန်ကန်သောဥပဒေသဖြစ်သည်။သို့ဖြစ်ရာအရောင်းအဝယ်စာချုပ်ချုပ်ဆိုထားလင့်ကစားအမှန်စင်စစ်အပေါင်သာဖြစ်သည်ဟုတရားရုံးများကအဆုံးအဖြတ်ပြုခြင်းကိုတားမြစ်ပိတ်ပင်သောဥပဒေဟူ၍မရှိ။ 9 L . B . R . 114 ( P C ) , 27 Indian Appeals 58 နှင့် 3 Ran 106 တို့သည်ထင်ရှားသောသာဓကအချို့ဖြစ်သည်။


သို့ရာတွင် 9 L . B . R . 114 စီရင်ထုံးစာမျက်နှာ၁၃၆၌ညွှန်ပြထားသည့်အတိုင်းဆုံးဖြတ်ချက်ချမှတ်နိုင်ရန်အလို့ငှာတရားရုံးတွင်ဆိုင်ရာအကြောင်းခြင်းရာများရှိရမည်။ထိုအကြောင်းခြင်းရာများကိုသက်သေခံဥပဒေနှင့်အညီသက်သေထင်ရှားပြရမည်ဖြစ်သည်။


သက်သေခံအက်ဥပဒေပုဒ်မ၉၂သည်မတရားမှုကိုဖြစ်စေတန်သလောက်ဖြစ်ကြောင်းမှုခင်းများကိုဆုံးဖြတ်ရသောတရားသူကြီးများရိပ်စားမိကြသည်။ 3 L . B . R . 100 ( F B )တွင်ဤအချက်ကိုထောက်ပြသည်။


အရောင်းအဝယ်စာချုပ်ချုပ်ဆိုထားသော်လည်းကာယကံရှင်တို့သည်အပေါင်အဖြစ်သာအကျိုးသက်ရောက်စေရန်ရည်ရွယ်ခဲ့ကြောင်းနှုတ်သက်သေခံတင်ပြခွင့်ကို 27 Indian Appeals စီရင်ထုံးအရတားမြစ်ပိတ်ပင်လိုက်ခြင်းကြောင့်အခက်အခဲနှင့်အမှန်ကိုမျက်ကွယ်ပြုရာရောက်မှုများပေါ်ပေါက်ရသည့်သာဓကကိုကြုံတွေ့ရသည်။


တဖက်တွင်ပုဒ်မ၉၂ပါပြဌာန်းချက်မျိုးမရှိပါကမမှန်သက်သေခံမှုနှင့်လိမ်လည်လှည့်ဖြားမှုများပိုမိုပေါ်ပေါက်လာနိုင်သည့်အန္တရာယ်လည်းရှိသည်။ပုဒ်မ၉၂ကိုပြဌာန်းထားခြင်းကအခက်အခဲပေါ်ပေါက်စေသည်ထက်တရားမျှတမှုကိုပိုမိုဖြစ်ထွန်းစေသည်ဟုအများကလက်ခံကြသည်။


9LBR114တွင်၊မူလပိုင်ရှင်မောင်ဖြူကအခင်းဖြစ်ပစ္စည်းများကိုမောင်နီအားရောင်းချသည့်သဘောသက်ရောက်အောင်ချုပ်ဆိုထားသောစာချုပ်များသည်အမှန်စင်စစ်အပေါင်ဖြစ်ကြောင်း၊သို့ဖြစ်၍မောင်နီကမောင်မဲအားထိုပစ္စည်းများကိုထပ်ဆင့်ရောင်းချသည့်သဘောသက်ရောက်သောစာချုပ်များချုပ်ဆိုစဉ်ကမောင်နီသည်ထိုပစ္စည်းများကိုမပိုင်ပဲမောင်ဖြူပိုင်သာဖြစ်သည်၊မောင်နီသည်မိမိပိုင်ပစ္စည်းများအဖြစ်စီမံခန့်ခွဲရန်မည်သည့်အခါကမျှကြံရွယ်ခြင်းမရှိခဲ့ကြောင်း၊မောင်မဲသိသည်ဟူသောသက်သေခံအထောက်အထားများသည်မောင်နီနှင့်မောင်မဲတို့တရားဆိုင်သောအမှု၌သက်သေခံဝင်သည်။


အကြောင်းမူမောင်ဖြူကမောင်နီအားပစ္စည်းများရောင်းချသည့်သဘောသက်ရောက်သည့်အနေဖြင့်ချုပ်ဆိုသောစာချုပ်များတွင်၊#မောင်မဲမပါ။ပုဒ်မ၉၂သည်စာချုပ်ချုပ်ဆိုသူများ(အမှုတွင်မောင်ဖြူနှင့်မောင်နီ)နှင့်ထိုသူတို့​၏အကျိုးကိုဆက်ခံသောသူတို့အချင်းချင်းနှုတ်သက်သေခံတင်ပြခြင်းကိုပိတ်ပင်သည်။


အခြားသူတို့(အမှုတွင်မောင်မဲ)အပေါ်နှုတ်သက်သေခံတင်ပြခြင်းကိုမပိတ်ပင်ဟုအကြောင်းပြကာအခင်းဖြစ်ပစ္စည်းများကိုမောင်မဲအားရောင်းချသည့်သဘောသက်ရောက်သောစာချုပ်များချုပ်ဆိုစဉ်ကမောင်နီသည်အပေါင်ခံသူသာဖြစ်ပြီးမောင်မဲအားလွှဲပြောင်းရောင်းချနိုင်သောပိုင်ဆိုင်မှုမရှိသဖြင့်မောင်မဲသည်မောင်နီအပေါ်ဝယ်သူဟုဆိုကာဝယ်ယူသည့်သဘောသက်ရောက်သောပစ္စည်းများကိုလက်ရောက်ရလိုကြောင်းမစွဲဆိုနိုင်ဟုဆုံးဖြတ်သည်။ 5 Ran 836 နှင့် 6 Ran 741 တို့တွင်လည်းအလားတူဆုံးဖြတ်သည်။


9 L . B . R . 114 အမှုတွင်၊မူလပိုင်ရှင်မောင်ဖြူနှင့်မောင်နီတို့ချုပ်ဆိုကြသည့်အရောင်းအဝယ်စာချုပ်များ​၏သဘာဝအမှန်တည်းဟူသောအပေါင်ကိုဖော်ထုတ်ရန်နှုတ်သက်သေခံတင်ပြခွင့်ရရှိသဖြင့်မောင်နီသည်မောင်မဲအားအခင်းဖြစ်ပစ္စည်းများကိုအပေါ်ယံအမြင်အားဖြင့်ရောင်းချသည့်သဘောရှိသောစာချုပ်များချုပ်ဆိုစဉ်ကပိုင်ရှင်မဟုတ်၍မောင်မဲသည်ပိုင်ရှင်ဖြစ်မလာနိုင်ကြောင်းထပ်ဆင့်၍အမှန်ကိုဖော်ထုတ်နိုင်သည်။


မောင်နီနှင့်မောင်မဲတို့အခင်းဖြစ်စာချုပ်များချုပ်ဆိုပြီးနောက်မောင်ဖြူကမောင်နီအားအပေါင်ရွေးနှုတ်ခွင့်ကိုရောင်းချလိုက်ရာ(ထိုသို့ရောင်းချခြင်းသည်ပင်လျှင်ကနဦးကမောင်ဖြူနှင့်မောင်နီတို့ချုပ်ဆိုခဲ့သောစာချုပ်များမှာအရောင်းအဝယ်စာချုပ်များမဟုတ်ဘဲအပေါင်များသာဖြစ်ကြောင်းသိသာထင်ရှားစေသည်)


မောင်ဖြူသည်အပေါင်ခံသော(စာချုပ်များအရရောင်းချသည့်သဘောသက်ရောက်သည်)ပစ္စည်းများ​၏ပိုင်ရှင်ဖြစ်လာသည့်အပြင်လက်ရောက်လည်းရရှိသွားခြင်းကြောင့်နောက်ပိုင်းတွင်မောင်မဲကမောင်နီအပေါ်လက်ရောက်ရလိုမှုစွဲဆိုခြင်းဖြစ်သည်။


မောင်နီကမောင်မဲအားအရောင်းအဝယ်သဘောသက်ရောက်သည့်စာချုပ်များချုပ်ဆိုပြီးနောက်မောင်နီသည်မူလပိုင်ရှင်ထံမှအပေါင်ရွေးနှုတ်ခွင့်ကိုဝယ်ယူလိုက်ခြင်းဖြင့်ပိုင်ရှင်ဖြစ်လာသည်ဖြစ်ရာမောင်မဲသည်ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၄၃​၏အကျိုးကိုခံစားခွင့်ရှိမရှိ 9 L . B . R . 114တွင်ပထမအယူခံရုံးဖြစ်သည့်တရားရုံးချုပ်ကစဉ်းစားသည်။


အပြီးအပိုင်ရောင်းချခြင်းမှာအစစ်အမှန်ဖြစ်ပါမူပုဒ်မ၄၃​၏အကျိုးကိုခံစားခွင့်ရှိမည်ဖြစ်ကြောင်း၊စာမျက်နှာ၁၂၄တွင်သုံးသပ်သည်။


အပေါင်ဖြစ်လျှင်မူအကျိုးခံစားခွင့်မရှိဟု၊စာမျက်နှာ၁၂၆တွင်ရှင်းပြသည်။


အကြောင်းမှာမောင်မဲသည်အပေါင်ခံခြင်းဖြင့်ပိုင်ဆိုင်ခွင့်titleမရနိုင်သဖြင့်၊အပေါင်ခံပြီးနောက်ပိုင်ရှင်ဖြစ်လာသောမောင်နီထံမှ၊ပိုင်ဆိုင်ခွင့်သက်ဝင်သော(အန္တောဂတဝင်သော)၊လက်ရောက်ရလိုကြောင်းအရေးမဆိုနိုင်။


သက်သေခံအက်ဥပဒေပုဒ်မ၉၂​၏ခြွင်းချက်၆အရဆိုလျှင်မောင်မဲနှင့်မောင်နီတို့ချုပ်ဆိုသောအရောင်းအဝယ်စာချုပ်ပါအရေးအသားသည်ပကတိတည်ရှိလျက်ရှိသောအကြောင်းခြင်းရာများနှင့်မည်သို့ဆက်စပ်လျက်ရှိကြောင်းအကြောင်းခြင်းရာများကိုသက်သေထင်ရှားပြနိုင်သည်ဖြစ်ရာထိုစာချုပ်များချုပ်ဆိုစဉ်ကမောင်နီသည်ပိုင်ရှင်အဖြစ်သို့မရောက်သေး၊တနည်းအားဖြင့်၊ပိုင်ရှင်အစစ်အမှန်သည်မောင်ဖြူဖြစ်သည်ဟူသောပကတိတည်ရှိနေသောအကြောင်းခြင်းရာနှင့်၊အခင်းဖြစ်စာချုပ်များမည်သို့ဆက်စပ်လျက်ရှိကြောင်းပြသောအကြောင်းခြင်းရာတို့မှာသက်သေခံဝင်သည်ဖြစ်၍၊မောင်နီနှင့်မောင်မဲတို့ချုပ်ဆိုသောစာချုပ်များသည်အပေါင်စာချုပ်များဖြစ်ကြောင်း၊ 27 Indian Appeals 58 တွင်လမ်းညွှန်ထားသည့်အတိုင်းထိုအကြောင်းခြင်းရာတို့နှင့်စပ်ဟပ်ပြီးဆုံးဖြတ်နိုင်မည်ဖြစ်သည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ