ဥပဒေကျမ်းများတွင်အမှန်တရားပေါ်ထွန်းရေးသည်ရည်ရွယ်ချက်ဖြစ်သည်
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
စာရေးသူသည် AIR Commentaries ၊တရားမကျင့်ထုံးဥပဒေကျမ်း၊ပစ္စည်းလွှဲပြောင်းခြင်းဥပဒေကျမ်းနှင့်ကာလစည်းကမ်းသတ်အက်ဥပဒေကျမ်းများကို၊တရားရုံးချုပ်ပိဋကတ်တိုက်တွင်လေ့လာခွင့်ရခဲ့သည်။အချို့ရှေ့နေကြီးများ၌ထိုကျမ်းများရှိသည်ကိုသတိထားမိသည်။
မန္တလေးမြို့မှရှေ့နေဦးမြစိန်(မြန်မာဓလေ့ထုံးတမ်းဥပဒေကိုပြုစုသူ)သည်၎င်း၏ဆရာ Mr Bose(စီရင်ထုံးများတွင်၎င်းလိုက်ပါသောအမှုများကိုတွေ့မြင်နိုင်သည်)ဌာနေပြန်ရာမှရရှိလိုက်သောကျမ်းများတွင်၊တရားမကျင့်ထုံးဥပဒေကျမ်း( AIR Commentaries )များပါဝင်သည်။
ဥပဒေကျမ်းများတွင်အမှန်တရားပေါ်ထွန်းရေးသည်ရည်ရွယ်ချက်ဖြစ်သည်။
ဥပဒေပညာရှင်အကျော်အမော်ဒေါက်တာဧမောင်က(၁၉၇၀ပြည့်နှစ်ထုတ်)မြန်မာဗုဒ္ဓဘာသာတရားဥပဒေကျမ်းစာမျက်နှာ၂၁၉တွင်၊ 1966 BLR 27 ( C C )( Maung Khet and two others vs. Ma Yin )( တရားသူကြီးဦးစိန်သင်းကြားနာဆုံးဖြတ်သည် )စီရင်ထုံးကိုပြန်လည်ဆင်ခြင်သင့်ကြောင်းအောက်ပါအတိုင်းပြဆိုထားသည်-
Maung Khet vs. Ma Yin ( 1966 C . C . 27 ) is a difficult decision by a single Judge of the Chief Court . The Learned Judge explicity accepts the principle that the kittima child loses all rights of inheritance in his natural family which has as its basis the view that he drops out of his family .
It is obvious , also , that the Learned Judge accepts the principles laid down by the Privy Council decision in Maung Sein Shwe vs. Maung Sein Gyi ( 13 Ran. 69 ) and the Full Bench decision of the High Court of Judicature at Rangoon in Maung Thein vs. U Tha Byaw ( 1939 Ran. 341 ) that apart from the question relating to Orasa( ဩရသ )rights , the kittima( ကိတ္တိမ ) enjoys all the rights of a natural son of the adopter including rights of inheritance in the estate of ancestors and collaterals of the adoptive parent .
However , the Learned Judge held that it could not " be taken to mean that for all purposes the adoptee must be identified with the interest of the adopted family alone. "
The Learned Judge took the view that " the adoptee should not be regarded as a stranger to his natural relatives for the purpose of determining the question as to who should inherit his estate. "
It would appear that the Learned Judge considered the adoptee to be a member of both the adoptive family and his natual family concurrently , for the special purpose of determining who inherits his estate .
This is apparent from the Learned Judge's conclusion that the kittima's natural sister is of nearer kinship to him than the grandchildren of his adoptive parents , who , in other words , are his nephews and nieces by adoption.
This involves recognition of the principle of dual membership of the kittina in his natural family and in the adoptive family , as , otherwise , there would be no need to make a comperative assessment of nearness of kinship as between a natural sister and adoptive nephews and nieces .
Dual family relationship appears to be unknown to Burmese Buddhist Law and the Learned Judge's dictum was an ipse dixit , which clearly calls for further consideration in an appropriate case .
The decision in Daw Hla Shin vs. Daw Aye Khin [ 1957 BLR ( H C ) 242 ] is of interest in that the High Court allowed a natural sister of an insane brother who had been adopted into another family , to inherit his estate on the ground , not of proximity of relationship , but , on the ground that he , having no other heir , was looked after and his funeral ceremonies carried out by such natural sister .
မောင်ခက်နှင့်မရင်အမှု( ၁၉၆၆ မတစ ၂၇ )အမှုတွင်၊ကွယ်လွန်သူမွေးစားသားကို၊ညီမအရင်းကနာစဉ်၌ပြုစုခဲ့၍နှမအရင်းသည်မွေးစားမိဘဘက်မှတော်စပ်သည့်တဝမ်းကွဲညီအစ်ကိုမောင်နှမများထက်မွေးစားသား၏အမွေကိုရခွင့်ရှိသည်ဟုဆုံးဖြတ်ခြင်းမှာခြွင်းချက်မျှသာဖြစ်သည်။ယင်းအမှု၌မွေးစားသားတွင်ပိုမိုနီးစပ်သည့်အမွေစားအမွေခံမကျန်ရစ်ခဲ့၍ဆုံးဖြတ်ခြင်းဖြစ်သည်။
မွေးစားသားသမီးများသည်မွေးစားမိဘနှင့်မွေးစားမိဘဆွေမျိုးများထံမှအမွေဆက်ခံခွင့်ရှိသည်ဆိုသောဥပဒေသမှာမြန်မာဓလေ့ထုံးတမ်းအမွေခန်းဥပဒေ၏အခြေခံတရပ်ဖြစ်သည်။ထိုဥပဒေသဘောကို၊မသော် နှင့် မစိန်အမှု( ၅ အောက်မြန်မာပြည်စီရင်ထုံးများ စာ-၈၉ )၊မောင်သိန်း နှင့် မောင်သာဗျောအမှု( ၁၉၃၉ ရန်ကုန် ၁၄၁ )၊မောင်ခက် နှင့် မရင်အမှု( ၁၉၆၆ မတစ ၂၇ )၊ဒေါ်သန်းခင် နှင့် ဒေါ်နွဲ့နွဲ့ခင်အမှု( ၁၉၉၀ မတစ ၁၁၉ )တွင်ကြည့်ပါ။
Comments
Post a Comment