ဒေါ်ခင်ပု နှင့် ဒေါက်တာသာမြ [ ၁၉၄၉ မတစ ( တရားလွှတ်တော် ) ၂၈၃ ( စုံညီ ) ]

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ

ဒေါ်ခင်ပုနှင့်ဒေါက်တာသာမြ၊ ၁၉၄၉ မတစ ( တရားလွှတ်တော် )၂၈၃( စုံညီ )အမှုတွင်၊မြန်မာဗုဒ္ဓဘာသာဒေါက်တာသာမြကမယားဖြစ်သူဒေါ်ခင်ပုအားသုံးနှစ်ကျော်စွန့်ပစ်ပြီးဖြစ်၍၊ဒေါ်ခင်ပုသည်မိမိမယားမဟုတ်တော့ကြောင်းမြွက်ဟကြေညာပေးရန်နှင့်၊အခြားသက်သာခွင့်များရလိုကြောင်းတရားစွဲဆိုသည်။

အမှုစွဲဆိုစဉ်အခါက၊လင်ကမယားကိုဖြစ်စေ၊မယားကလင်ကိုဖြစ်စေ၊သတ်မှတ်ကာလကြာစွန့်ပစ်လျှင်၊လင်မယားအဖြစ်မှအလိုအလျောက်ရပ်စဲသွားသည်၊ဟုပြဆိုသော၊မညွန့် နှင့် မောင်စံသိန်း၊ရန်ကုန်အတွဲ၅၊စာ၅၃၇(စုံညီ)စီရင်ထုံးအပေါ်အခြေခံ၍၊ဒေါက်တာသာမြကမိမိသည်ဒေါ်ခင်ပုအားသုံးနှစ်ကျော်စွန့်ပစ်ခဲ့ခြင်းကြောင့်သို့မဟုတ်မိမိမယားကတနှစ်ကြာစွန့်ပစ်ခြင်းကြောင့်၊ဒေါ်ခင်ပုသည်မိမိ​၏မယားမဟုတ်တော့ဟုအကြောင်းပြစွဲဆိုခြင်းဖြစ်သည်။

တရားလွှတ်တော်ကမညွန့်စီရင်ထုံးကိုပယ်ဖျက်ပြီး၊ဒေါက်တာသာမြနှင့်ဒေါ်ခင်ပုတို့၊#လင်မယားအဖြစ်မှအလိုအလျောက်ရပ်စဲခြင်းမရှိဟုဆုံးဖြတ်သဖြင့်၊တရားလိုဒေါက်တာသာမြအမှုရှုံးသည်။

တရားလွှတ်တော်အဆုံးအဖြတ်ကိုတရားလွှတ်တော်ချုပ်က၊ဒေါက်တာသာမြ နှင့် ဒေါ်ခင်ပု၊၁၉၅၁ မတစ ၁၀၈အမှုတွင်အတည်ပြုရာ၌၊စွန့်ပစ်ခံရသူကလင်မယားပြတ်စဲလိုသောမိမိဆန္ဒကိုအတိအလင်းဖြစ်စေ၊ထိုဆန္ဒကိုညွှန်ပြသောအပြုအမူဖြင့်ဖြစ်စေတုံ့ပြန်မှသာ၊လင်ခန်းမယားခန်းပြတ်စဲသည်ဟုပြဆိုပြီး၊စီရင်ထုံးစာမျက်နှာ၁၃၂၌ဒေါ်ခင်ပုသည်ထိမ်းမြားခြင်းအနှောင်အဖွဲ့ကိုဖြတ်လိုသည့်မိမိ​၏ဆန္ဒကိုနှုတ်ဖြင့်ဖြစ်စေ၊အပြုအမူဖြင့်ဖြစ်စေပြခဲ့ကြောင်း၊တရားလိုဒေါက်တာသာမြကအဆိုမပြု။တဖက်တွင်၊ဒေါ်ခင်ပုကထိုနှောင်ကြိုးတည်မြဲတည်ရှိကြောင်းအခွင့်အရေးရတိုင်းအခိုင်အမာဖော်ထုတ်ခဲ့သည်။

( It has not been pleaded by him that the respodent either by word or conduct evinced any desire to have the marriage bond dissolved . On the contrary , the respondent has taken every opportunity to assert the subsistence of the bond. )ဟုအကြောင်းပြသည်။

ဒေါ်ခင်ပုသည်တရားစွဲဆိုသည့်နေ့တွင်၊ဒေါက်တာသာမြမယားဖြစ်မြဲဖြစ်နေသေးခြင်းကြောင့်၊ဒေါက်တာသာမြတောင်းဆိုချက်ကိုအရှုံးပေးဆုံးဖြတ်သည်။

ဒေါက်တာသာမြစွဲဆိုသောအမှုတွင်ဒေါ်ခင်ပုသည်လင်မယားပြတ်စဲလိုသောဆန္ဒကိုဒေါက်တာသာမြတရားမစွဲဆိုမီတုံ့ပြန်ခဲ့ခြင်းမရှိ၍လင်မယားဖြစ်မြဲဖြစ်နေသည့်အလျောက်ဒေါက်တာသာမြစွဲဆိုသောအမှုရှုံးနိမ့်ရခြင်းဖြစ်သည်။

အကယ်၍သာစွန့်ပစ်ခံရပြီးအနည်းဆုံးသုံးနှစ်အကြာ၌ဒေါ်ခင်ပုသည်လင်ခန်းမယားခန်းပြတ်စဲလိုသောမိမိ​၏ဆန္ဒကိုထုတ်ဖော်ခဲ့သည့်အပြင်၊ဒေါက်တာသာမြကဒေါ်ခင်ပုအားထောက်ပံ့မှုလည်းမရှိခဲ့လျှင်၊ထိုသို့ထုတ်ဖော်သည်နှင့်တပြိုင်နက်လင်ခန်းမယားခန်းပြတ်စဲသွားမည်ဖြစ်၍ဒေါက်တာသာမြစွဲဆိုသောအမှုနိုင်ချေရှိသည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ