စွန့်ပစ်ခြင်းကိုအကြောင်းပြုပြီးလင်မယားကွာရှင်းပေးရန်တရားစွဲဆိုနိုင်သလား
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
စွန့်ပစ်ခြင်းကိုအကြောင်းပြုပြီးလင်မယားကွာရှင်းပေးရန်တရားစွဲဆိုနိုင်သလော
မနုကျယ်ဓမ္မသတ်၊ပဉ္စမတွဲ၊ပုဒ်မ၁၇ပါအဆိုအမိန့်သည်အောက်ပါအတိုင်းဖြစ်သည်-
"အကြင်လင်နှင့်မယားအတူတကွနေရာ၊မယားကိုလင်မလိုဟုဆင်းသွား၍သုံးနှစ်ပတ်လုံးဟင်းရွက်တရွက်၊ထင်းတချောင်းမျှမပေးကြာလေ၏။သုံးနှစ်စေ့လျှင်နှစ်ယောက်စလုံး၊မယားလင်အခြားနေပိုင်ကြစေ။လင်ကိုမယားမနှစ်သက်၍အတူနေရာကဆင်းသွား၍တနှစ်ပတ်လုံးဟင်းရွက်တရွက်၊ထင်းတချောင်းမျှမပေးနေ၏။နှစ်ဦးမယားလင်နေပိုင်ကြစေ။ငလင်၊ငမယားမဆိုသာ။ကွာပိုင်နေပိုင်စေ။"
မြန်မာ့စီရင်ထုံးသမိုင်းတွင်အထက်ပါအဆိုအမိန့်ကိုအဓိပ္ပာယ်ကောက်ယူရာ၌စီရင်ထုံးများမတည်မငြိမ်ဖြစ်ခဲ့သည်။"င(ငါ့)လင် င(ငါ့)မယား မဆိုသာ၊ကွာပိုင်နေပိုင်စေ"ဟူသောစကားရပ်ပါ၊ကွာသည်၊ကွာရှင်းသည်ဟုအဓိပ္ပာယ်ရသည်။
မြန်မာစာအဖွဲ့ဦးစီးဌာနကထုတ်ဝေသောမြန်မာအဘိဓာန်(ဒုတိအကြိမ်ပြင်ဆင်ဖြည့်စွက်ပုံနှိပ်ခြင်း)စာမျက်နှာ၄၀ကိုကြည့်ပါ။ထိုစာမျက်နှာတွင်ပင်၊ကွာရှင်း(ကြိယာ)ကို၊လင်မယားအဖြစ်မှပြတ်စဲသည်ဟုအဓိပ္ပာယ်ဖွင့်ဆိုသည်။
ဒေါ်ခင်ပု နှင့် ဒေါက်တာသာမြ၊၁၉၄၉မတစ(တရားလွှတ်တော်)၂၈၃(စုံညီ)အမှုတွင်၊စီရင်ထုံးစာမျက်နှာ၃၁၂၌၊မနုကျယ်ဓမ္မသတ်ပုဒ်မ၁၇ပါ၊ကွာ(separate)ကိုပို၍တိတိကျကျဆိုရလျှင်၊ကွာရှင်း(divorce)ဟုပြဆိုထားသည်ကိုတွေ့မြင်နိုင်သည်။
ပုဒ်မ၁၇ပါ၊ကွာပိုင်စေ၊ဟူသောစကားရပ်ကို" let them have the right to divorce."(၎င်းတို့ကွာရှင်းခွင့်ရစေ)ဟုအဓိပ္ပာယ်ဖွင့်ဆိုသည်။
ဒေါ်ခင်ပုအမှုတွင်စွန့်ပစ်ခံရသူကထိမ်းမြားခြင်းကိုတရားဝင်ဖျက်သိမ်းသည့်အနေဖြင့်မှတ်ယူခွင့်( the right to treat the marriage as dissolved )ဟုပြဆိုသည်။
Comments
Post a Comment