မဒွန်းမယ် နှင့် မောင်စံထွန်း

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


မဒွန်းမယ်နှင့်မောင်စံထွန်း၊

၁၉၃၈ခုနှစ်ရန်ကုန်စီရင်ထုံးများစာ၂၂၉စီရင်ထုံးတွင်-

"လင်မယားကွာရှင်းပေးစေရန်သင့်မြတ်စွာတရားစွဲဆိုသောအမှုတွင်၊တရားစွဲဆိုရန်အကြောင်းမှာမယားဖြစ်သူမျောက်မထားခြင်းဖြစ်ပါက၊ခင်ပွန်းဖြစ်သူသည်မယားလင်ငယ်နေခြင်းကိုအခိုင်အမာပြဆိုရာတွင်အောင်မြင်ပါလျှင်၊ပူးတွဲပိုင်သည့်ပစ္စည်းတရပ်လုံးရထိုက်ကြောင်းကြေညာသည့်ဒီကရီရခွင့်ရှိသည်။


( In a properly constituted action for divorce , where the cause of action is the adultery of the wife , the husband , if successful in establishing the adultery , has a right to a decree declaring him to be entitled to the whole of the joint property . )

ဟူ၍ထုံးဖွဲ့ထားသည်။


မဒွန်းမယ်အမှုစီရင်ထုံးအရ၊လင်ငယ်နေသူမယားသည်လင်မယားပိုင်ပစ္စည်းအရပ်ရပ်တို့ကိုလက်လွတ်ဆုံးရှုံးပြီး၊တရားစွဲဆိုသူတရားလိုခင်ပွန်းသည်လင်မယားပိုင်ပစ္စည်းများကိုလက်ရောက်ရထိုက်ခွင့်ရှိမည်ဖြစ်သည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ