တရားမကျင့်ထုံးဥပဒေအမိန့်၄၁၊နည်း၁၁အရအယူခံကိုပလပ်ရာတွင်စီရင်ချက်ရေားလေ့မရှိ

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


တရားမကျင့်ထုံးဥပဒေအမိန့်၄၁၊နည်း၁၁အရအယူခံကိုပလပ်ရာတွင်၊စီရင်ချက်ရေးလေ့မရှိသဖြင့်၊အယူခံတရားရုံး​၏ဒီကရီကိုနောက်တဆင့်မြင့်သည့်တရားရုံးချုပ်သို့အယူခံဝင်ရာ၌အကြောင်းပြရန်အခက်အခဲအနည်းနှင့်အများတွေ့ရတတ်သည်။


သို့သော်လည်း

 1949 BLR ( HC )258

 ( K. YACOOB ROWTHER and one  vs. V . K . MAIMON  BIBI and others )

အမှုတွင်၊တရားသူကြီးချုပ်ဦးသိန်းမောင်နှင့်တရားဝန်ကြီးဦးစံမောင်တို့က၊အယူခံတရားလို​၏ရှေ့နေတဦးတည်းကိုကြားနာပြီးနောက်၊အကြောင်းအကျိုးပြကာ၊အယူခံကိုအကျဉ်းနည်းပလပ်ကြောင်းအမိန့်ချမှတ်သည်။


တရားသူကြီးချုပ်ဦးသိန်းမောင်ကစီရင်ထုံးစာမျက်နှာ၂၅၉မှ၂၆၂အထိလည်းကောင်း၊တရားဝန်ကြီးဦးစံမောင်ကစီရင်ထုံးစာမျက်နှာ၂၆၃မှ၂၆၄အထိလည်းကောင်း၊အကျိုးအကြောင်းပြစီရင်ချက်ရေးသားကာ၊အယူခံကိုအကျဉ်းနည်းပလပ်ကြောင်းအမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။


အထူးလေ့လာမှတ်သားသင့်သောစီရင်ထုံးတခုဖြစ်သည်။


တရားသူကြီးချုပ်ဦးသိန်းမောင်ကအကျိုးအကြောင်းပြပြီးအောက်ပါအတိုင်းဆုံးဖြတ်သည်-


"တရားလိုကမိမိသည်မိမိမန်နေဂျာစီမံအုပ်ချုပ်လျက်ရှိသောအင်ဂိုရာဟိုတယ်ကိုလက်ရှိဖြစ်သောတဦးတည်းပိုင်ရှင်ဖြစ်ကြောင်း၊တရားပြိုင်များသည်လိမ်လည်လှည့်ဖြား၍တလွဲပြောဆိုကာမိမိထံမှသဘောတူညီချက်ရရှိထားသည်ဟုဆိုကာအဆိုပါသဘောတူညီချက်ပျက်ပြယ်ကြောင်းမြွက်ဟကြေညာပေးစေရန်တရားစွဲဆိုသည်။တရားပြိုင်တို့ကမိမိတို့သည်ဟိုတယ်ပူးတွဲပိုင်ရှင်များဖြစ်သည်ဟုဆိုကာတရားလိုကမြွက်ဟကြေညာချက်သက်သက်စွဲဆိုခြင်းကိုဆိုင်ပြိုင်သည်။တရားပြိုင်များလက်ရောက်ရလိုမှုစွဲဆိုခြင်းမပြု။အပြန်အလှန်တောင်းဆိုမှုလည်းမပြု။သို့ရာတွင်ဟိုတယ်ကိုတာဝန်ယူ၍ဆက်လက်လုပ်ကိုင်ရန်အတွက်ပစ္စည်းထိန်းခန့်အပ်ပေးရန်လျှောက်ထားသည်။


ဆုံးဖြတ်ချက်။    ။ဤအမှုတွင်ဟိုတယ်လက်ရှိဖြစ်မှုသည်အမှုသည်များအချင်းချင်းအငြင်းပွားသောအကြောင်းအရာမဟုတ်။သို့ဖြစ်၍တရားရုံးသည်အမှုသည်တို့လက်ရှိဖြစ်ခြင်းကိုအနှောင့်အယှက်မပြုသင့်။တရားလို​၏အမှုကိုပလပ်လိုက်ခြင်းသည်ဟိုတယ်လက်ရှိဖြစ်မှုကိုမည်သည့်နည်းနှင့်မျှထိခိုက်မည်မဟုတ်။ပစ္စည်းထိန်းသည်ဟိုတယ်လုပ်ငန်းကိုလုပ်ကိုင်ရန်မဖြစ်နိုင်ကြောင်းတွေ့ရှိနိုင်သည်ဖြစ်၍တရားရုံးကပစ္စည်းထိန်းခန့်အပ်ရန်မသင့်။"


တရားဝန်ကြီးဦးစံမောင်ကအကျိုးအကြောင်းပြပြီးအောက်ပါအတိုင်းဆုံးဖြတ်သည်-


"အမှု​၏အချင်းဖြစ်အကြောင်းအရာသည်သဘောတူညီချက်ခိုင်လုံသည်မခိုင်လုံသည်ဟူသောကိစ္စဖြစ်သည်။သဘောတူညီချက်ပါဟိုတယ်မဟုတ်။မြွက်ဟကြေညာချက်သက်သက်အတွက်စွဲဆိုသောအမှုတွင်တရားရုံးသည်မြွက်ဟကြေညာချက်ဒီကရီ​၏အချင်းဖြစ်ပစ္စည်းအတွက်ပစ္စည်းထိန်းခန့်အပ်ပေးနိုင်သည်။သို့ရာတွင်အချင်းဖြစ်ပစ္စည်းမှာအငြင်းပွားသောအကြောင်းအရာမဟုတ်လျှင်ခန့်အပ်ခြင်းမပြုနိုင်။တားဝရမ်းထုတ်ဆင့်ခြင်းဖြင့်ရလိုသောသက်သာခွင့်သည်တရားလိုတောင်းဆိုသောသက်သာခွင့်နှင့်အကြောင်းသင့်ဆက်စပ်နေခြင်းမရှိလျှင်သို့မဟုတ်တရားလိုတောင်းဆိုသောသက်သာခွင့်မှမပေါ်ပေါက်လျှင်အပြန်အလှန်တောင်းဆိုခြင်းမပြုသောတရားပြိုင်သည်တရားလိုအပေါ်တားဝရမ်းရလိုကြောင်းလျှောက်ထားခြင်းမပြုနိုင်။ဤမူသဘောတရားကိုပစ္စည်းထိန်းကိစ္စတွင်လည်းကျင့်သုံးသင့်သည်။"

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ