လင်မယားအဖြစ်မှပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ

လင်မယားအဖြစ်မှပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဒေါ်ခင်ပု နှင့် ဒေါက်တာသာမြ၊၁၉၄၉မတစ(တရားလွှတ်တော်)၂၈၃(စုံညီ)အမှုတွင်၊စီရင်ထုံးစာမျက်နှာ၃၁၅၌မြန်မာဗုဒ္ဓဘာသာအချင်းချင်းတွင်လင်ခန်းမယားခန်းသည်အောက်ပါတနည်းနည်းဖြင့်ပြတ်စဲသွားနိုင်သည်ဟုပြဆိုထားသည်။

(က)နှစ်ဦးသဘောတူကွာရှင်းခြင်း။

(ခ)အပြစ်ကျူးလွန်သူလင်(သို့မဟုတ်)မယားကသတ်မှတ်ကာလကြာစွန့်ပစ်ခြင်းနှင့်စွန့်ပစ်ခံရသူကလင်မယားပြတ်စဲလိုသောဆန္ဒကိုဖော်ထုတ်သောနောက်ပိုင်းအပြုအမူအရပြတ်စဲခြင်း။

(ဂ)ဖောက်ပြားခြင်း၊ရက်စက်ခြင်းစသည့်အိမ်ထောင်ရေးပြစ်မှုသက်သေထင်ရှားခြင်းကြောင့်စီရင်ပိုင်ခွင့်အာဏာရတရားရုံးကချမှတ်သောဒီကရီအရခွင့်ပြုသောကွာရှင်းခြင်း။

တရားရုံးကကွာရှင်းဒီကရီချမှတ်နိုင်ရန်လိုအပ်သည့်အိမ်ထောင်ရေးပြစ်မှုများတွင်၊စွန့်ပစ်ခြင်းကိုမထည့်ဘဲသီးခြားဖော်ပြထားခြင်းက၊စွန့်ပစ်ခြင်းကိုအကြောင်းပြုပြီးကွာရှင်းသည့်ကိစ္စတရားဝင်စေရန်၊ဒီကရီမလိုအပ်မှုကိုညွှန်ပြသည်။

တဦးကသတ်မှတ်ကာလကြာစွန့်ပစ်ပြီးကျန်တဦးကလင်မယားပြတ်စဲလိုသောမိမိ​၏ဆန္ဒကိုတနည်းနည်းဖြင့်ဖော်ထုတ်သောအခါလင်ခန်းမယားခန်းပြတ်စဲသွားသည်ဖြစ်၍တရားရုံး​၏ဒီကရီမလို။

၁၈၇၆ခုနှစ်တွင်စီရင်သော၊မ(မိ)နှင်းနုံ နှင့် မောင်(င)အောင်ပါ၂၊ SJLB 73အမှုတွင်၊#မြန်မာဗုဒ္ဓဘာသာအချင်းချင်းကွာရှင်းခြင်းသည်တရားရုံးဒီကရီမရှိဘဲခိုင်လုံသည်၊ဟုပြဆိုထားသည်

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ