on his own account

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


ဥပဒေနှင့်မညီကြောင်းထင်သာမြင်သာသောအမိန့်ကိုပြန်လည်သုံးသပ်ပေးရန်လျှောက်ထားခွင့်သာရှိခဲ့လျှင်အငြင်းပွားမှုများသည်တိုတောင်းသောကာလအတွင်းပြီးသွားနိုင်ပါလျက်ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင်ငြင်းခုံကြရသဖြင့်ရှေ့နေရှေ့ရပ်များအချိန်ကုန်၊လူပန်း၊ငွေကုန်ဖြစ်ရသည်မှာမဖြစ်သင့်။


အကြောင်းခြင်းရာအပေါ်ဆုံးဖြတ်ချက်များအပေါ်သာဓကများကို၊အထူးအယူခံဝင်ခွင့်ပေးခဲ့သည့်သာဓကကို၊စာရေးသူပြုစုသောတရားမမှုခင်းဖြတ်ထုံးများပထမတွဲနှင့်ဒုတိယတွဲတို့တွင်တွေ့မြင်နိုင်သည်။


တဖက်တွင်အထူးအယူခံဝင်ခွင့်ပြုသင့်သောအချို့အမှုများ၌အယူခံဝင်ခွင့်မရခဲ့။


ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၁၅ပါ" on his own account "ကို၊မိမိသဘောအတိုင်းသဘောအလျောက်ဟုဘာသာပြန်ဆိုခြင်းမမှန်ကြောင်း၊ထိုစကားရပ်​၏တရားဝင်ဘာသာပြန်ချက်ဖြစ်သော၊ရာဇသတ်ကြီးပုဒ်မ၂၀၈ဥပမာ(က)၊အင်္ဂလိပ်ဘာသာဖြင့်ပြဌာန်းထားသော၁၉၄၈ခုနှစ်မြို့ပြဆိုင်ရာအက်ဥပဒေပုဒ်မ၂(က)ကိုမြန်မာဘာသာဖြင့်၁၉၆၀ပြည့်နှစ်မြို့ပြဆိုင်ရာငှားရမ်းခကြီးကြပ်ရေးအက်ဥပဒေအဖြစ်ပြဌာန်းထားရာ၌၁၉၄၈ခုနှစ်ဥပဒေပါ" on his own account "ဆိုသောစကားရပ်အား၊မိမိအတွက်၊ဟုပြဌာန်းထားသည်ကိုထောက်ပြကာအထူးအယူခံဝင်ခွင့်ပြုရန်လျှောက်ထားမှုရှိခဲ့ဖူးပါသည်။အထူးအယူခံဝင်ခွင့်မရခဲ့ပါ။


" on his own account "ဟူသောစကားရပ်ကို၊ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကတရားမအယူခံတွင်အဓိပ္ပာယ်ကောက်ယူချက်မှန်မမှန်မှာ၊အတော်အတန်လျှောက်လဲငြင်းခုံရမည့်ဥပဒေပြဿနာဖြစ်ရကား၊ 13 Ran 744 တွင်ပြဆိုထားသော " a question of law fairly open to argument "ဟူသောထုံးဖွဲ့ချက်၌အကျုံးဝင်နေခြင်းကြောင့်၊အထူးအယူခံဝင်ခွင့်ပြုရန်ငြင်းပယ်သောအမိန့်ကို၊ပြန်လည်သုံးသပ်ပေးရန်လျှောက်ထားခွင့်ရှိသင့်သည်။


ထိုသို့မရှိသည့်အတွက်ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကပုဒ်မ၂၁၅ပါ" on his own account "​၏အဓိပ္ပာယ်ကိုဖွင့်ဆိုရန်အခွင့်ကောင်းတရပ်လက်လွတ်ခဲ့ရသည်။ငြင်းခုံမှုကိုသက်ဆိုးရှည်စေခဲ့သည်။


ထို့အပြင်ပြည်ထောင်စုတရားလွှတ်တော်ချုပ်အထူးခုံရုံးကအယူခံတရားလိုများ​၏ရှေ့နေအားကြားနာပြီးနောက်၊လျှောက်လွှာကိုပယ်သည်ဟုအမိန့်ချမှတ်ရာတွင်အကြောင်းတစုံတရာမပြသောအမှုတမှုရှိခဲ့ဖူးသည်။


အထူးအယူခံဝင်ခွင့်ပြုရန်လျှောက်လွှာကိုပလပ်ရာ၌၊ 1959 BLR ( S C ) 24 ( ဦးစောဟန် နင့် ဦးအုံးခင်ပါ၄ )( နိုင်ငံတော်တရားဝန်ကြီးချုပ်ဦးမြင့်သိန်း၊နိုင်ငံတော်တရားဝန်ကြီးဦးဘိုကြီး၊နိုင်ငံတော်တရားဝန်ကြီးဦးအောင်သာကျော်တို့ရှေ့မှောက်တွင်တရားဝန်ကြီးဦးဘိုကြီးကအမိန့်ချမှတ်သည် )အမှု၌စီရင်ထုံးပြုထားသည့်သာဓကကိုလိုက်နာကာ၊၁၉၆၂ခုနှစ်တွင်တည်ထောင်ခဲ့သောတရားရုံးချုပ်ကချမှတ်သည့်စီရင်ချက်ကို၊ 1970 BLR 43 ( ဒေါ်အုန်းစိန်ပါ၄ နှင့် ဦးဘတင် )( တရားသူကြီးချုပ်ဒေါက်တာမောင်မောင်နှင့်တရားသူကြီးဦးသက်ဖေတို့ရှေ့တွင်တရားသူကြီးဦးသက်ဖေကအမိန့်ချမှတ်သည် )စီရင်ထုံး၌ထုံးပြုထားပြီး၊အဆိုပါသာဓကများကိုလိုက်နာကာ၊၁၉၈၈ခုနှစ်တွင်တည်ထောင်ခဲ့သောတရားရုံးချုပ်ကအလားတူစီရင်ချက်များရေးသားအမိန့်ချမှတ်ခဲ့သည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ