14 Ran 215 ( F B ) ( Maung Tun Aung v. Ma E Kyi )

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


စီရင်ထုံးစာမျက်နှာ၉၁၈တွင်၊မောင်ကိုကြီး​၏ရှေ့နေ(ဦးလှညွန့်)ရည်ညွှန်းသော-


14 Ran. 215( F B )


( Maung Tun Aung  v.  Ma E Kyi. )


( Before Sir Arthur Page , Kt. , Chief Justice , Mr . Justice Mya Bu , Mr . Justice Baguley , Mr . Justice Mosely , and Mr . Justice Ba U. )


အမှုသည်ပဋိညာဉ်ပြုသူယောကျ်ားလေးမောင်ထွန်းအောင်ကတဖက်၊ကာယကံရှင်မိန်းကလေး(ကတိရသူ)ကတဖက်တရားဆိုင်သောအမှုဖြစ်၍ထိုစီရင်ထုံးသည်၊မောင်ကိုကြီးနှင့်ဒေါ်အုံးခင်တို့နှစ်ဦးသာတရားဆိုင်သောအမှုနှင့်သက်ဆိုင်ရန်အကြောင်းမရှိ။


စီရင်ထုံးစာမျက်နှာ၉၂၀၌ရုံးတော်သဟာယရှေ့နေတဦး(ဦးမြစိန်)ကမောင်ထွန်းအောင်အမှုစီရင်ထုံးသည်ခေတ်နှင့်မလျော်တော့ပါပြီ။အခြေခံအားဖြင့်လည်းမှားယွင်းပါသည်ဟုတင်ပြခြင်းသည်လည်းကောင်း၊


စီရင်ထုံးစာမျက်နှာ၉၂၁၌အခြားရုံးတော်သဟာယဖြစ်သည့်လက်ထောက်နိုင်ငံတော်ရှေ့နေချုပ်(ဦးဘကျော်)က၊မောင်ထွန်းအောင်အမှုစီရင်ထုံးကို၊ပြောင်းလဲလာသည့်အခြေအနေများနှင့်ယှဉ်၍ထပ်မံသုံးသပ်ရန်လိုအပ်ပြီဟုတင်ပြခြင်းသည်လည်းကောင်း၊


စုံညီခုံရုံးကဆုံးဖြတ်ရန်ဖြစ်သောပြဿနာ(အမှုတွင်မောင်ကိုကြီးနှင့်ဒေါ်အုံးခင်တို့အချင်းများသည့်ပြဿနာ)တွင်၊အကျုံးမဝင်သည်ကိုသတိထားမိပုံမပေါ်။


စီရင်ထုံးခေါင်းစီး၌၊မောင်ထွန်းအောင်အမှုစီရင်ထုံးနှင့်သဘောကွဲလွဲသည်ဟုဖော်ပြခြင်းမှန်ခဲ့ပါလျှင်၊ပြဿနာကတခြားအဖြေကတမျိုးဖြစ်သည်ဟုဆိုရန်ဖြစ်ပေလိမ့်မည်။


မောင်ကိုကြီးကယောက္ခမလောင်းဒေါ်အုံးခင်အားပေးသောကတိအတွက်ပဋိညာဉ်အက်ဥပဒေပုဒ်မ၂(ဃ)တွင်အကျုံးဝင်သော၊အပေးအယူရှိမရှိပြဿနာကိုဆုံးဖြတ်ရန်ဖြစ်သည်။


အပေးအယူရှိပါမှမောင်ကိုကြီးကဒေါ်အုံးခင်အားပေးသည်ဆိုသောကတိသည်၊ပဋိညာဉ်မြောက်မမြောက်ပြဿနာကိုဆုံးဖြတ်နိုင်မည်ဖြစ်ပြီး၊ကတိဖောက်ဖျက်သောအခါပုဒ်မ၇၃အရကတိပျက်လျော်ကြေးကိုဒေါ်အုံးခင်အားတရားရုံးကခွင့်ပြုနိုင်မည်ဖြစ်သည်။


ထိုပြဿနာ​၏အဖြေကို၊မောင်ကိုကြီးအမှုတွင်တိကျသည့်ကြောင်းကျိုးပြဆုံးဖြတ်ခြင်းမရှိသည်ကိုတွေ့မြင်နိုင်သည်။


ဒေါက်တာဧမောင်​၏ကျမ်းစာမျက်နှာ၂၀ရှိဒုတိယစာပိုဒ်တွင်အောက်ပါအတိုင်းဝေဖန်ထားသည်-


" On principle , a suit by the parent of the daughter against the man for damages for breach of promise in similar circumstances must fail . Maung Ko Gyi v. Daw On Kin ( 1965 C . C . 913 ) , where the mother of a minor girl successfully claimed damages for breach of promise of marriage against the man , turned on special facts and the Learned Chief Judge made it clear that the decision was on the special facts of the case .


There the agreement was tri-partite . The minor daughter and the man promised to marry each other and in consideration of the man's promise to marry the daughter the mother promised to consent to her daughter contracting marriage .


Since at Burmese Buddhist Law , a minor girl cannot contract a valid union without her parent's consent , the agreement between the man and the mother of the girl was a valid contract . "

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ