မှတ်သားရန်များ

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


မှတ်သားရန်များ


(၁)အဆိုအချေရေးသောရှေ့နေရှေ့ရပ်များသည်မိမိတို့စွဲဆိုထုချေရန်ရှိသည့်အမှုနှင့်သက်ဆိုင်သောဥပဒေများ( 2010 BLR 69 အမှုတွင်မြန်မာဓလေ့ထုံးတမ်းဥပဒေ၊ပဋိညာဉ်ဥပဒေ)နှင့်စီရင်ထုံးများကိုကျေကျေညက်ညက်လေ့လာရမည်။ဤအမှုတွင်မြန်မာဓလေ့ထုံးတမ်းဥပဒေနှင့်စပ်လျဉ်း၍ကျမ်းအများအပြားရှိသည်။မြန်မာဘာသာဖြင့်ကျမ်းရှိ၍တပန်းသာသည်။


ဆိုင်ရာစီရင်ထုံးများကိုစီရင်ထုံးပေါင်းချုပ်D1မှD7တွင်လည်းကောင်း၊ထိုကျမ်းများနောက်ထုတ်ဝေသောစီရင်ထုံးများတွင်လည်းကောင်းရှာဖွေရန်ဖြစ်သည်။ပထမစီရင်ထုံးပေါင်းချုပ်D1သည်စီရင်ထုံးများကိုလွယ်လင့်တကူရှာနိုင်ရန်စိစစ်ထားပုံကောင်းသည်။


မြန်မာဓလေ့ထုံးတမ်းဥပဒေနှင့်စပ်လျဉ်း၍ခေါင်းစဉ်အလိုက်ခွဲ၍ဖော်ပြထားသည်မှာနည်းစနစ်ကျသည်။ကော်လံ၂၃၆ Burmese Buddhist Law - Marriage တွင်ခေါင်းစဉ်ငယ်အောက်၌လေးမျိုးခွဲထားရာ၊ခေါင်းစဉ်ငယ်သုံးမှာ Breach of Promise of Marriage သည်ယခုအမှုနှင့်သက်ဆိုင်သည်ဖြစ်၍၊ထိုခေါင်းစဉ်ငယ်အောက်တွင်ရှာပါကကော်လံ၂၃၇နှင့်၂၄၀တွင်ဆိုင်ရာစီရင်ထုံးနှစ်ရပ်ကိုပက်ပင်းတိုးမည်ဖြစ်သည်။


ဒေါက်တာဧမောင်​၏ကျမ်းပါထိမ်းမြားခြင်းအကြောင်းရေးထားသည့်အခန်း၂ကိုဖတ်ပါလျှင်စာမျက်နှာ၄၇အောက်ခြေစာပိုဒ်၌အမှုနှင့်သက်ဆိုင်သည့်ဥပဒေကိုညွှန်ပြချက်ကိုပက်ပင်းတိုးမည်ဖြစ်သည်။ရှာဖွေနည်းကိုမှတ်သားထားပါ။


(၂)အထူးသဖြင့်မြန်မာနိုင်ငံ​၏အမြင့်ဆုံးတရားရုံးဖြစ်သောတရားရုံးချုပ်နှင့်ပြည်ထောင်စုတရားလွှတ်တော်ချုပ်တို့တွင်လိုက်ပါဆောင်ရွက်သောတရားလွှတ်တော်ရှေ့နေများသည်အမှုနှင့်သက်ဆိုင်သောစီရင်ထုံးများ(ရှိလျှင်)ကိုအပတ်တကုတ်ရှာဖွေပါ။ဆိုင်ရာကျမ်းများတွင်လည်းအဖြေရှာပါ။


ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင်ဖြစ်စေ၊တရားလွှတ်တော်တွင်ဖြစ်စေ၊ဆိုင်ရာစီရင်ထုံးများကိုကိုးကားလျှောက်လဲနိုင်ရန်အားထုတ်ပါ။


(၃)2010 BLR 69 အမှုတွင်အယူခံတရားလို​၏ရှေ့နေကလျော်ကြေးကျပ်သိန်း၁၀၀လွန်စွာများကြောင်းအကြောင်းပြချက်သည်၎င်း​၏အတ္တနောမတိ၊မိမိသဘောဖြင့်တင်ပြရာရောက်သည်။ 8 LBR 347 အမှုပါလျော်ကြေးပမာဏကျိုးကြောင်းဆီလျော်ချက်ကိုမှတ်သားပါ။


(၄) 8 LBR 347 အမှုတွင်မူလတရားရုံးနှင့်ခရိုင်တရားမတရားရုံးတို့​၏အကြောင်းပြချက်တို့ကိုလေ့လာပါ။မူလတရားရုံးကမိန်းကလေးဘက်မှထိခိုက်နစ်နာမှုကိုလျော်ကြေးအမှုများကဲ့သို့ဆင်ခြင်သည်။


ခရိုင်တရားရုံးကပဋိညာဉ်အက်ဥပဒေပုဒ်မ၂၅(၂)ကိုရည်ညွှန်း၍အောက်ရုံးဒီကရီကိုအတည်ပြုသည်။


တရားရုံးချုပ်ကပုဒ်မ၂၅(၂)နှင့်သက်ဆိုင်ကြာင်းအကြောင်းပြခြင်းမရှိဟုထောက်ပြသည်။ဤအမှားများမှသင်ခန်းစာထုတ်ယူပါ။


(၅) 2010 BLR 69 စီရင်ထုံးကိုပေါ်ပေါက်စေသောအမှုမှာ၊ထိမ်းမြားလက်ထပ်ရန်ကတိပျက်သဖြင့်လျော်ကြေးရလိုမှုဖြစ်ရာအချင်းဖြစ်ကတိကိုဖောက်ဖျက်သည့်အတွက်ယောက်ျားကလေး​၏မိဘများတွင်တာဝန်ရှိစေသောဥပဒေရှိမရှိဓမ္မသတ်များတွင်ရှာရမည်။


ထိမ်းမြားခြင်းမြောက်ရန်အဓိကလိုအပ်ချက်(လင်မယားအဖြစ်ပေါင်းသင်းရန်နှစ်ဦးနှစ်ဖက်သဘောတူချက်)ကိုစိစစ်ရမည်။


အချေလွှာပါချေပချက်(စီရင်ထုံးစာမျက်နှာ၇၂ကိုကြည့်ပါ။)မှန်မမှန်မူလတရားရုံးကဆုံးဖြတ်လျှင်လျော်ကြေးပေးရန်ပြဿနာမပေါ်ပေါက်နိုင်။မည်သို့ဆုံးဖြတ်သည်မသိရ။


တိုင်းတရားရုံးကယောကျ်ားကလေး​၏မိဘများသည်သားကိုမပေးစားနိုင်ဟုငြင်းသည်ဟုအတိအလင်းဆုံးဖြတ်ပုံမပေါ်(စာ၇၃ကိုကြည့်ပါ)သည်ကိုမှတ်သားပါ။


ကာယကံရှင်ယောကျ်ားကလေးကထိမ်းမြားရန်ငြင်းခြင်းရှိမရှိမည်သည့်တရားရုံးကမျှစိစစ်ဆုံးဖြတ်ခြင်းမပြု။၎င်း​၏မိဘများက၊ကတိပျက်သည်ဟုသာလျှင်ဆုံးဖြတ်သည်ကိုသတိပြုပါ။


(၆)ယောကျ်ားကလေးကမိန်းကလေးကိုထိမ်းမြားရန်သဘောတူချက်မရှိခြင်းကြောင့်မထိမ်းမြားဖြစ်ခဲ့လျှင် 8 LBR 347 စီရင်ထုံးအရ၎င်း​၏မိဘများသည်ကတိပျက်လျော်ကြေးပေးရန်တာဝန်မရှိသည်ကိုမှတ်သားပါ။


(၇)မူလတရားရုံးက(၁)တရားပြိုင်သည်တရားလိုအားလက်ထပ်ရန်ကတိပြု၊ကာမရယူသည်မှာမှန်ကြောင်းဆုံးဖြတ်ခြင်းသည် 1966 BLR 1021 ထုံးဖွဲ့ချက်အရ၊မလိုဘဲဆုံးဖြတ်ခြင်းဖြစ်ကြောင်းမှတ်သားရန်လိုသည်။


(၈)စီရင်ထုံးစာမျက်နှာ၇၆ပါ"အမှုဖွင့်ခဲ့ရခြင်းစသည့်အချက်များမှာတရားလိုဘက်စွပ်စွဲချက်များတွင်ပေါ်ပေါက်သည်ဆိုသောကိစ္စနှင့်ယင်းစွပ်စွဲချက်များကိုတရားလိုဘက်ကသက်သေထင်ရှားပြနိုင်ခြင်း၊ထို့ပြင်တရားပြိုင်များဘက်မှထိုစွပ်စွဲချက်များကိုချေပနိုင်ခဲ့မှုမရှိခြင်းနှင့်တရားလိုဘက်မှသက်သေခံချက်တို့မမှန်ကြောင်းချေဖျက်နိုင်သည်အထိသက်သေထင်ရှားမပြနိုင်ခြင်းကိုကွဲပြားသည်ကိုမှတ်သားပါ။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ