ရှုပ်ထွေးလှသောအမွေမှု(အပိုင်း၄)
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
ရှုပ်ထွေးလှသောအမွေမှု၊အပိုင်း၄
ဒေါ်ခင်မူမူပါ၂ နှင့် ဒေါက်တာဂျီအာရ်လူးဝစ်(စ်)(၎င်း၏အခွင့်ရကိုယ်စားလှယ်ဒေါ်ခင်တီ)ပါ၃အမှုစီရင်ထုံးစာမျက်နှာ၂၁၄တွင်အောက်ပါအတိုင်းပြဆိုသည်-
"မြန်မာနိုင်ငံတရားရုံးများတွင်ထိမ်းမြားလက်ထပ်ရေး၊အမွေဆက်ခံရေး၊အမွေခွဲဝေရေးကိစ္စများနှင့်သက်ဆိုင်သောမည်သည့်ပြဿနာမဆိုအဆုံးအဖြတ်ပေးရန်ရှိလျှင်သက်ဆိုင်ရာအမှုသည်များသည်ဗုဒ္ဓဘာသာဝင်ဖြစ်ပါကမြန်မာ့ဓလေ့ထုံးတမ်းဥပဒေ၊မဟာမေဒင်ဖြစ်လျှင်မဟာမေဒင်ဥပဒေ၊ဟိန္ဒူဖြစ်လျှင်ဟိန္ဒူတရားဥပဒေအရအဆုံးအဖြတ်ပေးရမည်ဖြစ်သည်ဟုမြန်မာနိုင်ငံတရားဥပဒေများဆိုင်ရာဥပဒေပုဒ်မ၁၃(၁)တွင်ပြဌာန်းထားသည်။ခရစ်ယာန်ဘာသာဝင်ဖြစ်ပါကယင်းဥပဒေပုဒ်မ၁၃(၁)အရတည်ဆဲဥပဒေနှင့်သက်ဆိုင်မည်ဖြစ်ရာ The Succession Act နှင့်အကျုံးဝင်မည်ဖြစ်သည်။ခရစ်ယာန်ဘာသာဝင်များအမွေဆက်ခံသည့်ကိစ္စ၊လင်ခန်းမယားခန်းကိစ္စ၊ပစ္စည်းခန်းကိစ္စများသည် The Succession Act နှင့်သက်ဆိုင်သည်။"
မြန်မာနိုင်ငံတရားဥပဒေများဆိုင်ရာအက်ဥပဒေပုဒ်မ၁၃(၁)ပါပြဌာန်းချက်များသည်ဗုဒ္ဓဘာသာဝင်၊ဟိန္ဒူဘာသာဝင်၊မဟာမေဒင်ဘာသာဝင်များနှင့်သက်ဆိုင်သည်။
ခရစ်ယာန်ဘာသာဝင်နှင့်သက်ဆိုင်ကြောင်းပြဌာန်းထားခြင်းမရှိပါဘဲလျက်၊ခရစ်ယာန်ဘာသာဝင်ဖြစ်ပါက၊ယင်းဥပဒေပုဒ်မ၁၃(၁)ပါတည်ဆဲဥပဒေနှင့်သက်ဆိုင်သည်ဟုဆိုခြင်းသည်၊ပြဌာန်းချက်နှင့်ညီညွတ်သည်ဟုမဆိုနိုင်ပါ။
The Christian Marriage Act ၏အမည်အရပင်၊မည်သည့်ဘာသာဝင်နှင့်သက်ဆိုင်ကြောင်းမြင်သာပါသည်။
မြန်မာနိုင်ငံလင်မယားကွာရှင်းရေးအက်ဥပဒေပုဒ်မ၄၂ပါ
"Nothing herein contained shall authorize any Court to grant any relif under this Act except where the petitioner or respondent professes the Christian religion."
ဟူသောပြဌာန်းချက်အရ၊ခရစ်ယာန်လင်မယားကွာရှင်းခြင်းနှင့်သက်ဆိုင်ကြောင်းယုံမှားဖွယ်မရှိ။
Comments
Post a Comment