မသက်ထားအမှုသည်အဖြစ်မပါဝင်သောစောဒကမှု
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
မသက်ထား၏အမှုကိုပယ်သောမူလတရားရုံး၏စီရင်ချက်နှင့်ဒီကရီကိုခရိုင်တရားမရုံးကအတည်ပြုခဲ့ရာ၊မသက်ထားကတရားရုံးချုပ်(မန္တလေးရုံးထိုင်)တွင်ဆက်လက်အယူခံမဝင်တော့သဖြင့်မောင်ကိုကြီးက၎င်းအားထိမ်းမြားပါမည်ဟုပြုသောကတိပျက်ခြင်းမရှိဟုစုံညီခုံရုံးကဆုံးဖြတ်ခြင်းသည်၊ခရီးသွားဟန်လွှဲဆုံးဖြတ်ချက်ဖြစ်သည်ဟု၊ဒေါက်တာဧမောင်က၎င်း၏မြန်မာဗုဒ္ဓဘာသာတရားဥပဒေကျမ်း(၁၉၇၀ပြည့်နှစ်ထုတ်)စာမျက်နှာ၁၈တွင်အောက်ပါအတိုင်းဝေဖန်ပြထားသည်-
" From what has preceded , the conclusion of the Chief Court of the Union of Burma in Maung Ko Gyi's case , that promise of marriage by or with a minor is not invalid , though technically an obiter dictum because of the failure of the minor girl to appeal to the Chief Court against the rejection by the Lower Court of her claim to damages for breach of promise of marriage , is not assailable .
Even so , as some of the observations of the Learned Chief Judge can perplex Judges of subordinate courts ( just as they perplex the author ) who might misconstrue them , as indeed some have , some comments on them are called for . "
မသက်ထားအမှုသည်အဖြစ်မပါဝင်သောစောဒကအမှု၌မောင်ကိုကြီးကမသက်ထားအားပေးသောကတိခိုင်လုံခြင်းရှိမရှိဆင်ခြင်ဆုံးဖြတ်ရန်မဟုတ်ဟု၊နှစ်ဖက်သောရှေ့နေများကစုံညီခုံရုံးရှေ့တွင်လျှောက်လဲပုံမပေါ်၊
စုံညီခုံရုံးကလည်းသတိမူမိပုံမပေါ်။
မောင်ထွန်းအောင်အမှုစီရင်ထုံးမှားသည်ဟုယူဆကာ၊တရားရုံးချုပ်တရားသူကြီးဦးစံမောင်ကအချင်းဖြစ်ပြဿနာကိုစုံညီခုံရုံးဖြင့်ကြားနာအဆုံးအဖြတ်ပေးရန်တင်ပြခဲ့ခြင်းဟုတ်မဟုတ်မသိရပါ။
အမှန်စင်စစ်ထိုစောဒကအမှုမျိုးတွင်ပြဿနာကိုဖော်ထုတ်အဆုံးအဖြတ်ခံယူသောတရားသူကြီး၏တင်ပြချက်ကိုစုံညီခုံရုံး၏စီရင်ချက်နှင့်အတူဖော်ပြစမြဲဖြစ်သည်။
ဥပမာ-
1949 BLR ( H C )283
( Daw Khin Pu v. Dr . Tha Mya )
( Before U Thein Maung , Chief Justice , U Tun Byu , U San Maung , U Aung Tha Gyaw and U Bo Gyi , JJ . )အမှုတွင်-
5 Ran . 537 ( F B )
( Ma Nyun , Ma Saw Aye v. Maung San Thein , U Shwe Soe and sixteen . )
( Before Sir Guy Rutledge , Kt . , K . C . , Chief Justice , Mr . Justice Carr , Mr . Justice Maung Ba , Mr . Justice Mya Bu , and Mr . Justice Brown . )
စီရင်ထုံးကို၊ပြန်လည်စိစစ်ရန်အဘယ်ကြောင့်လိုအပ်ကြောင်း၊တရားဝန်ကြီးချုပ်ဦးသိမ်းမောင်နှင့်တရားဝန်ကြီးဦးစံမောင်တို့က၊စီရင်ထုံးစာမျက်နှာ၂၈၄မှ၂၉၄အထိ၊၁၀မျက်နှာရှိသောအကြောင်းပြချက်များကိုရေးသားထားရာ၊ထိုတင်ပြချက်သည်ပြဿနာကိုအဆုံးအဖြတ်ပြုသောစုံညီခုံရုံးအား၊အထောက်အကူပြုစေသည်မှာယုံမှားဖွယ်မရှိပါ။
တရားဝန်ကြီးချုပ်ဦးသိမ်းမောင်ကစီရင်ထုံးစာမျက်နှာ၂၉၄တွင်အောက်ပါအတိုင်းမှတ်ချက်ပြုထားသည်-
" For the reasons which we have stated above , we refer the five questions , which have been set out at pages 4 and 5 of this judgment for decision by a Full Bench . "
Comments
Post a Comment