ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
ရှုပ်ထွေးလှသောအမွေမှု၊အပိုင်း၇
2002 BLR 204 ( ဒေါ်ခင်မူမူပါ၂ နှင့် ဒေါက်တာဂျီအာရ်လူးဝစ်(စ်)ပါ၃ )အမှု၊စီရင်ထုံးစာမျက်နှာ၂၁၀တွင်၊အယူခံတရားပြိုင်အမှတ်(၁)နှင့်(၃)တို့၏ရှေ့နေကသက်သေခံ(၁)အရအယူခံတရားလိုတို့၏မိခင်ဒေါ်ခင်လှကအယူခံတရားပြိုင်နှင့်၎င်း၏မိခင်ထံမှငွေများနောက်ဆုံးလက်ခံစဉ်ကငွေသို့မဟုတ်ပစ္စည်းလုံးဝလက်ခံစရာမရှိတော့ဟုဝန်ခံခဲ့ကြောင်း၊အမွေရှင်မစ္စစ်အင်မာဖလောရင်းလူးဝစ်(စ်)သည်၁၇-၈-၈၆နေ့တွင်ကွယ်လွန်ခဲ့သော်လည်း၊အယူခံတရားလိုတို့၏ဝေစုကိုတောင်းဆိုခြင်းမရှိဘဲနှစ်ပေါင်းများစွာငြိမ်သက်နေခဲ့ကြောင်း၊အယူခံတရားပြိုင်အမှတ်(၁)ဒေါက်တာဂျီအာရ်လူးဝစ်(စ်)ကအချင်းဖြစ်မြေကိုသူတဦးတည်းပိုင်ကြောင်းကြေညာခြင်းမှာ၊အယူခံတရားလိုတို့၏မိခင်၏ဝန်ခံချက်အရအယူခံတရားလိုတို့သည်အမွေဆက်ခံရန်မရှိတော့သောကြောင့်၊ဒေါက်တာဂျီအာရ်လူးဝစ်(စ်)ကြေညာချက်မှာအမှန်အတိုင်းကြေညာခြင်းဖြစ်ကြောင်း၊ဦးတင်ထွန်းနှင့်မဝိုင်းကြည်ပါ၇၊၁၉၉၂မတစ၆၉အမှုမှာ၊အမှုသည်အဖြစ်ပါဝင်သူမြေးများကအမွေရပြီးကြောင်းချေလွှာအရဝန်ခံခြင်းဖြစ်ပြီး၊ယခုအမှုတွင်အယူခံတရားလိုတို့၏မိခင်အမွေပစ္စည်းအဖြစ်ရရန်မရှိတော့ကြောင်းဝန်ခံပြီးဖြစ်၍၊တိုင်းတရားရုံး၏ဆုံးဖြတ်ချက်မှာ၊မှားယွင်းသည်ဟုမဆိုနိုင်ကြောင်းတင်ပြလျှောက်ထားသည်ဟုဖော်ပြထားသည်။
ဒေါ်ခင်လှကအမွေရစရာမရှိဟုဝန်ခံခြင်းမှန်ဦးတော့၊အမွေဆိုင်ပစ္စည်းများဖြစ်သည့်မရွှေ့မပြောင်းနိုင်သောပစ္စည်းများတွင်၎င်း၏၉ပုံ၂ပုံနှင့်စပ်လျဉ်း၍၊စာချုပ်စာတမ်းမှတ်ပုံတင်ခြင်းအက်ဥပဒေပုဒ်မ၁၇(၁)(ခ)အရလိုအပ်သည့်မှတ်ပုံတင်စာချုပ်ချုပ်ဆိုခြင်းမပြုသဖြင့်၊ဒေါ်ခင်လှရခွင့်ပျက်သုဉ်းသွားရန်အကြောင်းမရှိနိုင်။ 12 Ran 589 နှင့် 1989 BLR 28 စီရင်ထုံးများကိုကြည့်ပါ။စွဲဆိုသောအမှုကာလစည်းကမ်းသတ်ကျော်ရန်အကြောင်းမရှိဘဲနှစ်ပေါင်းများစွာဆိတ်ဆိတ်နေခြင်းကိုတင်ပြခြင်းသည်ဆီလျော်ပုံမပေါ်။
အယူခံတရားပြိုင်(၁)(အမွေရှင်များ၏သားနှင့်ပစ္စည်းများရောင်းသူ)နှင့်(၃)(ပစ္စည်းများဝယ်သူ၏ဇနီး)တို့၏ရှေ့နေက"အချင်းဖြစ်ပစ္စည်းကိုဒေါက်တာဂျီအာရ်လူးဝစ်(စ်)ပိုင်သည်ဟုယူဆ၍ဝယ်ယူခဲ့ခြင်းဖြစ်သောကြောင့်၊ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၄၁အရပျက်ပြယ်ခြင်းမရှိကြောင်း"တင်ပြလျှောက်ထားသည်ဟု၊စီရင်ထုံးစာမျက်နှာ၂၁၀၌ဖော်ပြထားရာ၊ရောင်းချခြင်းခိုင်လုံခြင်းကိစ္စကိုအမှုတွင်ဆုံးဖြတ်ခွင့်ရှိကြောင်းလက်ခံရာရောက်နေသည်။မပြေးသော်ကန်ရာရှိသည်။တရားရုံးချုပ်ကပုဒ်မ၄၁နှင့်သက်ဆိုင်ခြင်းရှိမရှိဆုံးဖြတ်ခြင်းမပြု။ဆုံးဖြတ်ရန်ပြဿနာမဟုတ်ကြောင်းကြောင်းကျိုးပြဆုံးဖြတ်ရန်ဖြစ်သည်။
နှစ်ဖက်သောရှေ့နေများက၊အဖွားသေသောအခါမြေးများသည်၊အမွေဆက်ခံရေးအက်ဥပဒေပုဒ်မ၄၀အရ၊၎င်း၏အမွေကိုရခွင့်ရှိကြောင်းလျှောက်လဲတင်ပြခြင်းမပြု။
အဖွားသေဆုံးစဉ်က၎င်း၏သား(မြေးများ၏ဖခင်)သေဆုံးပြီးဖြစ်သဖြင့်၊မြေးများအမွေရခွင့်သည်၊၁၉၅၄ခုနှစ်ဗုဒ္ဓဘာသာဝင်မိန်းမများအထူးထိမ်းမြားမှုနှင့်အမွေဆက်ခံမှုဥပဒေနှင့်၊သက်ဆိုင်ရန်အကြောင်းမရှိတော့။
Comments
Post a Comment