လောကပါလတရားဟူသည်အများပြည်သူဆိုင်ရာမူဝါဒအဖြစ်ဖြင့်စီး၍မကောင်းသောမြင်းဆိုးကြီး
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
မောင်ကိုကြီးအမှုတွင်၊"ထိမ်းမြားလက်ထပ်ရန်ကတိပြုခြင်းကိုကုန်ရောင်းကုန်ဝယ်ပြုရန်ကတိပဋိညာဉ်ပြုခြင်းမျိုးနှင့်တပြေးတည်းထား၍စဉ်းစားရန်သင့်တော်မည်မဟုတ်ချေ"သုံးသပ်ခြင်းနှင့်စပ်လျဉ်း၍ဒေါက်တာဧမောင်က၊ပဋိညာဉ်အက်ဥပဒေသည်နှစ်ဦးနှစ်ဖက်သဘောတူဆက်ဆံကြသည့်ကိစ္စအရပ်ရပ်တို့နှင့်သက်ဆိုင်ကြောင်း၊၎င်း၏ကျမ်းစာမျက်နှာ၁၈တွင်အောက်ပါအတိုင်းသုံးသပ်သည်-
" The implication that the Contract Act applies only to mercantile or commercial dealings is to restrict the scope of the Act without justification . The Act is intended to and does apply to all consensual dealings . "
မောင်ကိုကြီးနှင့်ဒေါ်အုံးခင်အမှုတွင်-
"ယခုအခါတွင်နိုင်ငံ၌ကျင့်သုံးနေကြသောလူလူချင်းအနိုင်အထက်မပြု၊အမြတ်မထုတ်၊လောကပါလတရားကျင့်ဝတ်တို့နှင့်အညီကူးလူးဆက်ဆံကြသည့်တရားကိုထောက်ရှု၍လည်းကောင်း၊ရှေ့မှောက်ရှိပြဿနာပေါ်တွင်'ဖော်ပြသောအခြေအနေမျိုးတွင်ကတိပျက်သောယောကျ်ားအပေါ်လျော်ကြေးရလိုကြောင်းတရားစွဲဆိုနိုင်သည်'ဟုယူဆသည်။"
ဟုထုံးဖွဲ့ထားချက်နှင့်စပ်လျဉ်း၍၊ဒေါက်တာဧမောင်က၎င်း၏ကျမ်းစာမျက်နှာ၁၈နှင့်၁၉တို့တွင်"လောကပါလတရား"ဟူသည်အများပြည်သူဆိုင်ရာမူဝါဒအဖြစ်ဖြင့်စီး၍မကောင်းသောမြင်းဆိုးကြီးဟုတင်စားကာအောက်ပါအတိုင်းဝေဖန်သည်-
" The reference to(လောကပါလတရား)( principles upholding the Universe ) could well have been omitted . The principles are amorphous and lack defination . Buddhist scriptures enumerate ' fear ' and ' shame ' as the two principles : being afraid to do wrong and feeling ashamed at consciousness of doing wrong .
The Constitution of 1947 of the Union of Myanmar ( Burma ) enumerates justice , liberty and equality .
The Learned Chief Judge defined the principles as non-oppression between man and man and non-exploitation of man by man .
(လောကပါလတရား) appears to be as unruly a horse to ride as public policy. "
စုံညီခုံရုံးအဖွဲ့ဝင်ကျန်တရားသူကြီးများ၏အမြင်များကိုသိခွင့်မရသော်လည်းမြန်မာဓလေ့ထုံးတမ်းဥပဒေ(မြန်မာဗုဒ္ဓဘာသာတရားဥပဒေ)ပညာရှင်အကျော်အမော်လည်းဖြစ်ပြီး၊ယခင်တရားလွှတ်တော်ချုပ်၏တရားဝန်ကြီးတဦးလည်းဖြစ်သောဒေါက်တာဧမောင်၏ဝေဖန်ချက်များသည်နှောင်းခေတ်ဥပဒေပညာရှင်များ၏အမြင်ကိုပွင့်စေမည်။
မည်သည့်အမြင်ကမှန်သည်ကိုမူယင်းပညာရှင်တို့ကမိမိတို့၏အသိတရား(ကိုယ်ပိုင်ဉာဏ်)တို့ဖြင့်ချင်ချိန်ဆုံးဖြတ်ရန်ဖြစ်ပေလိမ့်မည်။
Comments
Post a Comment