အမှုရပ်စဲခြင်း(အပိုင်း၂)
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
အမှုရပ်စဲခြင်း၊အပိုင်း၂
AIR 1988 SC 506
( M . Veerappa vs Evelyn Sequeira & Ors )(on 13 January , 1988)
(Equivalent citations : 1988 AIR 506 , 1988 SCR(2) 606
အမှုတွင်၊တရားလိုကမိမိရှေ့နေအပေါ်နစ်နာကြေးရလိုမှုစွဲဆိုဆဲ၌သေဆုံးသွားရာမှတရားစွဲဆိုရန်အကြောင်းကျန်ရစ်ခြင်းရှိမရှိပြဿနာကိုအဆုံးအဖြတ်ပေးရာတွင်၊အိန္ဒိယနိုင်ငံတရားလွှတ်တော်ချုပ်ကပုဒ်မ၃၀၆ပါ၊အထက်ပါစကားရပ်သည်လက်ရောက်မှုနှင့်အလားတူအမှုအစားသို့မဟုတ်သဘောသဘာဝချင်းတူသည်မဟုတ်။
အသရေဖျက်မှုနှင့်လည်းသဘောသဘာဝချင်းတူသည်ဟု၊13Ran385စီရင်ထုံးနှင့်ကွဲလွဲဆုံးဖြတ်သည်။
တရားလိုသေဆုံးခြင်းကြောင့်အမှုရပ်စဲခြင်းရှိမရှိပြဿနာမှာ၊စွဲဆိုသောအမှုသည်ပဋိညာဉ်အပေါ်အခြေခံသလားဆိုသောအချက်အပေါ်မူတည်သည်။
စွဲဆိုသောအမှုသည်ပဋိညာဉ်အပေါ်တစိတ်တဒေသတည်ပြီး၊တရားမနစ်နာမှု(torts )အပေါ်တစိတ်တဒေသတည်လျှင်(မှတ်ချက်။ ။ဥပမာရှေ့နေ၏ပေါ့ဆမှုကြောင့်အမှုရှုံးရခြင်း)ပဋိညာဉ်အပေါ်အခြေခံသောတောင်းဆိုချက်တစိတ်တဒေသသည်ကျန်ရစ်မည်ဖြစ်ပြီး၊အခြားအပိုင်း(တရားမနစ်နာမှုစွဲဆိုမှု)မှာရပ်စဲသွားမည်ဖြစ်သည်ဟုဆက်လက်ပြဆိုသည်။
တဖက်တွင်အမွေဆက်ခံရေးအက်ဥပဒေပုဒ်မ၃၀၆ပါ
" except causes of action for defemation , assault , as defined in the Penal Code , or other personal injurues not causing the death of the party"
ဟူသောပြဌာန်းချက်များကိုဖတ်ရှုပါက၊"assault "နောက်တွင်"comma"ရှိနေသည်မှာရေးထုံးရေးနည်းအရအပိုဖြစ်သည်ဟုငြင်းစရာဖြစ်နေသည်။
"assault as defined in the Penal Code"ဟုဆိုပါက၊အင်္ဂလိပ်သဒ္ဒါနှင့်ညီညွတ်ပါမည်။
"Penal Code "ဟူသောစကားရပ်နောက်၌"comma"ရှိပြီး၊ or နှင့်ဆက်ထားသည်ကိုထောက်ချင့်ပါက"defemation , assault , as defined.......other personal injuries"စသည်ပြဌာန်းချက်များကိုဖတ်ရှုပါက၊အင်္ဂလိပ်သဒ္ဒါအရ"other personal injuries"တို့သည်ရှေ့ကလာသော"defemation , assault "တို့နှင့်အဆက်အစပ်ရှိသည်ဖြစ်၍"personal injuries"ဟူသောစကားရပ်သည်ရှေ့ကလာသောအသရေဖျက်မှု၊လက်ရောက်မှုနှင့်အမျိုးအစားတူသောသို့မဟုတ်သဘောသဘာဝချင်းတူသော၊ပုဂ္ဂိုလ်ရေးထိခိုက်နစ်နာမှုများ၊ဟုအဓိပ္ပာယ်ရသည်ဖြစ်ရာ AIR 1988 SC 506 ၌ပြဆိုချက်သည်ပို၍သဘာဝယုတ္တိနှင့်ညီညွတ်သည်ဟုဆိုနိုင်သည်။
သို့ရာတွင် 13 Ran 385 စီရင်ထုံး၊စာမျက်နှာ၃၉၆နှင့်၃၉၇တို့တွင်ကိုးကားသောစီရင်ထုံးအချို့ကို၊ AIR 1988 SC 506 စီရင်ထုံး၌ကိုးကားထားသည်။
AIR 1988 SC 506 စီရင်ထုံးစာမျက်နှာ၆တွင်၊အမွေဆက်ခံရေးအက်ဥပဒေပုဒ်မ၃၀၆ကိုအောက်ပါအတိုင်းဖော်ပြထားသည်-
"306.xxxxxxxxxxxxxxxxxxexcept causes of action for defemation , assault as defined in the Indian Penal Code , or other personal injuries not causing the death of the party ;xxxxxxxxxxxx."
Comments
Post a Comment