အမှုရပ်စဲခြင်း(အပိုင်း၅)

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


အမှုရပ်စဲခြင်း၊အပိုင်း၅


အမိန့်၂၂၊နည်း၂အရမဆောင်ရွက်ဘဲချမှတ်သောဒီကရီသည်၊စီရင်ပိုင်ခွင့်အာဏာမရှိဘဲချမှတ်သည်ဟူသောအကြောင်းပြချက်အရပျက်ပြယ်သလော။


AIR 1954 Cal 205 


( Himangshu Bhusan Kar And Ors.  vs  Manindra Mohan Saha on 15 December , 1953 ) 


( Equivalent citations : AIR 1954 Cal 205 , 58 CWN 221 ) 


( Bench : P . N . Mookerjee , J . )


အမှုတွင်၊ညီအစ်ကိုနှစ်ဦးကအိမ်ငှားများအပေါ်နှင်လိုမှုစွဲဆိုရာ၊အမှုအတောအတွင်းတရားလိုတဦးကွယ်လွန်သွားသော်လည်း၎င်း​၏နေရာတွင်တရားဝင်ကိုယ်စားလှယ်တင်သွင်းခြင်းမပြုဘဲတရားရုံးကဒီကရီချမှတ်သည်။


ဇာရီမှုတွင်ထိုဒီကရီမှာစီရင်ပိုင်ခွင့်အာဏာမရှိဘဲချမှတ်ထားသောပျက်ပြယ်သည့်ဒီကရီဖြစ်သည်။ဇာရီပြုခွင့်မရှိဟုတရားရှုံးများကကန့်ကွက်သည်။


တရားလွှတ်တော်ကအမှုတွင်ကျန်ရစ်သောတရားလိုသည်ကွယ်လွန်သူ​၏တဦးတည်းသော(sole)တရားဝင်ကိုယ်စားလှယ်ဖြစ်သဖြင့်အမှုမှာ၊အမိန့်၂၂၊နည်း၂နှင့်သက်ဆိုင်သည်။


ဒီကရီချမှတ်သောတရားရုံးအားတရားလိုတဦးသေဆုံးသွားသည်ကိုအသိမပေးခဲ့၍နည်း၂အရလိုအပ်သည့်အတိုင်းထိုသို့သေဆုံးခြင်းကိုရေးမှတ်ခဲ့ခြင်းမရှိသော်လည်း၊ထိုသို့မရေးမှတ်ခြင်းသည်ထုံးနည်းမကျမှုမျှသာဖြစ်၍စီရင်ပိုင်ခွင့်အာဏာမရှိဘဲချမှတ်သည့်ဒီကရီဖြစ်သွားစေသည့်အကျိုးသက်ရောက်မှုမရှိနိုင်ကြောင်း၊သေဆုံးသူတဦးတယောက်အပေါ်ချမှတ်ထားသည့်ဒီကရီသည်ပျက်ပြယ်သော်လည်း(မှတ်ချက်။   ။ 9 Ran 480 ( FB )စီရင်ထုံးကိုကြည့်ပါ။)


ယေဘုယျအားဖြင့်ဆိုလျှင်၊သေသူတဦးတယောက်အားအနိုင်ပေးချမှတ်ထားသောဒီကရီသည်ပျက်ပြယ်ခြင်းမရှိကြောင်း၊စီရင်ထုံးအပိုဒ်၇တွင်-


" It is true that there was no note made as contemplated by Rule 2 of Order 22 as the fact of death was not brought to the notice of the court when it passed the decree . That , however , is a mere irregularity and cannot have the effect of making the decree as one without jurisdiction . It is also well settled that , generally speaking , a decree passed in favour of a dead person is not nullity although a decree made against a dead person is a nullity . "


စသည်ဖြင့်ထုံးဖွဲ့သည်။






Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ