အမှုရပ်စဲခြင်း(အပိုင်း၆)

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


အမှုရပ်စဲခြင်း၊အပိုင်း၆


အချိန်လွန်မှလျှောက်လွှာတင်လျှင်အမှုရပ်စဲသလော


AIR 1959 Pat 254 ( F B ) 


( Masammat Hifsa Khatoon And Ors . Vs Mohammad Salimar Rahman And Ors . on 27 Novmber , 1958 ) 


( Equivalent citations : AIR 1959 Pat 254 ) 


( Bench : V Ramaswami , R Choudhary , K Sahai )


အမှုတွင်၊တရားပြိုင်တဦးကွယ်လွန်သွားရာတရားစွဲဆိုခွင့်မှာအမှုတွဲ၌ရှိနှင့်ပြီးသောအခြားတရားပြိုင်များအပေါ်တွင်သာကျန်ရစ်သည်ဖြစ်၍၊တရားလိုဘက်မှမည်သို့မျှမဆောင်မရွက်နေခဲ့ရာမှတနှစ်ခန့်အကြာတွင်၊ထိုအချက်ကိုမှတ်တမ်းတင်ရန်လျှောက်ထားရာကာလစည်းကမ်းသတ်ကျော်လွန်သည်ဖြစ်၍အမှုရပ်စဲကြောင်းတရားပြိုင်ဘက်မှလျှောက်ထားတင်ပြသည်။


စုံညီခုံရုံးကစီရင်ထုံးအများအပြားကိုစိစစ်ပြီးထိုတင်ပြချက်ကိုပယ်ချရာ၌၊စီရင်ထုံးစာပိုဒ်၅၌အစားထိုးခြင်း(မှတ်ချက်။  ။တရားဝင်ကိုယ်စားလှယ်ထည့်သွင်းခြင်း)ဆိုင်ရာဥပဒေသ​၏ရည်ရွယ်ချက်မှာအမှုတွင်ချမှတ်နိုင်သောအမိန့်သို့မဟုတ်ဒီကရီမှာ၊ကွယ်လွန်သူ​၏အမွေစားအမွေခံများသို့မဟုတ်တရားဝင်ကိုယ်စားလှယ်များအပေါ်တာဝန်ရှိစေရန်အလို့ငှာ၊၎င်းတို့​၏ရှေ့မှောက်၌၎င်းတို့ကိုကြားနာပြီးနောက်အမိန့်ချမှတ်ရမည်ဖြစ်ခြင်းကြောင့်ဖြစ်သည်။


သို့ဖြစ်ရာ၎င်းတို့သည်အမှုတွဲ၌ရှိနှင့်ပြီးဖြစ်လျှင်ဤဥပဒေ​၏ရည်ရွယ်ချက်ဖြစ်မြောက်သည်ဖြစ်၍ထိုကိစ္စအတွက်လျှောက်လွှာတင်ရန်မလိုတော့ချေ။


စီရင်ထုံးစာပိုဒ်၆၌-


( The object of the rule of substitution is that any order or decree that may be passed in the suit must be passed in presence of the heirs or legal representatives of the deceased after hearing them so as to be binding on them . If , therefore , they are already on the record , the purpose of the rule is served and there is no further necessity to make any application in that regard. )


ဟူ၍လည်းကောင်း၊အမိန့်၂၂၊နည်း၂ပါပြဌာန်းချက်များကိုညွှန်ပြပြီးနောက်၊အမှုတွဲတွင်ရှိသောကျန်ရစ်သည့်အမှုသည်များသည်မည်သည့်အနေအထားတွင်ရှိရန်လိုမည်ဟုနည်း၂တွင်မပါရှိကြောင်း၊၎င်းတို့သည်အမှုတွဲတွင်၎င်းတို့​၏အနေအထား(မှတ်ချက်။  ။ဆိုလိုသည်မှာကွယ်လွန်သူ​၏အမွေစားအမွေခံအနေဖြင့်မဟုတ်ဘဲမိမိတို့​၏သီးခြားအနေအထား)အရရှိသည်ဖြစ်စေ၊မရှိသည်ဖြစ်စေအရေးမပါကြောင်း၊စီရင်ထုံးစာပိုဒ်၇တွင်-


( There is nothing in the above rule to require the surviving parties to be on the record in any particular capacity and it is immaterial whether they are on the record in the capacities . )


စသည်ဖြင့်အကြောင်းပြသည်။


ထို့အပြင်စီရင်ထုံးစာပိုဒ်၁၀တွင်-


( The view of the other High Courts is also to the same effect . In Maung Po v. Ma Shwe Ma , ILR 2 Rang 445 : ( AIR 1925 Rang 95 ) , it was held that where in an appeal arising out of a suit for possession of land , one plaintiff-respondent dies leaving surviving her other plaintiff-respondents , who are also her sole legal representatives , the appeal does not abate against the surviving plaintiff-respondenrs , although they may not have been specifically joined as the legal representatives of the deceased plaintiff-respondent . )


စသည်ဖြင့်ရည်ညွှန်းဆုံးဖြတ်သည်။









Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ