အမှုရပ်စဲခြင်း(အပိုင်း၁၀)

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


အမှုရပ်စဲခြင်း၊အပိုင်း၁၀


အထူးအယူခံသည့်၊အထူးအယူခံဝင်ခွင့်ပြုရန်တရားမအထွေထွေလျှောက်လွှာ(အထူး)တင်သည့်နေ့တွင်တင်သွင်းရာရောက်ခြင်း။


တရားမကျင့်ထုံးဥပဒေအမိန့်၃၃အရလူမွဲအဖြစ်တရားစွဲဆိုခွင့်ပြုရန်လျှောက်ထားရာ၌လျှောက်လွှာနှင့်အတူတရားစွဲဆိုသောအဆိုလွှာကိုပူးတွဲတင်ပြရန်အမိန့်၃၃၊နည်း၂(၁)တွင်ပြဌာန်းထားသည်။


လျှောက်လွှာကိုပယ်ပါကအဆိုလွှာကိုအလိုအလျောက်ပယ်ရာမရောက်သေး။


ကျသင့်သောရုံးခွန်ထမ်းဆောင်ပါက(ထိုသို့ထမ်းဆောင်ခွင့်ပြုနိုင်ရန်တရားမကျင့်ထုံးဥပဒေပုဒ်မ၁၄၉တွင်ပြဌာန်းထားသည်ကိုသတိပြုပါ)အဆိုလွှာကိုလူမွဲအဖြစ်တရားစွဲဆိုခွင့်ပြုရန်လျှောက်လွှာတင်သွင်းသည့်နေ့ကပင်(စီရင်ထုံးပါ "on the date on which it was originally filed"ဟူသောစကားရပ်ကိုရည်ညွှန်းသည်။)တင်သွင်းသည်ဟုမှတ်ယူရမည်ဟု၊မသူရပရာဆဒ်အမှု၊1938 RLR 629 ( D B )( Mathura Prasad   v.  R . A . Philips . )( Before Mr . Justice Sharpe )အမှု၌၊ခုံရုံးကထုံးဖွဲ့ထားသည်ကိုထောက်ချင့်ပါက၊အထူးအယူခံဝင်ခွင့်ပြုရန်ဒေါ်ခင်သောင်းလျှောက်ထားသောအမှုသည်၊အမိန့်၂၂နည်း၆အရရပ်စဲခဲ့ခြင်းမရှိခဲ့လျှင်၊ဒေါ်ခင်သောင်းကအထူးအယူခံအတွက်ထိုက်သင့်သည့်ရုံးခွန်ထမ်းဆောင်ရာမှ၊တရားရုံးချုပ်၊၁၉၉၇ခုနှစ်၊တရားမအထူးအယူခံမှုအမှတ်၄၇ကိုဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါမူ၊တရားမအထွေထွေလျှောက်လွှာ(အထူး)အမှတ်၇၆/၉၆နှင့်ပူးတွဲတင်သွင်းခဲ့သောအထူးအယူခံလွှာ(ထိုသို့တင်သွင်းရန်လုပ်ထုံးလုပ်နည်းတွင်ပြဌာန်းထားသည်)ကိုလျှောက်လွှာတင်သွင်းစဉ်ကပင်တင်သွင်းခဲ့သည်ဟု၊ 1938 RLR 629 ( D B )စီရင်ထုံးအရမှတ်ယူရန်ဖြစ်သဖြင့်၊၁၉၉၇ခုနှစ်၊တရားမအထူးအယူခံမှုအမှတ်၄၇မှာသေသူဦးကျော်ညွန့်အပေါ်တရားဘက်ထား၍တင်သွင်းသော၊အယူခံမဖြစ်နိုင်။သို့ဖြစ်ရာဒေါ်ခင်သောင်းဘက်မှအမိန့်၂၂၊နည်း၉(၂)အရလျှောက်ထားနိုင်သည်။


အကယ်၍အထွေထွေလျှောက်လွှာကို၊အပြီးသတ်မကြားနာမီလျှောက်ထားခံရသူသေဆုံးခြင်းဖြစ်ပါမူ၊ထိုလျှောက်လွှာမှာအမိန့်၂၂၊နည်း၄(၃)အရရပ်စဲသည်ဖြစ်၍၊အထူးအယူခံဝင်ခွင့်ပြုသောအမိန့်ခိုင်လုံမည်မဟုတ်သဖြင့်၊အထူးအယူခံမှုကိုကြားနာဆုံးဖြတ်ခွင့်မရှိသဖြင့်စုံညီခုံရုံးကအထူးအယူခံမှုကိုပလပ်ခြင်းသည်မှန်ကန်မည်ဖြစ်သည်။


စီရင်ထုံးစာမျက်နှာ၁၇၉တွင်ဖော်ပြထားသောလျှောက်လဲချက်များကိုဖတ်ရှုပါက၊နှစ်ဖက်သောရှေ့နေများသည်၎င်းတို့ငြင်းခုံကြသောဥပဒေပြဿနာနှင့်စပ်လျဉ်း၍ထုံးသာဓကဖြစ်သော၊ 1938 RLR 629 ( D B )ကိုကိုးကားတင်ပြနိုင်ခြင်းမရှိသည်ကိုတွေ့ရပါလိမ့်မည်။


မြန်မာနိုင်ငံတွင်အမြင့်ဆုံးရုံးဖြစ်သောတရားရုံးချုပ်တွင်တချိန်ကလိုက်ပါဆောင်ရွက်ခဲ့သောဒေါက်တာဧမောင်၊ဒေါက်တာဘဟန်၊ဒေါက်တာဘမော်အစရှိသည့်ဥပဒေပညာရှင်အကျော်အမော်များသာဒေါ်ခင်သောင်းဘက်မှလိုက်ပါခဲ့လျှင်၊ 1938 RLR 629( D B )စီရင်ထုံးကို၊ပွဲထုတ်ရန်ပျက်ကွက်ကြမည်မဟုတ်။

ဥပဒေပညာသည်အပြောကျယ်သည်မှာမှန်ပါသည်။

သို့ရာတွင်နိုင်ငံ​၏အမြင့်ဆုံးတရားရုံးတွင်လိုက်ပါသောရှေ့နေရှေ့ရပ်များသည်၊ယုတ်စွအဆုံးမြန်မာနိုင်ငံစီရင်ထုံးများကိုအပြည့်အစုံလေ့လာပြီးဖြစ်ပါမှတာဝန်ကျေမည်ကိုသတိပြုသင့်သည်။

အထက်၌တင်ပြခဲ့သော၊ AIR 1988 SC 506အမှုမှာကဲ့သို့၊ဒေါ်ခင်သောင်းကမိမိရှေ့နေသည်၊ 1938 RLR 629( D B )စီရင်ထုံးကိုမတင်ပြခဲ့၍မိမိ​၏အယူခံမှုရှုံးရခြင်းဖြစ်သည်ဟုအကြောင်းပြကာ၊တရားမနစ်နာမှုဥပဒေအရနစ်နာကြေးရထိုက်ကြောင်းတရားမစွဲဆိုသည်မှာကံကောင်းပါသည်။


မြန်မာလူမျိုးတို့က၊ဆရာ၊ဆရာဝန်နှင့်ရှေ့နေကြီးများကိုကျေးဇူးရှင်များဟုသဘောထားကြသည်ကိုအခွင့်ကောင်းယူရန်မသင့်။" သူ့ဆန်စားရဲမှ "ဆိုရိုးရှိသည့်အတိုင်းတာဝန်ကျေသင့်သည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ