သေသူအပေါ်ချမှတ်သောဒီကရီသည်ပျက်ပြယ်သည်၊သေသူအပေါ်ချမှတ်ထားသောဒီကရီကိုဇာရီပြုခွင့်မရှိ

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


သေသူအပေါ်ချမှတ်သောဒီကရီသည်ပျက်ပြယ်သည်။


သေသူအပေါ်ချမှတ်ထားသောဒီကရီကိုဇာရီပြုခွင့်မရှိ။


မြန်မာနိုင်ငံတွင်၊၄-၈-၁၉၃၁နေ့၌စီရင်ချက်ချမှတ်သည့်၊သမိုင်းမှတ်တိုင်အဖြစ်ရပ်တည်လျက်ရှိသော-


9 Ran 480( FB )


( S . A . Nathan v. S . R . Samson. )


( Before Sir Arthur Page , Kt. , Chief Justice , Mr . Justice Heald , Mr . Justice Carr , Mr . Justice Mya Bu and Mr . Justice Sen. )


စီရင်ထုံးတွင်သေသူအပေါ်ချမှတ်သောဒီကရီမှာပျက်ပြယ်သည်(စက္ကူစုတ်ဖြစ်သည်)ဖြစ်၍အတည်မပြုနိုင်ဟုပြဆိုထားသည်။


1967 BLR 430


( U Ba E and one v. U Myaing and one )


( Before U Kyaw Zan U , J. )


အမှုတွင်ဒီကရီကိုအတည်ပြုလျက်ရှိသောဇာရီတရားရုံးသည်၊ဒီကရီကိုကျောခိုင်းခြင်းမပြုနိုင်ဟူသော၊အခိုင်အမာတည်ရှိလျက်ရှိသောဥပဒေတွင်ခြွင်းချက်၃ရပ်ရှိကြောင်းပြဆိုပြီး၊သေသူအပေါ်ချထားသောဒီကရီသည်မခိုင်လုံကြောင်းဇာရီမှုတွင်တင်ပြခွင့်ရှိကြောင်းထုံးဖွဲ့သည်။


တရားပြိုင်တဦးနှင့်စပ်လျဉ်း၍၊အပြီးသတ်ဒီကရီကိုအခြေခံသောနောက်ဆုံးစီရင်ချက်သည်၊အမိန့်၂၂၊နည်း၆တွင်၊အကျုံးမဝင်ခဲ့လျှင်၊ထိုစီရင်ချက်အရတရားပြိုင်အပေါ်ချမှတ်သောဒီကရီသည်၊ 9 Ran 480( FB )စီရင်ထုံးအရပျက်ပြယ်အတည်မဖြစ်၊ထိုဒီကရီမျိုးကိုဇာရီပြု၍မရဟုယင်းစီရင်ထုံး၌ပြဆိုထားသည်။


စီရင်ထုံးတွင်ထိုဒီကရီမျိုးသည်( nullity )ဖြစ်သည်ဟုပြဆိုထားသည်။


တရားပြိုင်အပေါ်ချမှတ်သောအချင်းဖြစ်အပြီးသတ်ဒီကရီ(အခြေခံသောစီရင်ချက်သည်အမိန့်၂၂၊နည်း၆တွင်အကျုံးမဝင်ခဲ့လျှင်)သည်၊မြင်သာအောင်ဆိုရပါလျှင်စက္ကူစုတ်နှင့်ပိန်မသာလိန်မသာဖြစ်ပေမည်။


(မှတ်ချက်။   ။မြန်မာစာအဖွဲ့ကထုတ်ဝေသောမြန်မာအဘိဓာန်အကျဉ်း၊အတွဲ၃၊စာမျက်နှာ၄၃တွင်၊ပိန်မသာလိန်မသာ(ကြိယာဝိသေသန)ဟုပြဆိုပြီး၊မြန်မာစာအဖွဲ့​၏မူပိုင်၊မြန်မာ-အင်္ဂလိပ်အဘိဓာန်(၁၉၉၃ခုနှစ်ထုတ်)စာမျက်နှာ၂၇၇၌၊ပိန်မသာလိမ်မသာ(နာမဝိသေသန)ဟု၊သတ်ပုံမှအစကွဲလွဲနေသည်။)


S . A . Nathan  v.  S . R . Samson. 


9 Ran 480 ( FB )


အမှုတွင်အောက်ပါအတိုင်းထုံးဖွဲ့ထားသည်-


" A decree passed against a person under disability who was not properly represented in the suit can be set aside in a regular suit .


A decree passed without inherent jurisdiction can be declared ab initio null and void if proceedings in that behalf are taken as provided by law."


သေသူအပေါ်ချမှတ်သောဒီကရီကိုပယ်ဖျက်ရန်လိုသည်ဟုစီရင်ထုံးတွင်ပြဆိုထားခြင်းမရှိ။သို့သော်ထိုအချီးအနှီးဒီကရီကိုဇာရီပြု၍မရ( inexcutable )ဟုထုံးဖွဲ့ထားခြင်းကိုထောက်ချင့်ပါက၊တရားရုံးကပယ်ဖျက်ရန်မလိုသောဒီကရီမျိုးသာဖြစ်ကြောင်းမြင်သာသည်။


အမွေစီမံခန့်ခွဲပေးစေလိုမှုတွင်ချမှတ်သောဒီကရီသည်ကွယ်လွန်သူတရားပြိုင်အပေါ်ချမှတ်သော၊ပျက်ပြယ်သည့်ဒီကရီဖြစ်ခဲ့လျှင်၊၁၉၃၁ခုနှစ်တွင်ဆုံးဖြတ်သော၊ 9 Ran 480 ( FB )စီရင်ထုံးကိုကိုးကားကာထိုဒီကရီကိုအတည်ပြုခွင့်မရှိဟုဇာရီမှုတွင်အောင်မြင်စွာကန့်ကွက်ရန်ဖြစ်သည်။


တရားစွဲဆိုရာ၌ထိုဒီကရီမှာသေသူအပေါ်ချမှတ်သောဒီကရီဖြစ်ခဲ့လျှင်၊စက္ကူစုတ်နှင့်ပိန်မသာလိန်မသာဖြစ်သည့်အလျောက်၊ 9 Ran 480 ( FB )စီရင်ထုံး၌( nullity )ဖြစ်သည်ဟုဆိုခြင်းသည်၊စက္ကူစုတ်ဖြစ်သည်ဟုဆိုရာရောက်သည်။


ပျက်ပြယ်ကြောင်းမြွက်ဟကြေညာပေးစေရန်တရားစွဲဆိုဖို့မလို။


သို့သော်တရားမကျင့်ထုံးဥပဒေအမိန့်၂၂၊နည်း၆ပါ-


" between the conclusion of the hearing and the pronouncing of the judgment. "


ဟူသောပြဌာန်းချက်များကိုထောက်ရှု၍၊တရားပြိုင်သည်၊အမွေမှုကြားနာခြင်းအဆုံးမသတ်မီကွယ်လွန်ကြောင်း၊အဆိုပြုရန်လိုသည်။


အမွေမှုတွင်အပြီးသတ်ဒီကရီအခြေပြုသော၊အပြီးသတ်စီရင်ချက်မချမှတ်မီ၊အပြီးသတ်လျှောက်လဲချက်ကြားနာသည့်နေ့သည်၊အမှုကြားနာခြင်းအဆုံးသတ်သည့်နေ့ဖြစ်သည်။


AIR 1973 J & K ( Jammu and Kashmir ) 70 


အမှုတွင်၊၁၉၇၀ပြည့်နှစ်၊မေလ၈ရက်နေ့၌လျှောက်လဲချက်ကြားနာပြီးနောက်၊တရားလိုသည်၁၂ရက်အကြာတွင်သေဆုံးသွားပြီး၊စီရင်ချက်ကိုမေလ၂၁ရက်နေ့တွင်ချမှတ်ရာနည်း၆အရအမှုရပ်စဲခြင်းမရှိဟုဆုံးဖြတ်သည့်သာဓကရှိသည်။


အမိန့်၂၂၊နည်း၆ပါ" either party "တွင်၊တရားလိုသို့မဟုတ်တရားပြိုင်အကျုံးဝင်သည်ဖြစ်၍ဤစီရင်ထုံးသည်တရားပြိုင်သေဆုံးသွားသောကိစ္စနှင့်လည်းသက်ဆိုင်သည်မှာယုံမှားဖွယ်မရှိ။


သေသူအပေါ်ချမှတ်သောဒီကရီဟုတ်မဟုတ်စိစစ်ရာ၌၊တရားမကျင့်ထုံးဥပဒေအမိန့်၂၂၊နည်း၆ပါ-


" between the conclusion of the hearing and the pronouncing of the judgment. "


ဟူသောပြဌာန်းချက်များကိုထောက်ချင့်ပါက၊တရားပြိုင်အပေါ်စွဲဆိုခဲ့သောယခင်အမှုကြားနာခြင်း၊အဆုံးသတ်ပြီးနောက်၊စီရင်ချက်မချမှတ်မီတရားပြိုင်သေဆုံးခြင်းလား၊သို့မဟုတ်အမွေမှုကြားနာခြင်း၊အဆုံးမသတ်မီ၊သေဆုံးခြင်းလားဟူသည့်အကြောင်းခြင်းရာအရဆုံးဖြတ်ရန်ဖြစ်သည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ