ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့အယူခံဝင်ရာတွင်ကျင့်သုံးသောတရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၉
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
ရှေ့နေရှေ့ရပ်အများစုသည်၊ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့တရားမအယူခံတင်သွင်းရာတွင်၊ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ၁၂ကိုသာရေးသားပြီး၊တရားမကျင့်ထုံးဥပဒေအရပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့အယူခံဝင်ရာတွင်ကျင့်သုံးသော၊တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၉ကို၊ကိုးကားရေးသားနိုင်ခြင်းမရှိကြောင်းတွေ့ရသည်။
အမှန်မှာပြည်ထောင်စုတရားစီရင်ရေးဥပဒေဟူသည်၊တရားရုံးများကိုထူထောင်ထားပုံနှင့်စပ်လျဉ်းပြီးပြဌာန်းထားခြင်းဖြစ်ကာ၊စီရင်ပိုင်ခွင့်များအတွက်၊Bare Act ဖြင့်အပ်နှင်းရသေးသည်။
တရားမကျင့်ထုံးဥပဒေတွင်၊တရားလွှတ်တော်ချုပ်( Supreme Court )သို့အယူခံတက်လျှင်လိုက်နာရမည့်သီးခြားပြဌာန်းချက်ရှိသည်။
အဆိုပါပြဌာန်းချက်သည်၁၉၆၂ခုနှစ်တရားရုံးချုပ်ကိုတည်ထောင်လိုက်ချိန်မှစတင်ပြီး၊ယခုပြည်ထောင်စုတရားလွှတ်တော်ချုပ်ကိုမတည်ထောင်မီ၂၀၁၁ခုနှစ်အထိ၊လေ့လာကျင့်သုံးမှုမရှိဘဲတိမ်မြုပ်၊လူသိနည်းနေခဲ့သည်။
စာရေးသူဘာသာပြန်ရေးသားထုတ်ဝေသော၊တရားမကျင့်ထုံးဥပဒေပထမတွဲ(နောက်ပိုင်းတွင်ပထမတွဲနှင့်ဒုတိယတွဲကိုပေါင်း၍ထုတ်ဝေသည်)တွင်အဆိုပါပြဌာန်းချက်ကိုဘာသာပြန်ထားသော်လည်း၊အသုံးနည်းသဖြင့်ဖတ်မှတ်လေ့လာသူမရှိသလောက်ဖြစ်နေဟန်တူပါသည်။
တရားလွှတ်တော်ချုပ်သို့အယူခံဝင်ရန်ပြဌာန်းထားသောပြဌာန်းချက်သည်၊တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၉ဖြစ်ပြီး၊ပုဒ်မ၁၀၉တွင်ပုဒ်မခွဲ(က)၊(ခ)နှင့်(ဂ)ဟူ၍သုံးမျိုးပြဌာန်းထားသည်။
Appeal to the Supreme Court.
109. Subject to such rule as may , from time to time , be made by [ the Supreme Court ] regarding appeals from [ other Courts in the Union of Myanmar ] and to the provisions hereinafter contained , an appeal shall lie to [ the Supreme Court ]-
( a ) from any decree of final order passed on appeal by a High Court of the Region or a High Court of the State or any other Court of final appellate jurisdiction ;
( b ) from any decree or final order passed by a High Court of the Region or a High Court of the State in the exercise of original jurisdiction ; and
( c ) from any decree or order when the case , as hereinafter provided , is certified to be a fit one for appeal to [ the Supreme Court ]
တရားလွှတ်တော်ချုပ်သို့အယူခံဝင်ခြင်း
မည်သည့်အခါတရားလွှတ်တော်ချုပ်၌အယူခံဝင်နိုင်ခြင်း
၁၀၉။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းရှိအခြားတရားရုံးများမှတရားလွှတ်တော်ချုပ်၌အယူခံဝင်ခြင်းနှင့်စပ်လျဉ်း၍တရားလွှတ်တော်ချုပ်ကအခါအားလျော်စွာပြဌာန်းထားသည့်နည်းဥပဒေများနှင့်လည်းကောင်း၊နောက်တွင်ဖော်ပြပါရှိမည့်ပြဌာန်းချက်များနှင့်လည်းကောင်းမဆန့်ကျင်စေဘဲအောက်ပါတို့နှင့်စပ်လျဉ်း၍တရားလွှတ်တော်ချုပ်တွင်အယူခံဝင်နိုင်သည်-
(က)တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်တရားလွှတ်တော်၊သို့မဟုတ်၊အပြီးသတ်အယူခံစီရင်ပိုင်ခွင့်အာဏာရှိသည့်အခြားတရားရုံးတရုံးရုံးကအယူခံတွင်ချမှတ်ခဲ့သည့်ဒီကရီတရပ်ရပ်သို့မဟုတ်အပြီးသတ်အမိန့်
(ခ)တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်တရားလွှတ်တော်က၊တရားမမူလစီရင်ပိုင်ခွင့်အာဏာကိုကျင့်သုံးချမှတ်ခဲ့သည့်ဒီကရီတရပ်ရပ်သို့မဟုတ်အပြီးသတ်အမိန့်
(ဂ)နောက်တွင်ပြဌာန်းပါရှိမည့်အတိုင်းအမှုတမှုသည်တရားလွှတ်တော်ချုပ်၌အယူခံဝင်ရန်သင့်တော်သောအမှုဖြစ်ကြောင်းထောက်ခံလျှင်ယင်းအမှုတွင်ချမှတ်သောဒီကရီတရပ်ရပ်သို့မဟုတ်အမိန့်
အထက်ပါပြဌာန်းချက်များအရတရားလွှတ်တော်ချုပ်သို့တရားလွှတ်တော်၏ဒီကရီ၊အမိန့်များကိုတက်ရောက်သောအယူခံမှုများကို၊ပထမအယူခံ၊ဒုတိယအယူခံ၊အထွေထွေအယူခံစသည်ဖြင့်မဖော်ပြရဘဲ၊တရားမအယူခံဟုသာရေးသားဖော်ပြရမည်။
သာဓကအားဖြင့်ပုဒ်မ၁၀၉အရတင်သွင်းသောအယူခံမှုများသည်၁၉၄၈ခုနှစ်မြန်မာနိုင်ငံတရားစီရင်ထုံးများတွင်မပါရှိသေး။
၁၉၄၉ခုနှစ်မြန်မာနိုင်ငံတရားစီရင်ထုံးများ(တရားလွှတ်တော်ချုပ်)စာမျက်နှာ၄၆၊၅၄၊၆၄အစရှိသည်တို့မှာ၊တရားလွှတ်တော်ကအယူခံတွင်ချမှတ်သောဒီကရီများအပေါ်အယူခံဝင်ရောက်လာသောအမှုများဖြစ်သည်။
1949 BLR ( S C ) 46
( A. S. P. S. K. R. Karuppan Chettyar and one v. A. Chokkalingam Chettiar )
( Civil Appeal No. 2 of 1948. )
( Before the Hon'ble Sir Ba U , Chief Justice of the Union of Burma ,Mr . Justice E Maung and Mr . Justice Kyaw Myint . )
1949 BLR ( S C ) 56
( V. E. R. M. Krishanan Chettyar v. M. M. K. Subbiah Chettyar )
( Civil Appeal No. 5 of 1948. )
( Before the Hon'ble Sir Ba U , Chief Justice of the Union of Burma , Mr . Justice E Maung and Mr . Justice Kyaw Myint . )
1949 BLR (S C ) 64
( R. M . M . R. M. Perichiappa Chettyar v. Ko Kyaw Than )
( Civil Appeal No. 10 of 1948. )
( Before the Hon'ble Sir Ba U , Chief Justice of the Union of Burma , Mr . Justice E Maung and Mr . Justice Kyaw Myint. )
1949 BLR ( S C ) 46အမှု၊စီရင်ထုံးစာမျက်နှာ၄၉တွင်အောက်ပါအတိုင်းသုံးသပ်ထားသည်-
" On appeal the learned Judges of the appellate Court observed: "
"The learned Judges then set aside the decree of the trial Court as against the appellants and decreed the suit as against them also , "
ထို့အပြင်စီရင်ထုံးစာမျက်နှာ၅၀တွင်အောက်ပါအတိုင်းသုံးသပ်ထားသည်-
" We respectfully agree with the views thus expressed by the learned Judges of the appellate Court . "
စီရင်ထုံးစာမျက်နှာ၅၂တွင်အောက်ပါအတိုင်းသုံးသပ်ထားသည်-
" In the present case , as pointed out by the learned Judges of the appellate Court , "
1949 BLR ( S C ) 56အမှု၊စီရင်ထုံးစာမျက်နှာ၅၈နှင့်၅၉တွင်အောက်ပါအတိုင်းသုံးသပ်ထားသည်-
" The appellant's objection was rejected by the District Court of Bassein , and his appeal against the order of the District Court of Bassein was dismissed by the High Court , and it is against the judgment of the High Court that this appeal is preferred to this Court under section 6 of the Union Judiciary Act . "
1949 BLR ( S C ) 64အမှု၊စီရင်ထုံးစာမျက်နှာ၆၆တွင်အောက်ပါအတိုင်းသုံးသပ်ထားသည်-
" The trial Court , as also the High Court on appeal from the trial Court , rejected the appellant's claim and the appellant has preferred this appeal . Both in the trial Court and in the High Court , as also before us , "
စီရင်ထုံးစာမျက်နှာ၇၃တွင်အောက်ပါအတိုင်းသုံးသပ်ထားသည်-
" In other words , the prohibition was never intended to operate in circumstances relevant to the decision of this appeal . It cannot , therefore , be said that the concurrent findings of facts of the two lower Courts are open to reconsideration by us . "
ထို့အပြင်၁၉၅၀ပြည့်နှစ်စီရင်ထုံးများတွင်လည်းအလားတူဖော်ပြထားသည်။
သာဓကအားဖြင့်၁၉၅၁ခုနှစ်၊မြန်မာနိုင်ငံတရားစီရင်ထုံးများ(တရားလွှတ်တော်ချုပ်)စာမျက်နှာ၆၃တွင်၊တရားလွှတ်တော်က၁၉၄၉ခုနှစ်၊တရားမအယူခံမှုအမှတ်၁တွင်ချမှတ်သော၊၁၉၄၉ခုနှစ်၊ဩဂုတ်လ၂၅ရက်စွဲပါစီရင်ချက်နှင့်ဒီကရီအပေါ်တင်သွင်းသော၊၁၉၅၀ပြည့်နှစ်၊တရားမအယူခံမှုအမှတ်၄ဟုဖော်ပြထားသည်။
1951 BLR ( S C ) 63
( Daw Hla May v. U Ko Yin )
( Civil Appeal No 4 of 1950 being appeal against the decree and judgment of the High Court in Civil 1st Appeal No . 1 / 49 , dated the 25th August 1949. )
( Present : Sir Ba U , Chief Justice of ths Union of Burma , Mr . Justice E Maung and U Thaung Sein , J . )
နောက်ပိုင်းစီရင်ထုံးများတွင်လည်းအလားတူဖော်ပြထားသည်ကိုလေ့လာတွေ့ရှိနိုင်သည်။
Comments
Post a Comment