အမှုရပ်စဲခြင်း(အပိုင်း၁၂)

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


အမှုရပ်စဲခြင်း၊အပိုင်း၁၂


ဒေါ်ခင်သောင်းအမှု၊ 1998 BLR 177 ( FB )တွင်၊စီရင်ထုံးစာမျက်နှာ၁၈၀၌အမှုဖြစ်စဉ်ကိုအောက်ပါအတိုင်းဖော်ပြထားသည်-


"ဒေါ်ခင်သောင်းတင်သွင်းသည့်တရားမအထွေထွေလျှောက်လွှာ(အထူး)အမှုအမှတ်၇၆/၉၆ကို၊၂၂-၂-၉၆နေ့ကလက်ခံခဲ့ပြီး၂၇-၈-၉၇နေ့တွင်အပြီးသတ်အမိန့်ချမှတ်ခဲ့သည်။


ဦးကျော်ညွန့်သည်၁၃-၃-၉၇နေ့ကကွယ်လွန်ခဲ့ရာဦးကျော်ညွန့်သည်တရားမအထွေထွေလျှောက်လွှာ(အထူး)၇၆/၉၆အတောအတွင်းကွယ်လွန်ခဲ့ခြင်းဖြစ်သည်။


ဦးကျော်ညွန်ကွယ်လွန်ပြီးရက်ပေါင်း၉၀အတွင်းတရားဝင်ကိုယ်စားလှယ်ထည့်သွင်းပေးရန်လျှောက်ထားခြင်းမပြုခဲ့သဖြင့်၊ယင်းတရားမအထွေထွေလျှောက်လွှာ(အထူး)အမှုအမှတ်၇၆/၉၆သည်ကွယ်လွန်သူဦးကျော်ညွန့်နှင့်စပ်လျဉ်း၍အမှုရပ်စဲသွားပြီဖြစ်သည်။"


လျှောက်ထားခံရသူသည်၊တရားမအထွေထွေလျှောက်လွှာ(အထူး)တွင်၊၂၅-၈-၉၇နေ့၌အမိန့်မချမှတ်မီ၄လကျော်၊၁၃-၃-၉၇နေ့တွင်ကွယ်လွန်ခဲ့သည်ဖြစ်ရာ၊လျှောက်လွှာကိုအပြီးသတ်မကြားနာမီကွယ်လွန်သွားခြင်းဖြစ်သည်။အမိန့်၂၂၊နည်း၆တွင်အကျုံးမဝင်သဖြင့်ထိုလျှောက်ထားမှုမှာရပ်စဲသွားသည်ဟု"စုံညီခုံရုံးကပြဆိုခြင်းသည်၊အမိန့်၂၂၊နည်း၄(၃)အရမှန်ကန်သည်မှာယုံမှားဖွယ်မရှိ။


သို့သော်၊ 


1967 BLR 1(7) 


U Kyaw Hla  v.  Ko Tun Kyine and four others 


 Before U Kyaw Zan U , J. 


အမှု၌ပြဆိုထားသကဲ့သို့အမိန့်၂၂၊နည်း၉(၂)အရတင်သွင်းသောလျှောက်လွှာအဖြစ်မှတ်ယူဆုံးဖြတ်ခြင်းမပြု။လျှောက်ထားသူရှေ့နေက၊ကွက်တိစီရင်ထုံးကိုကိုးကားတင်ပြရန်ပျက်ကွက်ခဲ့ပုံပေါ်သည်။


စုံညီခုံရုံးကအောက်ပါအတိုင်းဆက်လက်ကောက်ယူဆုံးဖြတ်ခြင်းသည်အငြင်းပွားရန်အကြောင်းမရှိ-


"အမှုရပ်စဲခြင်းကိုပယ်ဖျက်ပေးရန်ကာလစည်းကမ်းသတ်ဥပဒေနောက်ဆက်တွဲဇယားအမှတ်စဉ်၁၇၁အရ၊အမှုရပ်စဲသည့်နေ့မှစ၍ရက်ပေါင်း၆၀(၉၀ဖြစ်သည်)အတွင်းလျှောက်ထားရမည်ဖြစ်သည်။


အယူခံတရားလိုသည်အမှုရပ်စဲပြီးနောက်ဥပဒေအရသတ်မှတ်ထားသည့်ရက်ပေါင်း၆၀(၉၀ဖြစ်သည်)ထက်များစွာကျော်လွန်မှအမှုရပ်စဲခြင်းကိုပယ်ဖျက်ပေးရန်လျှောက်ထားခြင်းဖြစ်၍၊အယူခံတရားလို​၏လျှောက်လွှာကိုလက်ခံခွင့်ပြုနိုင်မည်မဟုတ်ပေ။"


အယူခံတရားလိုဒေါ်ခင်သောင်းဖက်မှအမှုရပ်စဲခြင်းကိုပယ်ဖျက်ပေးရန်အထူးအယူခံတွင်အမိန့်၂၂၊နည်း၉(၂)အရလျှောက်ထားခြင်းဖြစ်၍၊စုံညီခုံရုံးကထိုပြဿနာကိုသာဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။


ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊၂၀၁၄ခုနှစ်၊တရားမအထူးအယူခံမှုအမှတ်၁၀တွင်လည်းအယူခံတရားပြိုင်ဖက်မှအမှုရပ်စဲသည့်ကိစ္စကိုဒေါ်ခင်သောင်းအမှုမှာကဲ့သို့အထက်ပါအတိုင်းလျှောက်လဲပုံပေါ်သည်။


ပြည်ထောင်စုတရားလွှတ်တော်ချုပ်က"ကွယ်လွန်သူဒေါ်အေး​၏နေရာတွင်တရားဝင်ကိုယ်စားလှယ်ထည့်သွင်းခွင့်ပြုရန်သင့်မသင့်ကြားနာဆုံးဖြတ်စဉ်ကတင်ပြခဲ့၍အဆုံးအဖြတ်ပေးပြီးဖြစ်သောကြောင့်ယခုထပ်မံတင်ပြရန်မလိုအပ်ဘဲတင်ပြခြင်းဖြစ်၍လက်ခံရန်အကြောင်းမရှိချေ။"ဟုဆုံးဖြတ်ခြင်းဖြစ်သည်။


အမှန်စစ်စစ်ဥပဒေပြဿနာမှာထင်ရသည်ထက်ပိုပြီးနက်ရှိုင်းသည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ