ဦးတင်လတ်အမှု၊၂၀၀၁ မတစ ၂၁၆ ( အထူးခုံရုံး )

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


ဦးတင်လတ်အမှု၊၂၀၀၁မတစ၂၁၆(အထူးခုံရုံး)အမှုတွင်၊မူလတရားရုံးကထုတ်ဆင့်ထားသောယာယီတားဝရမ်းကိုတရားရုံးချုပ်ကအယူခံတွင်ပယ်ဖျက်လိုက်ရာထိုအမိန့်အပေါ်တင်သွင်းသောအယူခံတွင်တရားရုံးချုပ်ကချမှတ်သောအမိန့်သည်၊၂၀၀၀ပြည့်နှစ်၊တရားစီရင်ရေးဥပဒေပုဒ်မ၇ပါအဓိပ္ပာယ်အရအပြီးသတ်အမိန့်ဟုတ်မဟုတ်အငြင်းမပွား။အထူးအယူခံခုံရုံးကတရားရုံးချုပ်​၏အမိန့်ကိုပယ်ဖျက်ပြီး၊မူလတရားရုံးအမိန့်ကိုပြန်လည်အတည်ပြုသည်။


E. S. W. C. Company နှင့် ဦးသန်းဝင်း၊၂၀၀၅၊မတစ၊၆၄အမှုတွင်၊အထူးအယူခံခုံရုံးကဒေါ်မြရင်အမှုကိုကိုးကားပြီးနောက်ထုံးဖွဲ့သည်။


ဒေါ်မြရင်အမှုသည်၊E. S. W. C. အမှုနှင့်ဖြစ်ရပ်ချင်းမတူ။


ယာယီတားဝရမ်းလျှောက်ထားခြင်းသည်သီးခြားအမှုဖြစ်သည်။တရားရုံးများလက်စွဲအပိုဒ်၂၈၄ပါညွှန်ကြားချက်အရ၊ထိုကိစ္စကိုတရားမကြီးမှုတွင်ဆောင်ရွက်ရခြင်းဖြစ်သည်။


ယာယီတားဝရမ်းထုတ်ပေးခြင်းသည်၊တရားမကျင့်ထုံးဥပဒေအမိန့်၃၉နှင့်သက်ဆိုင်ပြီး၊ထာဝရတားဝရမ်းထုတ်ပေးသည့်ကိစ္စမှာမူ၊သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၅၄ပါသီးခြားပြဌာန်းချက်နှင့်သက်ဆိုင်သည်။


ယာယီတားဝရမ်းထုတ်ဆင့်သောအမိန့်ကိုချမှတ်ပြီးနောက်တရားမကြီးမှုကိုဆက်လက်စစ်ဆေးဆုံးဖြတ်ရန်ရှိသည်မှာမှန်​၏။သို့ရာတွင်ဆက်လက်အဆုံးအဖြတ်ပေးရမည့်ကိစ္စသည်ယာယီတားဝရမ်းထုတ်ဆင့်ခြင်းကိစ္စနှင့်မသက်ဆိုင်။


မူလတရားရုံးကထုတ်ဆင့်သောယာယီတားဝရမ်းကိုအယူခံအမှုတွင်ပယ်ဖျက်လိုက်သောအမိန့်သည်၊မူလအမှုကြီးပါအငြင်းပွားမှုနှင့်အဓိကအားဖြင့်မဆိုင်။


ယာယီတားဝရမ်းထုတ်သင့်မသင့်ပြဿနာနှင့်စပ်လျဉ်း၍အမှုသည်တို့​၏အခွင့်အရေးတို့ကို၊တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၇(က)​၏အဓိပ္ပာယ်အရအပြီးသတ်ဆုံးဖြတ်ခြင်းဖြစ်သည်။


ယာယီတားဝရမ်းထုတ်ပေးရေးကိစ္စမှာတရားလိုကုမ္ပဏီကတောင်းဆိုသည့်ထာဝရတားဝရမ်းရလိုသည့်သက်သာခွင့်ကိုဖြစ်စေ၊နစ်နာကြေးကိစ္စကိုဖြစ်စေရထိုက်၊မရထိုက်နှင့်သက်ဆိုင်သည်မဟုတ်၍မူလတရားရုံးကယာယီတားဝရမ်းကိစ္စကိုထပ်မံစောကြောရန်အကြောင်းမရှိနိုင်သဖြင့်၊ယာယီတားဝရမ်းထုတ်သင့်၊မသင့်ကိစ္စကို၊အယူခံတရားရုံးကအပြီးသတ်ဆုံးဖြတ်ခြင်းဖြစ်သည်မှာမြင်သာသည်။


တနည်းဆိုရသော်မူလတရားရုံးကယာယီတားဝရမ်းထုတ်သင့်ကြောင်း၊မထုတ်သင့်ကြောင်းချမှတ်သောအမိန့်ကိုတရားမကျင့်ထုံးဥပဒေအမိန့်၄၃၊နည်း၁(ဒ)အရတင်သွင်းသည့်အယူခံတွင်၊တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၇(က)အရ၊ရရှိသောအခွင့်အာဏာအရတရားလွှတ်တော်၊သို့မဟုတ်၊ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကအောက်တရားရုံး​၏အမိန့်ကိုအတည်ပြုသော၊သို့မဟုတ်၊ပယ်ဖျက်သောအမိန့်သည်၊တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၉အလို့ငှာလည်းကောင်း၊ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ၁၉အလို့ငှာလည်းကောင်းအပြီးသတ်အမိန့်ဖြစ်သည်။


အပြီးသတ်အမိန့်မဟုတ်ဟုဆိုပါလျှင်၊တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၇(၁)(က)ပါ"finally"ဟူသောစကားလုံးကိုမျက်ကွယ်ပြုရာရောက်ပေလိမ့်မည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ