တိုင်းတရားရုံးကအမှုကို remand လုပ်ခြင်းသည်တရားမကျင့်ထုံးဥပဒေပုဒ်မ၁၅၁အရဖြစ်သည်

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


တိုင်းတရားရုံးကအမှုကိုremandလုပ်ခြင်းသည်တရားမကျင့်ထုံးဥပဒေပုဒ်မ၁၅၁အရဖြစ်သည်။


ထိုအမိန့်ကိုတရားရုံးချုပ်တွင်ပုဒ်မ၉၆အရဖြစ်စေ၊ပုဒ်မ၁၀၄အရဖြစ်စေအယူခံဝင်ခွင့်မရှိ 1963 BLR 1 ။


တိုင်းတရားရုံး​၏အဆုံးအဖြတ်သည်အထင်အရှားမှားယွင်းသည်ဖြစ်၍တရားရုံးချုပ်သည်အယူခံကိုပြင်ဆင်မှုအဖြစ်ပြောင်းလဲဆုံးဖြတ်သင့်သည်၊သို့မဟုတ်၊1951 BLR ( HC )394( DB )စီရင်ထုံးစာမျက်နှာ၃၉၈တွင်ပြဆိုထားသကဲ့သို့၊အယူခံလွှာကိုပြင်ဆင်မှုလျှောက်လွှာအဖြစ်မှတ်ယူ၍အဆုံးအဖြတ်ပေးနိုင်သည်။


စာရေးသူ​၏တရားမကျင့်ထုံးဥပဒေ(ပထမတွဲနှင့်ဒုတိယတွဲ)(၂၀၁၀ပြည့်နှစ်ထုတ်)စာမျက်နှာ၁၉၄ကိုကြည့်ပါ။


တိုင်းတရားရုံးကအမှုကိုပြန်လည်စစ်ဆေးစေသောအမိန့်ကိုတရားရုံးချုပ်တွင်အယူခံဝင်ခွင့်မရှိသဖြင့်၊တရားမဒုတိယအယူခံမှုဖြင့်မှားယွင်းဖွင့်လှစ်မိသောအယူခံတွင်၊တရားရုံးချုပ်ကဘာမျှဆောင်ရွက်ခွင့်မရှိချေ။


1963 BLR 1 စီရင်ထုံးသည်သာဓကဖြစ်သည်။


တရားဝင်သောအယူခံ( competent appeal )ဖြစ်ပါမှယင်းအယူခံမှုကိုစီရင်ပိုင်ခွင့်အာဏာရှိမည်။


အယူခံဝင်လိုသောဒီကရီမိတ္တူကိုပူးတွဲ၍အယူခံလွှာကိုတင်သွင်းခြင်းမပြုလျှင်ထိုအယူခံသည်တရားဝင်သောအယူခံမဟုတ်ဟုထုံးဖွဲ့သော1962 BLR( CC )152အမှုသည်အစွန်းရောက်သောအမှုဖြစ်သည်။


၁၉၃၂ခုနှစ်၊ဒီဇင်ဘာလ၁၉ရက်နေ့တွင်11 Ran 58( PC )အမှု၌၊ပရီဗီကောင်စီက၊စီရင်ထုံးစာမျက်နှာ၆၆တွင်ရီမန်( Remand )အမိန့်အပေါ်တင်သွင်းသောအမှုသည်တရားဝင်သော( incompetent )အယူခံမဟုတ်ဟုပြဆိုပြီးအယူခံမှုကိုပလပ်လိုက်သည့်သာဓကကို၊တရားရုံးချုပ်ကမဆင်ခြင်မိခြင်းသည်ဖြစ်သင့်ပါသလား။


ထိုအယူခံကိုပလပ်ရုံမှတပါးဘာမျှဆောင်ရွက်ခွင့်ရှိသည်မဟုတ်။


1950 BLR ( HC )(156)အမှု၌၊မပါမဖြစ်ပါဝင်ရန်လိုအပ်သောအမှုသည်မပါဘဲတင်သွင်းသောအယူခံသည်၊တရားမဝင်သောအယူခံ( incompetent appeal )ဖြစ်သည်ဟုပြဆိုရာ၌၊ထိုအယူခံကိုခရိုင်တရားရုံးကပလပ်ခြင်းသည်မှန်သည်ဟုတရားလွှတ်တော်ကဆုံးဖြတ်သည်ကိုဂရုပြုပါ။


တရားမဒုတိယအယူခံဝင်ခွင့်ရရှိစေသည့်တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၀ပါ-


" an appeal shall lie to the High Court from every decree passed in appeal."


ဟူသောပြဌာန်းချက်များကိုဆင်ခြင်ပါက၊တရားလွှတ်တော်(တရားရုံးချုပ်)တွင်အယူခံဝင်နိုင်ရန်၊တိုင်းတရားရုံးကအယူခံ၌ချမှတ်သောအဆုံးအဖြတ်သည်ဒီကရီဖြစ်ရန်လိုသည်ဖြစ်ရာ၊အယူခံတရားရုံးကအမှုကိုပြန်လည်စစ်ဆေးစေရန်ချမှတ်သောအမိန့်သည်၊တရားမကျင့်ထုံးဥပဒေအမိန့်၄၃၊နည်း(၁)(ယူ)တွင်အကျုံးမဝင်သဖြင့်၊မှားယွင်းတင်မိသောတရားရုံးချုပ်တရားမဒုတိယအယူခံမှုကို၊1963 BLR 1 စီရင်ထုံးအရပလပ်ရန်သာဖြစ်သည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ