Substantial question of law

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၉(က)နှင့်သက်ဆိုင်သော၊တရားလွှတ်တော်ကခရိုင်တရားရုံး​၏အဆုံးအဖြတ်ကိုအတည်ပြုသောအဆုံးအဖြတ်များအပေါ်တရားလွှတ်တော်ချုပ်( Supreme Court )သို့တင်သွင်းသောအယူခံမှုသည်၊တရားမကျင့်ထုံးဥပဒေပုဒ်မ၁၁၀၊တတိယအပိုဒ်လာအရေးယူလောက်သောဥပဒေပြဿနာ" Substantial question of law "တွင်သက်ဝင်ရမည်။


စစ်ကြိုခေတ် High Court ကစီရင်ဆုံးဖြတ်ထုံးပြုခဲ့သော-


အမ်စီပတေးပါ၂ နှင့် အိပ်ချ်ဂျီအာရစ်ပါအများ၊ 


13 Ran 744 


( Before Sir Arthur Page , Kt. , Chief Justice , and Mr . Justice Ba U. )


အမှုတွင်၊ပုဒ်မ၁၁၀ပါအရေးယူလောက်သောဥပဒေပြဿနာကို-


" a question of law fairly open to argument , and not merely an alleged question of law , is involved in the appeal "


(အတော်အတန်အချေအတင်ပြောရန်လမ်းပွင့်လျက်ရှိသောဥပဒေပြဿနာဖြစ်သည်။အယူခံတွင်ဥပဒေပြဿနာသက်ဝင်သည်ဟုဆိုရန်သက်သက်မဟုတ်)ဟုအဓိပ္ပာယ်ဖွင့်ဆိုထားသည်။


အဆိုပါစီရင်ထုံးအား၊မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်တည်ထောင်သောတရားလွှတ်တော်က-


ဟာဂျီအယ်(လ်)၊အေ၊အမ်၊နကူးယားမီရာရားနှင့်သားများ နှင့် ဘီဟာရီးလား(လ်)ချွတ်မား(လ်)၊ 


1950 BLR ( H C ) 61 


အမှုတွင်၊တရားလွှတ်တော်တရားဝန်ကြီးချုပ်ဦးသိမ်းမောင်၊တရားဝန်ကြီးဦးစံမောင်တို့ပါဝင်သောခုံရုံးက၊အမ်စီပတေးစီရင်ထုံးပါထုံးဖွဲ့ချက်ကိုလိုက်နာပြီး-


" However the question of law involved must be fairly open to argument . Where the principles of law are well settled their application to perticular set of facts is not substantial question of law "


(အမှုသည်အချင်းချင်းအကြားအငြင်းပွားသောဥပဒေပြဿနာဖြစ်ပါက၊ယေဘုယျအားဖြင့်အရေးမကြီးစေကာမူ၊အရေးယူလောက်သောဥပဒေပြဿနာဖြစ်သည်။သို့ရာတွင်သက်ဝင်သောဥပဒေပြဿနာမှာအတော်အတန်အချေအတင်ပြောစရာရှိသည့်ပြဿနာဖြစ်ရမည်။ဥပဒေမူသဘောတရားများမှာတစုံတခုသောအကြောင်းခြင်းရာများနှင့်ဆက်စပ်ကျင့်သုံးခြင်းသည်အရေးယူလောက်သောဥပဒေပြဿနာမဟုတ်။)ဟုထုံးဖွဲ့လိုက်ရာ၊ယနေ့အထိဆန့်ကျင်ဘက်စီရင်ထုံးဟူ၍မရှိသေးပါ။


သို့ဖြစ်၍၊ခရိုင်တရားရုံး​၏စီရင်ချက်နှင့်ဒီကရီကိုအတည်ပြုသောတရားလွှတ်တော်( High Court )​၏စီရင်ချက်နှင့်ဒီကရီကိုတရားလွှတ်တော်ချုပ်( Supreme Court )သို့တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၉(က)အရအယူခံဝင်ရာတွင်၊တရားမကျင့်ထုံးဥပဒေပုဒ်မ၁၁၀၊တတိယအပိုဒ်ပါ၊အရေးယူလောက်သောဥပဒေပြဿနာအပေါ်သာအယူခံဝင်ခွင့်ရှိပါသည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]