တရားလွှတ်တော်ကခရိုင်တရားရုံး​၏စီရင်ချက်နှင့်ဒီကရီကိုပယ်ဖျက်လိုက်သောဆုံးဖြတ်ချက်အားSupreme Court သို့အယူခံဝင်ခြင်း

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


ဒုတိယအမျိုးအစားဖြစ်သော၊တရားလွှတ်တော်ကခရိုင်တရားရုံး​၏စီရင်ချက်နှင့်ဒီကရီကိုပယ်ဖျက်လိုက်သောဆုံးဖြတ်ချက်အား၊တရားလွှတ်တော်ချုပ်( Supreme Court )သို့အယူခံဝင်ရာတွင်မူ၊တရားမကျင့်ထုံးဥပဒေပုဒ်မ၁၁၀တတိယအပိုဒ်ပါပြဌာန်းချက်နှင့်မသက်ဆိုင်ပါ။


ဒေါက်တာသာမြ နှင့် ဒေါ်ခင်ပု၊ 1951 BLR ( S C ) 108 အယူခံမှုသည်၊မူလတရားရုံး​၏အဆုံးအဖြတ်ကိုတရားလွှတ်တော်( High Court )ကပယ်ဖျက်သောစီရင်ချက်နှင့်ဒီကရီအပေါ်တင်သွင်းသည့်အယူခံမှုဖြစ်သည်။


စီရင်ထုံးစာမျက်နှာ၁၁၁တွင်အောက်ပါအတိုင်းသုံးသပ်ထားသည်-


" The appellant's suit was decreed by the Court of first instance ; but the High Court on appeal by the respondent set aside the decree and dismissed the suit . It is from this decree on appeal of the High Court that this appeal was laid in this Court . "


စီရင်ထုံးစာမျက်နှာ၁၁၃တွင်အောက်ပါအတိုင်းသုံးသပ်ထားသည်-


" The trial Court accepted the appellant's claim that he must be deemed to have deserted the respondent as from the 27th April 1939 , when the respondent found it necessary to resort to action at law to enforce her right to maintenance . xxxxxxxxxxxxxxxxxxxxx , the trial Court , on these findings , declared the marriage dissolved as from the 27th April 1942 . In the event , a decree was granted to the appellant . "


အဆိုပါအယူခံမှုအရ၊အရေးယူလောက်သောဥပဒေပြဿနာသက်ဝင်ကြောင်းအကြောင်းပြရန်လိုအပ်ခြင်းမရှိကြောင်းစီရင်ထုံးပါသုံးသပ်ဆုံးဖြတ်ချက်များအရပေါ်လွင်သည်။သို့ဖြစ်၍၊တရားလွှတ်တော်ချုပ်ကဥပဒေပြဿနာများနှင့်အကြောင်းခြင်းရာများကိုဆုံးဖြတ်ထားခြင်းဖြစ်သည်။


ဒေါ်ခင်ပု နှင့် ဒေါက်တာသာမြ၊ 1949 BLR ( H C ) 283 ( F B )အမှုတွင်၊မြန်မာဗုဒ္ဓဘာသာဒေါက်တာသာမြကမယားဖြစ်သူဒေါ်ခင်ပုအား(၃)နှစ်ကျော်စွန့်ပစ်ပြီးဖြစ်၍၊ဒေါ်ခင်ပုသည်မိမိ​၏မယားမဟုတ်တော့ကြောင်းမြွက်ဟကြေညာပေးရန်နှင့်အခြားသက်သာခွင့်များရလိုကြောင်းတရားစွဲဆိုသည်။


အမှုစွဲဆိုစဉ်အခါက၊လင်ကမယားကိုဖြစ်စေ၊မယားကလင်ကိုဖြစ်စေ၊သတ်မှတ်ကာလကြာစွန့်ပစ်လျှင်လင်မယားအဖြစ်မှအလိုအလျောက်ရပ်စဲသွားသည်ဟုပြဆိုသော၊မညွန့် နှင့် မောင်စံသိန်း၊ရန်ကုန်အတွဲ၅၊စာ၅၃၇(စုံညီ)စီရင်ထုံးအပေါ်အခြေခံ၍၊ဒေါက်တာသာမြကမိမိသည်ဒေါ်ခင်ပုအား(၃)နှစ်ကျော်စွန့်ပစ်ခဲ့ခြင်းကြောင့်၊သို့မဟုတ်၊မယားကမိမိအားတနှစ်ကြာစွန့်ပစ်ခြင်းကြောင့်ဒေါ်ခင်ပုသည်မိမိ​၏မယားမဟုတ်တော့ဟုအကြောင်းပြစွဲဆိုခြင်းဖြစ်သည်။


တရားလွှတ်တော်( High Court )က၊မညွန့်စီရင်ထုံးကိုပယ်ဖျက်ပြီး၊ဒေါက်တာသာမြနှင့်ဒေါ်ခင်ပုတို့လင်မယားအဖြစ်မှအလိုအလျောက်ရပ်စဲခြင်းမရှိဟုဆုံးဖြတ်သဖြင့်၊တရားလိုဒေါက်တာသာမြအမှုရှုံးသည်။


တရားလွှတ်တော်( High Court )​၏အဆုံးအဖြတ်ကို၊တရားလွှတ်တော်ချုပ်( Supreme Court )က၊ဒေါက်တာသာမြ နှင့် ဒေါ်ခင်ပု၊ 1951 BLR ( S C )108အမှုတွင်အတည်ပြုရာ၌၊စွန့်ပစ်ခံရသူကလင်မယားပြတ်စဲလိုသောမိမိ​၏ဆန္ဒကိုအတိအလင်းဖြစ်စေ၊ထိုဆန္ဒကိုညွှန်ပြသောအပြုအမူဖြင့်ဖြစ်စေ၊တုံ့ပြန်မှသာလင်ခန်းမယားခန်းပြတ်စဲသည်ဟုပြဆိုပြီး၊စီရင်ထုံးစာမျက်နှာ၁၃၂၌၊ဒေါ်ခင်ပုသည်ထိမ်းမြားခြင်းအနှောင်အဖွဲ့ကိုဖြတ်လိုသည့်မိမိ​၏ဆန္ဒကိုနှုတ်ဖြင့်ဖြစ်စေ၊အပြုအမူဖြင့်ဖြစ်စေပြခဲ့ကြောင်းတရားလိုဒေါက်တာသာမြကအဆိုမပြု။


တဖက်တွင်၊ဒေါ်ခင်ပုကထိုနှောင်ကြိုးတည်မြဲတည်ရှိကြောင်းအခွင့်အရေးရတိုင်းအခိုင်အမာဖော်ထုတ်ခဲ့သည်။


( It has not been pleaded by him that the respondent either by word or conduct evinced any desire to have the marriage bond dissolved . On the contrary , the respondent has taken every opportunity to assert the subsistence of the bond . )


ဟုအကြောင်းပြသည်။


ဒေါက်တာသာမြတရားစွဲဆိုသည့်နေ့တွင်၊ဒေါ်ခင်ပုသည်ဒေါက်တာသာမြ​၏မယားဖြစ်မြဲဖြစ်နေသေးခြင်းကြောင့်၊ဒေါက်တာသာမြတောင်းဆိုချက်ကိုအရှုံးပေးဆုံးဖြတ်သည်။


ဒေါက်တာသာမြစွဲဆိုသောအမှုတွင်၊ဒေါ်ခင်ပုသည်လင်မယားပြတ်စဲလိုသောဆန္ဒကိုဒေါက်တာသာမြတရားမစွဲဆိုမီတုံ့ပြန်ခဲ့ခြင်းမရှိ၍၊လင်မယားဖြစ်မြဲဖြစ်နေသည့်အလျောက်၊ဒေါက်တာသာမြစွဲဆိုသောအမှုရှုံးနိမ့်ရခြင်းဖြစ်သည်။


အကယ်၍သာစွန့်ပစ်ခံရပြီးအနည်းဆုံးသုံးနှစ်အကြာ၌၊ဒေါ်ခင်ပုသည်လင်ခန်းမယားခန်းပြတ်စဲလိုသောမိမိ​၏ဆန္ဒကိုထုတ်ဖော်ခဲ့သည့်အပြင်၊ဒေါက်တာသာမြကဒေါ်ခင်ပုအားထောက်ပံ့မှုလည်းမရှိခဲ့လျှင်၊ထိုသို့ထုတ်ဖော်သည်နှင့်တပြိုင်နက်လင်ခန်းမယားခန်းပြတ်စဲသွားမည်ဖြစ်၍၊ဒေါက်တာသာမြစွဲဆိုသောအမှုနိုင်ချေရှိသည်။


ဒေါက်တာသာမြအမှုတွင်ယခင်တရားလွှတ်တော်ချုပ်( Supreme Court )က၊လင်သည်မယားကိုစွန့်ပစ်ပြီးသုံးနှစ်တိုင်တိုင်ထောက်ပံ့မှုမပြုဘဲနေသည့်အပြုအမူက၊ထိမ်းမြားခြင်းအနှောင်အဖွဲ့ကိုဖျက်သိမ်းလိုသည့်မိမိ​၏ဆန္ဒကိုထုတ်ဖော်ခြင်းဖြစ်၍၊ထိုဆန္ဒသက်သက်ဖြင့်လင်နှင့်မယားတို့​၏အပြန်အလှန်သဘောတူချက်အရပေါက်ဖွားသောထိုနှောင်ဖွဲ့မှုကိုတရားဝင်ဖျက်သိမ်းရန်လုံလောက်သည်မဟုတ်။


ထိုနှောင်ဖွဲ့မှုကိုတရားဝင်ဖျက်သိမ်းရန်အလို့ငှာ၊မယားဖြစ်သူကလည်းလင်ခန်းမယားခန်းပြတ်စဲလိုသောမိမိဆန္ဒဖြင့်တုံ့ပြန်ရန်လိုအပ်သည်ဟုပြဆိုထားရာ၊စွန့်ပစ်ခံရသူကထိုဆန္ဒကိုတနည်းနည်းဖြင့်ဖော်ထုတ်လိုက်ပါမှလင်ခန်းမယားခန်းပြတ်စဲသွားမည်ဖြစ်သည်။


ဒေါက်တာဦးဧမောင်က၎င်း​၏မြန်မာဗုဒ္ဓဘာသာတရားဥပဒေကျမ်း(၁၉၇၀ပြည့်နှစ်ထုတ်)စာမျက်နှာ၉၀တွင်၊ဒေါက်တာသာမြစီရင်ထုံးကိုရည်ညွှန်းပြီးနောက်၊စွန့်ပစ်ခြင်းကိုအကြောင်းပြုပြီးလင်မယားပြတ်စဲခြင်းသည်အနှစ်သာရအားဖြင့်နှစ်ဦးသဘောတူကွာရှင်းခြင်းဖြစ်ကြောင်း-


" Dissolution of marriage in these circumstances , was , in essence , one by mutual consent , the wife reciprocating the husband's desire to have the marriage dissolved and vice versa . "


ဟုပြဆိုထားခြင်းသည်၊စွန့်ပစ်ခြင်းကိုအကြောင်းပြုပြီးလင်မယားကွာရှင်းပေးရန်အတွက်တရားစွဲဆိုရန်မလိုကြောင်းမြင်သာစေသည်။


သို့ဖြစ်၍၊တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၉(က)အရတင်သွင်းသောအယူခံမှုနှစ်မျိုးတွင်၊အယူခံတင်သွင်းရာ၌ဥပဒေပြဿနာမတူသည်ကိုအလေးအနက်ထားမှတ်သားစေလိုပါသည်။


ထို့အပြင်၊တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၉အရအယူခံမှုများတွင်၊တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၀နှင့်ပတ်သက်၍ထုံးဖွဲ့ထားသောစီရင်ထုံးများကို၊ကိုးကားတင်ပြမလျှောက်လဲရန်အထူးသတိချပ်စေလိုပါသည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ