1940 RLR 35 တွင်ထုံးပြုထားသောစီရင်ချက်ကို

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


1940 RLR 35 တွင်ထုံးပြုထားသောစီရင်ချက်ကို၊ 1952 BLR ( SC ) 4 တွင်၊ပယ်ဖျက်(reversed)ထားသည်။ထုံးဖွဲ့ချက်ကိုပယ်ဖျက်ခြင်းမဟုတ်ပါ။


1940 RLR 35 


Mariam Bibi and another  v. C. E. Malim and another. 


Before Sir Ernest H. Goodman Roberts , Kt., Chief Justice , and Mr. Justice Braund.


အမှုတွင်၊(A)က(B)အပေါ်မလျော်ဩဇာသုံး၍(B)ထံမှကိုယ်စားလှယ်စာရယူသည်။


ထိုကိုယ်စားလှယ်စာအရ(A)သည်(C)အကျိုးအတွက်စွန့်လွှတ်စာချုပ်တရပ်ချုပ်ဆိုသည်။


(B)ကယင်းစွန့်လွှတ်စာချုပ်ကိုပယ်ဖျက်ပေးရန်စွဲဆိုရာ၊စည်းကမ်းသတ်ကာလကို"စာချုပ်ချုပ်ဆိုသည့်နေ့မှစ၍ရေတွက်ရမည်"ဟုဆုံးဖြတ်သည်။


1952 BLR (SC) 4 


Cassim Ebrahim Malim  v. Mariam Bibi(a)Haji Bibi and others.


Present: Mr. Justice E Maung , Mr. Justice Thein Maung and U Thaung Sein , J.


စီရင်ထုံးမှာ၊ဟိုက်ကုတ်လွှတ်တော်တရားသူကြီးဦးဘဦးကစစ်ဆေးစီရင်သည့်မူလမှုအဆုံးအဖြတ်ကိုပယ်ဖျက်သော၊ 1940 RLR 35 ပါအဆုံးအဖြတ်အပေါ်၊ပရီဗီကောင်စီတွင်တင်သွင်းခဲ့သည့်အယူခံမှုဖြစ်သည်။


ပရီဗီကောင်စီကအဆုံးအဖြတ်မပေးနိုင်မီ၊မြန်မာနိုင်ငံလွတ်လပ်ရေးရသွားသဖြင့်၊ယခင်တရားစီရင်ရေးဥပဒေပုဒ်မ၁၂အရ၊ယခင်တရားလွှတ်တော်ချုပ်ကစီရင်ကာအယူခံတရားရုံး​၏အဆုံးအဖြတ်ကိုပယ်ဖျက်ပြီး၊ဦးဘဦး​၏အဆုံးအဖြတ်ကိုပြန်လည်အတည်ပြုသောအမှုဖြစ်သည်။


စီရင်ချက်စာမျက်နှာ၄မှစ၍၁၀တွင်ဆုံးပါသည်။


စာမျက်နှာများတွင်အများဆုံးစာ၃၅ကြောင်းပါသည်။


1952 BLR ( SC ) 4 အမှု၊စီရင်ထုံးစာမျက်နှာ၁၀တွင်၊တရားလွှတ်တော်ချုပ်တရားဝန်ကြီးဦးဧမောင်ကအောက်ပါအတိုင်းဆုံးဖြတ်သည်-


"In these circumstances , the judgment of the Appellate Bench cannot be upheld . We must and do hold that the plainttiffs are not entitled to rescind the releases executed on their behalf by their attorney and that these releases are binding on them . It follows then that the judgment of the Appellate Bench of the High Court must be set aside and that of the trial Judge affirmed .


The Appeal is allowed , the judgment of the High Court in appeal is set aside and that of the Original Side of the High Court restored . Certain circumstances disclosed in the evidence , in our opinion , render it inequitable to saddle either party with the costs of the other and we direct that the parties bear their own costs throughout. "

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ