ဦးဆင့်အမှု- 1960 BLR ( H C ) 83

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


ဦးဆင့်အမှု၊1960 BLR ( HC ) 83တွင်၊ဦးဆင့်နှင့်အယူခံတရားပြိုင်ဒေါ်ဖန်းမေတို့မှာမောင်နှမများဖြစ်ကြသည်။


အမွေမှုတွင်အမွေခွဲရာ၌ညီမများအမွေခွဲဝေရရှိသောမြေပေါ်တွင်ဦးဆင့်​၏တိုက်တစိတ်တပိုင်းရှိနေသဖြင့်၊ဒေါ်ဖန်းမေတို့သည်ဇာရီမှု၌ထိုတိုက်အစိတ်အပိုင်းတည်ရာမြေကိုစတိလက်ရောက်ရပြီးနောက်၎င်းတို့ရရန်ရှိသောမြေပေါ်ရှိဦးဆင့်တိုက်ကိုဖျက်စေရန်၊အာဏာတ္တိကတားဝရမ်းထုတ်ဆင့်ပေးရန်နှင့်မြေလက်ရောက်ရလိုကြောင်းတရားစွဲဆိုရာ၊ဦးဆင့်ဘက်မှထိုကိစ္စမှာအမွေစီမံခန့်ခွဲသည့်ဒီကရီကိုအတည်ပြုခြင်းနှင့်သက်ဆိုင်သည်ဖြစ်၍၊ဒေါ်ဖန်းမေတို့စွဲဆိုသောအမှုကို၊တရားမကျင့်ထုံးဥပဒေပုဒ်မ၄၇ကပိတ်ပင်ကြောင်းထုချေသည်။


မြို့နယ်တရားရုံးက AIR 1934 Cal 751 စီရင်ထုံးကိုကိုးကားပြီးအမှုစွဲဆိုခွင့်ရှိကြောင်းဆုံးဖြတ်ကာ၊စွဲဆိုသည့်အတိုင်းဒီကရီချမှတ်သည်။


အယူခံတွင်တရားလွှတ်တော်က၊စီရင်ထုံးစာမျက်နှာ၈၇၌မြို့နယ်တရားရုံးကကိုးကားသောစီရင်ထုံးသည်၊ပြီးပြည့်စုံသောထုံးသာဓကဖြစ်ကြောင်းညွှန်ပြကာအယူခံကိုပယ်သည်။


ထိုစီရင်ထုံးသည်မြို့နယ်တရားရုံးပိဋကတ်တိုက်တွင်ရှိနိုင်သဖြင့်၊ဒေါ်ဖန်းမေတို့​၏တောရှေ့နေက၊သော့ချက်စီရင်ထုံးကိုတင်ပြနိုင်သည်မှာယုံမှားဖွယ်မရှိပါ။


တရားလွှတ်တော်တွင်၊ထိုစီရင်ထုံးကိုအံတုနိုင်သောထုံးသာဓကကိုဦးဆင့်​၏မြို့ကြီးပြကြီးရှေ့နေမတင်ပြနိုင်ခဲ့။
















Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]