2016 BLR 35 ( F B ) - ဒေါ်ကြည်ကြည်အေးပါ၅ နှင့် ဦးရဲအောင်(ခ)သုခရဲအောင်ပါ၁၃
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
2016 BLR 35 ( FB )
ဒေါ်ကြည်ကြည်အေးပါ၅ နှင့် ဦးရဲအောင်(ခ)သုခရဲအောင်ပါ၁၃
အမှုတွင်၊အဆုံးသတ်သောမူလအမှု၌တရားလိုများသည်ပဏာမဒီကရီရရှိသော်လည်း၊ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်၊၂၀၁၃ခုနှစ်၊တရားမပထမအယူခံမှုအမှတ်၇၃တွင်လည်းကောင်း၊အဓိကတရားပြိုင်၏တရားဝင်ကိုယ်စားလှယ်များက၊၂၀၁၃ခုနှစ်၊တရားမပထမအယူခံမှုအမှတ်၉၂တွင်လည်းကောင်း၊အပြန်အလှန်အယူခံဝင်ကြသည်။
တရားလွှတ်တော်က၊တရားပြိုင်အချို့၏အယူခံကိုပယ်ကြောင်း၊တရားလိုများတင်သွင်းသောအယူခံမှုကိုတစိတ်တဒေသခွင့်ပြုကြောင်း၊စီရင်ချက်တစောင်တည်းတွင်အမိန့်ချသည်။
အယူခံရှုံးသောအမှုသည်တို့သည်မိမိတို့တင်သွင်းသောအယူခံမှုနှင့်ပတ်သက်၍၊ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင်အယူခံမဝင်။
သို့သော်တရားလိုများအားအနိုင်ပေးသောအဆုံးအဖြတ်အပေါ်၊ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့အယူခံဝင်ရာ၊ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကမူလတရားရုံး၏ပဏာမဒီကရီကိုပြန်လည်အတည်ပြုလိုက်သည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်စုံညီခုံရုံးကဆုံးဖြတ်ရန်ပြဿနာ(၂)ရပ်မှာအောက်ပါအတိုင်းဖြစ်သည်-
၁။ ။ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်၊၂၀၁၃ခုနှစ်၊တရားမပထမအယူခံမှုအမှတ်၉၂၏ဒီကရီသည်၊တရားပြိုင်ဦးရဲအောင်(ခ)သုခရဲအောင်တင်သွင်းသည့်၊ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏၂၀၁၄ခုနှစ်တရားမအယူခံမှုအမှတ်၆၅၁တွင်၊မီးသေဆုံးဖြတ်ချက်ဖြစ်မဖြစ်။
၂။ ။အကယ်၍မီးသေဆုံးဖြတ်ချက်မဖြစ်ပါက၊ပြည်ထောင်စုတရားလွှတ်တော်ချုပ်က၊ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံး၏ပဏာမဒီကရီကိုပြန်လည်အတည်ပြုခဲ့ခြင်းသည်မှန်ကန်မှုရှိမရှိ။
Comments
Post a Comment