မီးသေခြင်းဆိုင်ရာဥပဒေ​၏မျက်နှာစာတရပ်

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


မီးသေခြင်းဆိုင်ရာဥပဒေ​၏မျက်နှာစာတရပ်


မီးသေခြင်းဆိုင်ရာဥပဒေ​၏မူသဘော


8 Ran 302(DB)

(Daw Ohn Bwin v. U Ba and one)

(Before Mr. Justice Heald and Mr. Justice Otter.)နှင့်


1949 BLR(HC)543(DB)

(Ali Hoosein  v. W. Cooper and one)

(Before U Thein Maung , Chief Justice , and U San Maung , J.)


အမှုများ၌ကိုးကားသော၊ 


11 I.A. 37


( Ram Kirpal Shukul  v. Mussumat Rup Kuari)


(delivered 1st December 1883)


(Present : Lord Fitzgerald. , Sir Barnes Peacock., Sir Robert P. Collier., Sir Richard Couch., Sir Arthur Hobhouse.)


စီရင်ထုံးတွင်၊တရားမကျင့်ထုံးဥပဒေပုဒ်မ၁၁တွင်မီးသေခြင်းဆိုင်ရာဥပဒေသဘောကိုအကုန်အစင်ပြဌာန်းထားသည်မဟုတ်။


တရားမကျင့်ထုံးဥပဒေပုဒ်မ၁၁သည်၊ဇာရီမှုများနှင့်အတိအကျသက်ဆိုင်သည်မဟုတ်သော်လည်း၊မီးသေခြင်းဆိုင်ရာဥပဒေနှင့်သက်ဆိုင်သည်ဟုထုံးဖွဲ့သည်။


1949 BLR(HC)543(DB)စီရင်ထုံးတွင်စာမျက်နှာ၅၄၉၌၊အထက်ပါပရီဗီကောင်စီ(11 I.A. 37)စီရင်ထုံးရှိအောက်ပါထုံးဖွဲ့ချက်ကိုကိုးကားသည်-


"A Judge having decided in the course of execution proceedings that the decree according to its true construction awarded future mense profits , such decision having been or become final was binding between the parties , and could not in a later stage of the execution proceedings be set aside and future mesne profits be disallowed."


8 Ran 302အမှုတွင်၊ခုံရုံးကတရားမကျင့်ထုံးဥပဒေပုဒ်မ၁၁ပါရှင်းလင်းချက်များအပါအဝင်၊တရားမကျင့်ထုံးဥပဒေပုဒ်မ၁၁တရပ်လုံးသည်၊ဇာရီမှုနှင့်သက်ဆိုင်သည်ဟုအောက်ပါအတိုင်းထုံးဖွဲ့သည်-


"Held that the principle of res judicata as laid down in section 11 of the Civil Procedure Code , together with the explanation thereto apply to execution proceedings."


၁၉၄၉ခုနှစ်စီရင်ထုံးတွင်၊တရားလွှတ်တော်တရားဝန်ကြီးချုပ်ဦးသိမ်းမောင်နှင့်တရားဝန်ကြီးဦးစံမောင်တို့ပါဝင်သောခုံရုံးက၊ဇာရီမှုတမှု​၏အဆင့်တဆင့်တွင်ချမှတ်သောစီရင်ချက်သည်ထိုအမှု​၏နောက်တဆင့်တွင်မီးသေသည်ဟုပြဆိုသည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]