တရားမကြီးမှုတမှုတွင်တရားလိုဘက်နှင့်တရားပြိုင်ဘက်တို့အကြားအငြင်းပွားသည့်အကြောင်းအရာ
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
တရားမကြီးမှုတမှုတွင်၊တရားလိုဘက်နှင့်တရားပြိုင်ဘက်တို့အကြားအငြင်းပွားသည့်အကြောင်းအရာကိုယေဘုယျအားဖြင့်ပယ်ဖျက်ခြင်းမရှိလျှင်၊ထိုအကြောင်းအရာကိုနောက်အမှုတွင်အချင်းများခွင့်မရှိတော့။
2016 BLR 35 ( FB )စီရင်ထုံးစာမျက်နှာ၄၂နှင့်၄၃ရှိအမှုဖြစ်စဉ်အရ၊တရားလိုဘက်မှဖခင်ဖြစ်သူမိထွေးနှင့်ပေါင်းသင်းသောအခါပါသွားသောအထက်ပါပစ္စည်းနှင့်၊မိထွေးနှင့်ပေါင်းသင်းစဉ်ဖြစ်ထွန်းသောလက်ထက်ပွားပစ္စည်းများကိုခွဲဝေပေးရန်တရားစွဲဆိုသည်။
မိထွေးတရားပြိုင်ကအမွေရှင်သည်မိထွေးနှင့်အကြောင်းပါစဉ်ကပစ္စည်းဘာမျှမပါ၊လက်ထက်ပွားပစ္စည်းကိုရောင်းချပြီး၊တရားလိုတို့ကိုခွဲဝေပေးပြီးပြီဟုထုချေသည်။
စီရင်ထုံးစာမျက်နှာ၅၂၌၊အမွေရှင်နှင့်မိထွေးတို့သည်သားသမီးမရဟုဖော်ပြထားသည်။ထိုသို့ဆိုလျှင်၊မိထွေးနေရာ၌ထည့်သောအမှုသည်တို့သည်၊မိထွေးနှင့်မည်သို့ဆွေမျိုးတော်စပ်သည်မသိရ။
စီရင်ချက်စာမျက်နှာ၄၃တွင်၊၎င်းတို့ကိုအမှုသည်မိထွေး၏တရားဝင်ကိုယ်စားလှယ်များဖြစ်လာပုံကိုအောက်ပါအတိုင်းဖော်ပြထားသည်-
"မူလမှုအတွင်းတရားပြိုင်အမှတ်(၁)ဒေါ်ကျင်မေသည်၂၇-၈-၂၀၁၁နေ့တွင်ကွယ်လွန်သဖြင့်တရားလိုများ၏ရှေ့နေကသတင်းစာပါနာရေးကြော်ငြာအရ၊ကိုရဲအောင်(ခ)သုခရဲအောင်၊၎င်း၏ဇနီးဒေါ်သီတာနှင့်သားသမီး၃ဦးဖြစ်သူမောင်ရဲလေး၊မောင်ရဲသူရ၊မရဲသီတာခိုင်တို့၅ဦးကို၊တရားဝင်ကိုယ်စားလှယ်အဖြစ်ထည့်သွင်းပေးရန်လျှောက်ထားရာ၊တရားရုံးက၁၀-၁၀-၂၀၁၁နေ့တွင်တရားဝင်ကိုယ်စားလှယ်ထည့်သွင်းခွင့်ပြုခဲ့ပြီးအမှုကိုဆက်လက်စစ်ဆေးစီရင်ခဲ့သည်။"
တရားဝင်ကိုယ်စားလှယ်အဖြစ်ထည့်သွင်းခံရသူတို့သည်၊တရားမကျင့်ထုံးဥပဒေပုဒ်မ၂(၁၁)တွင်အကျုံးဝင်မဝင်မသိရ။ထူးဆန်းသောလျှောက်လွှာဖြစ်သည်။တရားရုံး၏အမိန့်သည်ထူးဆန်းလှသည်။
တရားဝင်ကိုယ်စားလှယ်အဖြစ်ထည့်သွင်းခံရသောကိုရဲအောင်၏ဇနီးကိုတရားဝင်ကိုယ်စားလှယ်အဖြစ်ထည့်သွင်းခြင်းသည်ပို၍ထူးဆန်းသည်။သားသမီး၃ဦးဆိုသောသူတို့သည်မည်သူ၏သားသမီးများဖြစ်ကြောင်းလည်းမသိရ။
တရားမကြီးမှုတွင်မီးသေဆုံးဖြတ်ချက်ဖြစ်ရန်၊ထိုဆုံးဖြတ်ချက်သည်ယခင်အမှု၌မည်သည့်နှစ်ဖက်အမှုသည်များသည်တိုက်ရိုက်အားဖြင့်လည်းကောင်း၊အဓိကအားဖြင့်လည်းကောင်း၊အငြင်းပွားချက်အပေါ်ဆုံးဖြတ်သည်ကိုစိစစ်ရန်ဖြစ်သည်။
ဆွေးနွေးလျက်ရှိသောစီရင်ထုံးတွင်၊စုံညီခုံရုံးကပထမပြဿနာ၏အဖြေကိုရှာရာ၌၊ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်၊၂၀၁၃ခုနှစ်၊တရားမပထမအယူခံမှုအမှတ်၉၂နှင့်ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊၂၀၁၄ခုနှစ်၊တရားမအယူခံမှုအမှတ်၆၅၁တွင်၊ဦးရဲအောင်တို့တင်သွင်းခဲ့သောအယူခံအကြောင်းပြချက်များဖြစ်သည်။
Comments
Post a Comment