စံကျမ်းများရှားပါးခြင်း

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


စံကျမ်းများရှားပါးခြင်း


မျက်မှောက်ခေတ်တွင်ဥပဒေပညာရှင်များလေ့လာခွင့်ရသောဥပဒေကျမ်းအများစုမှာ၊အိန္ဒိယနိုင်ငံကအင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေသောကျမ်းများဖြစ်ကြသည်။


ထိုကျမ်းများကိုဥပဒေပညာရှင်အများစုကလက်လှမ်းမီနိုင်မည်မဟုတ်။


မြန်မာနိုင်ငံ၌ပေါ်ထွက်ခဲ့သောအကျော်အမော်ဥပဒေပညာရှင်တို့သည်၊မြန်မာဓလေ့ထုံးတမ်းဥပဒေများမှအပ၊အခြားဘာသာရပ်များကိုကျမ်းပြုစုခဲ့ခြင်းမရှိသလောက်ဖြစ်ခြင်းကအခက်အခဲပို၍ဖြစ်စေသည်။


နိုင်ငံတော်တရားရုံးချုပ်(၁၉၆၂-၇၃)ပင်စင်စားတရားသူကြီးဦးသက်ဖေကမြန်မာဘာသာဖြင့်ပြုစုသောရာဇသတ်ကြီးဆိုင်ရာကျမ်းကဲ့သို့စံချိန်မီကျမ်းများမရှိသလောက်နည်းပါးသည်။


မြန်မာနိုင်ငံစီရင်ထုံးများ


၁၈၇၂မှ၂၀၁၅ကာလအတွင်းထုတ်ဝေခဲ့သောမြန်မာနိုင်ငံစီရင်ထုံးများသည်၊ဥပဒေများ​၏မျက်နှာစာအရပ်ရပ်ကိုမလွှမ်းခြုံမိသေးခြင်းကြောင့်၊အိန္ဒိယနိုင်ငံနှင့်အင်္ဂလန်နိုင်ငံစီရင်ထုံးများကိုလေ့လာရန်လိုအပ်ဆဲဖြစ်သည်။


မြန်မာနိုင်ငံတွင်၁၉၂၂ခုနှစ်ကုန်ခါနီး၌တည်ထောင်သော၊ဟိုက်ကုတ်လွှတ်တော်တရားဝန်ကြီးအားလုံး(ကိုးဦး)မကြုံစဖူးပါဝင်သောစုံညီခုံရုံးကတညီတညွတ်တည်းဆုံးဖြတ်သော-


4 Ran 313 ( FB )


( In Re Ma Mya  v. Ma Thein. )


( Before Sir Guy Rutledge, Kt., K. C., Chief Justice ,

  Mr. Justice Heald ,

  Mr. Justice Carr ,

  Mr. Justice Duckworth ,

  Mr. Justice Cunliffe ,

  Mr. Justice Chari ,

  Mr. Justice Das ,

  Mr. Justice Otter , and

  Mr. Justice Maung Ba )


စီရင်ထုံးတွင်၊တရားရုံးများကပရီဗီကောင်စီနှင့်ဟိုက်ကုတ်လွှတ်တော်​၏အဆုံးအဖြတ်များ(decisions)ကိုလိုက်နာရန်တာဝန်ရှိကြောင်းထုံးဖွဲ့သည်။


စီရင်ထုံးဟုမဆို။


သို့ဖြစ်ရာအစိုးရကထုတ်ဝေသောစီရင်ထုံးများအပြင်၊တရားဝင်ထုတ်ဝေခြင်းမဟုတ်သည့် BLT , BLJ , Agabeg's BLR , 14 Volumes(1895-1908)နှင့် AIR Ran စာအုပ်များပါအဆုံးအဖြတ်များကိုလည်း၊တရားရုံးများကကိုးကားလိုက်နာသည်ကိုတွေ့ရပါသည်။


အစိုးရကထုတ်ဝေသောစီရင်ထုံးစာအုပ်များတွင်ထုံးပြုသည့်စီရင်ချက်များကို၊တရားလွှတ်တော်တရားဝန်ကြီးချုပ်(တရားရုံးချုပ်တရားသူကြီးချုပ်)၊တရားလွှတ်တော်ဝါရင့်တရားဝန်ကြီးနှစ်ဦး၊နိုင်ငံတော်ရှေ့နေချုပ်၊ဝါရင့်တရားလွှတ်တော်ရှေ့နေအနည်းဆုံးနှစ်ဦးပါသော၊စီရင်ထုံးများပြုစုရေးကောင်စီကရွေးချယ်ထုတ်ဝေခြင်းဖြစ်သည်။


စကာတင်စီရင်ချက်များကိုထုံးပြုခြင်းဖြစ်၍အမှားနည်းသည်။


သို့သော်အငြင်းပွားဖွယ်ဥပဒေပြဿနာများကိုဆုံးဖြတ်သောစီရင်ချက်များအနည်းအကျဉ်းပါတတ်သည်။


ပုဂ္ဂလိကအဖွဲ့အစည်းများကထုတ်ဝေသော BLT အစရှိသည့်စီရင်ထုံးစာအုပ်များတွင်မူ၊စီရင်ထုံးပြုစုရေးကောင်စီကထုံးပြုရန်မသင့်၍ပယ်ထားသောစီရင်ချက်များပါတတ်သည်။


သို့ဖြစ်၍ -


1940 RLR 54 ( DB )


Maung Aung Thein v. Maung Ba Maung and others.


Before Mr. Justice Mya Bu , and Mr. Justice Dunkley.


အမှုတွင်၊အောက်ရုံးကိုးကားဆုံးဖြတ်သော-


AIR 1938 Rangoon 216


Ma Yar Thein and another v. U Ta Te and another.


စီရင်ထုံး၌ချမှတ်သောအဆုံးအဖြတ်မှားယွင်းကြောင်းထောက်ပြပြီး၊စီရင်ထုံးစာမျက်နှာ၅၈၌-


"This is another example of the danger of relying upon unauthorized reports."


ဟုမှတ်ချက်ချထားသည်ကိုတွေ့ရပါသည်။


သို့ဖြစ်ရာဥပဒေပညာရှင်တို့သည်၊တရားဝင်ထုတ်ဝေခြင်းမပြုသည့်စီရင်ချက်များကိုဂဃဏနဖတ်ကြရန်နှင့်အမှားကင်းမကင်းသတိကြီးစွာထား၍လေ့လာကြရန်နှိုးဆော်လိုက်ပါသည်။


ဥပဒေပညာရှင်များအတွက်အခက်ခဲဆုံးကိစ္စတရပ်ဖြစ်သည်။


ပရီဗီကောင်စီစီရင်ချက်များကို Indian Appeals( I. A.)စီရင်ထုံးများအဖြစ်ထုတ်ဝေသည်ဟုစာရေးသူက၊ကနဦးနားလည်မှတ်သားမိခဲ့ပါသည်။


စာရေးသူသည်ဗဟိုတရားရုံးသို့၁၉၇၉ခုနှစ်အတွင်းရောက်လာရာမှပိဋကတ်တိုက်ရှိအဆိုပါစီရင်ထုံးများကိုစတင်ဖတ်ခဲ့ပါသည်။


အတွဲ၁၊၂၊၃စသည်ဖြင့်အပြည့်အစုံရှိပုံပေါ်ပါသည်။


၁၈၆၈ခုနှစ်မှစ၍နှစ်အလိုက်ထုတ်ဝေခဲ့ခြင်းဖြစ်ပါသည်။


အိန္ဒိယနိုင်ငံတွင်လက်ရှိတရားလွှတ်တော်ချုပ်ကိုအမြင့်ဆုံးတရားရုံးအဖြစ်တည်ထောင်သောအခါ Indian Appeals စီရင်ထုံးစာအုပ်များကိုဆက်လက်ထုတ်ဝေရန်အကြောင်းမရှိတော့ပါ။


၁၈၃၆မှ၁၈၇၂ခုနှစ်ကာလအတွင်း၊ပရီဗီကောင်စီအဆုံးအဖြတ်များကို Moore's Indian Appeals အဖြစ်၊စီရင်ထုံး၁၄တွဲထုတ်ဝေခဲ့ပါသည်။


ပရီဗီကောင်စီစီရင်ထုံးသမိုင်းကိုသိနိုင်ရန်ဖော်ပြခြင်းဖြစ်သည်။


အိန္ဒိယနိုင်ငံတရားလွှတ်တော်များသည်၊ဥပဒေပြဿနာတရပ်တည်းအပေါ်အမြင်အမျိုးမျိုး၊အကြောင်းပြချက်အမျိုးမျိုးဖော်ပြဆုံးဖြတ်တတ်ကြသည်ဖြစ်၍၊တယောက်တပေါက်စီရင်ထုံးများရှိသည်။


အချို့အပေါ်ပရီဗီကောင်စီနှင့်မြန်မာနိုင်ငံယခင်တရားလွှတ်တော်ချုပ်တို့ကအဖြေပေးသဖြင့်အငြင်းပွားစရာမရှိတော့။


သို့သော်သဘောကွဲလွဲသောစီရင်ထုံးများရှိဆဲဖြစ်သဖြင့်၊ယင်းစီရင်ထုံးများကိုစုဆောင်းပြီးစီရင်ထုံးပေါင်းချုပ်များထုတ်ဝေခဲ့သည်။


မြန်မာနိုင်ငံတွင်ထိုကျမ်းမျိုးမရှိ။


စာရေးသူကစီရင်ထုံးပေါင်းချုပ်အမည်ဖြင့်ထိုစီရင်ထုံးများကိုစုစည်းပြုစုထားသည်။


ထိုစာအုပ်ထုတ်ဝေခဲ့သည်မှာကြာပြီဖြစ်သည်။


ထိုစာအုပ်တွင်သဘောကွဲလွဲသောစီရင်ထုံးအချို့ကိုဖော်ပြနိုင်ခြင်းမရှိ၍၊ပြီးပြည့်စုံသောစာအုပ်မဟုတ်ပါ။


သို့သော်အထောက်အကူရတန်သလောက်ရနိုင်မည်ဟုစာရေးသူကယုံကြည်ပါသည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]