ပြင်ဆင်မှုတင်သွင်းသူသည်မိမိနစ်နာမှုကိုအခြားနည်းကုစားနိုင်ရန်လမ်းပွင့်နေပါက

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


ပြင်ဆင်မှုတင်သွင်းသူသည်၊မိမိနစ်နာမှုကိုအခြားနည်းကုစားနိုင်ရန်လမ်းပွင့်နေပါကပြင်ဆင်မှုတွင်စွက်ဖက်မည်မဟုတ်ဟူသောတရားစီရင်ရေးမူသည်၊အတည်တကျဖြစ်လျက်ရှိသည်မှာမငြင်းနိုင်။


တရားမပြင်ဆင်မှုဘောင်တွင်အကျုံးမဝင်သောပြင်ဆင်မှုများကိုလက်ခံကြားနာဆုံးဖြတ်ခြင်းသည်၊ပြင်ဆင်မှုတရားရုံးများ​၏အချိန်ကိုအလဟဿဖြုန်းတီးရာရောက်သည်။


ယခင်ကပြင်ဆင်မှုတရားရုံးသည်တရားလွှတ်တော်သာဖြစ်သည်။


ယခုခရိုင်တရားရုံး၊တရားလွှတ်တော်နှင့်ပြည်ထောင်စုတရားလွှတ်တော်ချုပ်တို့တွင်ပြင်ဆင်မှုတမှုပြီးတမှုတင်သွင်းခွင့်ရနေခြင်းသည်ဖြစ်သင့်မသင့်၊ဥပဒေပြုအဖွဲ့ကပြန်လည်စိစစ်သင့်သည်။


တရားမကျင့်ထုံးဥပဒေပုဒ်မ၉၆၊ပုဒ်မ၁၀၀၊ပုဒ်မ၁၀၉(က)တို့တွင်၊တင်သွင်းသောတရားမအယူခံတို့ကိုအမျိုးမျိုးဘောင်ခတ်ထားသည်။


တရားမပြင်ဆင်မှုတွင်မူ၊သုံးဆင့်သောတရားရုံးတို့သည်တရားမကျင့်ထုံးဥပဒေပုဒ်မ၁၁၅ပါ၊အခွင့်အာဏာတခုတည်းကိုထပ်တလဲလဲသုံးခွင့်ရခြင်းသည်ဖြစ်သင့်ပါသလား။


ထိုသို့မဖြစ်စေရန်ယခင်ကတရားလွှတ်တော်တခုတည်းကိုသာ၊ပြင်ဆင်မှုအာဏာအပ်နှင်းထားခြင်းဖြစ်သည်။ယခင်တရားလွှတ်တော်ချုပ်တွင်တရားမပြင်ဆင်မှုအာဏာမရှိ။


တရားလွှတ်တော်တွင်သာထိုအခွင့်အာဏာကိုသုံးစွဲသဖြင့်၊ပြင်ဆင်မှုများတွင်ချမှတ်သောအဆုံးအဖြတ်တို့သည်၊ညီညွတ်(consistent)ခဲ့သည်။


ယခုအခါပြင်ဆင်မှုတရားရုံး(အရေအတွက်အားဖြင့်ငါးဆယ်ထက်နည်းမည်မဟုတ်)တို့က၊ထိုအခွင့်အာဏာကိုသုံးစွဲရာတွင်မူ၊ထိုသို့ညီညွတ်မှု(consistency)ရှိမရှိ၊ဥပဒေကော်မရှင်ဖွဲ့၍စိစစ်သင့်သည်။


တနည်းအားဖြင့်၊တရားရေးဝန်ထမ်းအဆင့်(၂)ကဲ့သို့၊ဥပဒေပညာမရင့်ကျက်သေးသောတရားသူကြီးက၊သိမ်မွေ့သောဥပဒေပြဿနာသက်ဝင်သည့်တရားမပြင်ဆင်မှုကိုစီရင်သင့်ပါသလား။



Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]