ရှေးထုံးကိုဆက်လက်လိုက်နာရန်

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


၁၈၇၂မှ၁၉၇၃ကာလအတွင်းထုတ်ဝေသောစီရင်ထုံးများကညွှန်ပြသောရှေးထုံးကိုဆက်လက်လိုက်နာရန်ဖြစ်ပါသည်။


ယခုအခါမြန်မာနိုင်ငံတွင်၊နှစ်တရာကျော်စီရင်ထုံးများရှိနေပြီဖြစ်ရာလက်ရှိတရားရုံးများသည်ခေတ်ဟောင်းတရားရုံးများ​၏စီရင်ထုံးများကို၊ထုံးသာဓကများဖြင့်ကြောင်းကျိုးပြကာဝေဝေဆာဆာရေးသားရန်အခွင့်အရေးရရှိနိုင်သည်ဖြစ်၍၊တပန်းသာလျက်ရှိသည်။


လက်တွေ့၌ခိုင်လုံသောကြောင်းကျိုးမပြဘဲတရားစီရင်ကြသည်မှာမဖြစ်သင့်ကြောင်းအသိတရားရှိကြဖို့လိုပါသည်။


ခိုင်လုံသောကြောင်းကျိုးမပြဘဲစီရင်ချက်ရေးခြင်းက၊ဆိုင်ရာတရားသူကြီးတို့​၏အားထုတ်မှုလျော့ရဲခြင်းကိုညွှန်ပြလျက်ရှိပါသည်။


ထိုသို့အားထုတ်မှုလျော့ရဲခြင်းသည်၊ဆိုင်ရာတရားသူကြီး​၏စိတ်ဓာတ်ပျော့ညံ့မှု၊စိတ်ဝင်စားခြင်းနည်းပါးမှု၊စီရင်ချက်ကိုဖြစ်ကတတ်ဆန်းရေးခြင်းစသည်တို့ဖြစ်နေမှုက၊အမှုသည်တို့​၏မျက်နှာကိုမထောက်ထားတတ်မှု၊ပေါ့ပျက်မှုစသည့်၊စသည့်အားနည်းချက်များအပေါ်အ​ခြေခံသည်ဟုဆိုပါလျင်၊လိပ်ပြာသန့်သန့်ငြင်းရဲပါမည်လား။



Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ