စာရေးသူ၏ရည်ရွယ်ချက်
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
စာရေးသူ၏ရည်ရွယ်ချက်မှာ၊ရှေ့နေရှေ့ရပ်များသိသင့်သောဥပဒေပညာကိုဖောက်သည်ချခြင်းဖြင့်အမှားနည်းသွားစေရန်ရှေ့ရှုသည်။
သို့ဖြစ်၍ဤကားအမှား၊ဤကားအမှန်ဟုခွဲခြားပြခြင်းဖြင့်ပညာရစေရန်ရည်သန်သည်။အမှားကျူးလွန်သူတို့ကိုအပုတ်ချရန်ရည်ရွယ်ချက်မရှိ။
သို့သော်အမှားကိုမပြဘဲအမှန်ကိုလွယ်လွယ်မြင်မည်မဟုတ်။
တက္ကသိုလ်တွင်ဥပဒေပညာအမှန်ကိုသင်ကြားပို့ချသော်လည်း၊လက်တွေ့နယ်ပယ်၌မှားမှန်းမသိ၍အမှားကျူးလွန်ရာ၌၊ဓားစာခံမှာအမှုသည်များဖြစ်ကြသည်။
၎င်းတို့ကိုအကျိုးပြုသောရှေ့နေရှေ့ရပ်များပေါ်ထွန်းရေးကိုစာရေးသူဦးတည်သည်။
ရှေ့နေရှေ့ရပ်တို့၏အမှားသည်၊ရှေ့နေလောကတရပ်လုံးကိုအကျိုးဖြစ်ထွန်းစေရန်၊အမှန်ကိုအမှန်ဟုသိအောင်၊စာရေးသူရေးသားထုတ်ဝေနေခြင်းဖြစ်သည်ကိုသာဓုခေါ်စေချင်သည်။
သာဓုခေါ်သည့်တချိန်တည်းမှာပင်သင်ခန်းစာယူစေချင်သည်။
ဤကားစာရေးသူ၏အကြွင်းမဲ့စေတနာဖြစ်ချေသည်။
လွတ်လပ်သောပြည်ထောင်စုမြန်မာနိုင်ငံပေါ်ထွန်းသောအခါတည်ထောင်ခဲ့သောတရားလွှတ်တော်ချုပ်နှင့်တရားလွှတ်တော်တို့သည်၊၎င်းတို့ကိုဖျက်သိမ်းသည့်၁၉၆၂ခုနှစ်ဆန်းအထိ၊ခဲရာခဲဆစ်ဥပဒေပြဿနာတို့ကိုဖြေရှင်းနိုင်ခဲ့သည်။
ရုံးထိုင်တရားဝန်ကြီးချုပ်များနှင့်တရားဝန်ကြီးများ၊လျှောက်လဲဆောင်ရွက်သောရှေ့နေရှေ့ရပ်များ၏အားထုတ်မှုသည်၊သမိုင်းတွင်ကျန်ရစ်ခဲ့သည်။
Comments
Post a Comment