ခိုင်ခံ့သည်ဟုထုံးပြုခဲ့ပြီးကာမှ

 ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


ခိုင်ခံ့သည်ဟုယူဆကာထုံးပြုခဲ့ပြီးကာမှ၊ထုံးပြုသောအဆုံးအဖြတ်တို့ကိုအယူခံတွင်ပယ်ဖျက်(Reversed)လိုက်သည်များလည်းရှိသည်။


6 Ran 575 ကို 10 Ran 322 ( PC ) တွင်၊ပယ်ဖျက်(Reversed)ခြင်းဖြစ်ပါသည်။


(D2C682)တွင်၊ 10 Ran 322 ( PC )စီရင်ထုံးခေါင်းစီးကိုဖော်ပြရာ၌၊ Decision of the High Court 6 Ran 575 Reversed ကိုဖော်ပြရန်ကျန်ခဲ့ရာမှ၊(D2C682)တွင်၊ Overruled ဟုမှားယွင်းဖော်ပြခြင်းဖြစ်သည်။


တရားလွှတ်တော်၌စွဲဆိုသောမှုလမှုတွင်ချမှတ်သောအဆုံးအဖြတ်ကို၊ 1940 RLR 35 အမှု၌၊အယူခံရုံးကပယ်ဖျက်ခဲ့ရာ၊ 1952 BLR ( SC ) 4 အမှုတွင်၊အယူခံတရားရုံး​၏အဆုံးအဖြတ်ကိုပယ်ဖျက်ပြီး၊မူလမှုတွင်ချမှတ်သောအဆုံးအဖြတ်ကိုပြန်လည်အတည်ပြုသည်။


1955 BLR ( HC ) 368 အမှုတွင်ချမှတ်ခဲ့သောအဆုံးအဖြတ်ကို၊ 1957 BLR ( SC ) 56အမှုတွင်ပယ်ဖျက်သည်။


1957 BLR ( HC ) 273 အမှုတွင်ချမှတ်ခဲ့သောအဆုံးအဖြတ်ကို၊ 1961 BLR ( SC ) 19တွင်ပယ်ဖျက်သည်။


ထိုသို့ပယ်ဖျက်(Reversed )သည့်အမှားအယွင်းများမှာနှစ်ရှည်သည်မဟုတ်။


စီရင်ထုံးတရပ်တွင်ပြဆိုသောဥပဒေကို

အခြားအမှုတွင်ပယ်ဖျက်(Overruled )သည့်ကိစ္စ၌

အမှားသည်အနည်းနှင့်အများသံသရာရှည်တတ်သည်။


1892-96 , 2 UBR 608အမှုတွင်၊မြန်မာပြည်သို့ထာဝရပြောင်းရွှေ့နေထိုင်ရာမှသေဆုံးသွားသောဗုဒ္ဓဘာသာတဦး​၏အမွေခန်းသည်၊ဗုဒ္ဓဘာသာတရားဥပဒေ(မြန်မာဓလေ့ထုံးတမ်းဥပဒေ)အရဆုံးဖြတ်ရန်ဖြစ်သည်ဟုပြဆိုပါသည်။(မှတ်ချက်။ ။ထိုထုံးဖွဲ့ချက်ကို(D1C746)၌ဖော်ပြရန်ပျက်ကွက်နေသည်ကိုတွေ့ရသည်။)


၆-၄-၁၉၀၃နေ့တွင်တရားရုံးချုပ်ကဆုံးဖြတ်သော၊ 2 LBR 95အမှုတွင်၊ခုံရုံးကမြန်မာနိုင်ငံ၌ထာဝရနေထိုင်သွားသောဗုဒ္ဓဘာသာတရုပ်​၏အမွေခန်းသည်၊မြန်မာဓလေ့ထုံးတမ်းဥပဒေနှင့်မသက်ဆိုင်ဟု၊စီရင်ထုံးစာမျက်နှာ၉၈၌ပြဆိုသည်။


နောက်အမြင်မှာ၊ 1939 RLR 548 ( PC )စီရင်ထုံးမထွက်ပေါ်ခင်၊အနှစ်၃၆နှစ်ကြာသက်ဆိုးရှည်ခဲ့သည်။


အမှားဆုံးဖြတ်သည့်အတွက်အမှုသည်များ​၏နစ်နာမှုကို၊အမှားပြင်သည့်စီရင်ထုံးကကုစားပေးနိုင်ခြင်းမရှိ။နောက်အမှုသည်များအတွက်သာလျှင်အကျိုးရှိသည်။


အလျဉ်းသင့်၍ဖော်ပြလိုသောကိစ္စတရပ်မှာ၊ 1970 BLR 232 စီရင်ထုံးခေါင်းစီး၌၊ 1957 BLR ( HC ) 251 စီရင်ထုံးခေါင်းစီးတွင်လည်းကောင်း၊စာမျက်နှာ၂၃၉တွင်လည်းကောင်း၊( HC )(တရားလွှတ်တော်ဟုဖော်ပြရန်ပျက်ကွက်သည်)ကို၊ကွဲလွဲပယ်ဖျက်သည်ဟုဖော်ပြခြင်းသည်မမှန်။


၁၉၇၀ပြည့်နှစ်စီရင်ထုံးတွင်ဆုံး​ဖြတ်သောဥပဒေပြဿနာကို၁၉၅၇ခုနှစ်စီရင်ထုံးတွင်ဆုံး​ဖြတ်ခြင်းမပြု။


အမှန်မှာ၊၁၉၇၀ပြည့်နှစ်စီရင်ထုံးစာမျက်နှာ၂၃၉၌ဖော်ပြထားသော၁၉၅၈ခုနှစ်တရားမအယူခံမှုအမှတ်၈(အမှန်မှာအခွင့်ထူးအယူခံဖြစ်ရပါမည်)၌ကွဲလွဲဆုံးဖြတ်ခြင်းဖြစ်သည်ကိုတွေ့ရသည်။


Reversedသို့မဟုတ်Overruledလုပ်ခြင်းမပြုရသေးသော၊ 1961 BLR ( HC ) 132 အမှုမှာကဲ့သို့မီးသေခြင်းနှင့်သက်ဆိုင်သောအဆုံးအဖြတ်မျိုးလည်းရှိတန်သလောက်ရှိသည်။ထိုအမှားမျိုးကိုOverruledမလုပ်သေးသ၍အဆိုးသံသရာရှည်နေမည်သာဖြစ်သည်။


အလားတူဥပဒေပြဿနာအကျုံးဝင်သောအမှုမျိုးသည်၊ပြည်ထောင်စုတရားလွှတ်တော်ချုပ်အထိရောက်ရှိလာရာမှ၊ဆိုင်ရာရှေ့နေကတင်ပြအဆုံးအဖြတ်ခံယူတော့မှ၊အမှားကိုOverruledလုပ်ရန်အခွင့်အရေးရမည်ဖြစ်ရာ၊နှစ်ချီ၍ကြာမြင့်ရန်အကြောင်းရှိသည်။


ဤအခြေအနေတွင်၊စီရင်ချက်များကိုထုံးပြုရာ၌မည်မျှတာဝန်ကြီးလေးကြောင်းမြင်သာသည်ဖြစ်၍၊အထူးဂရုဓမ္မပြုရန်လိုအပ်ကြောင်းတင်ပြလိုသည်။



Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ