စစ်ကြိုခေတ်တရားလွှတ်တော်​၏အဆုံးအဖြတ်များကို The Indian Law Reports , Rangoon Series တွင်တရားဝင်ထုတ်ဝေသည်

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


စစ်ကြိုခေတ်တရားလွှတ်တော်​၏အဆုံးအဖြတ်များကို၊ The Indian Law Reports , Rangoon Series တွင်တရားဝင်ထုတ်ဝေသည်။


AIR မှာပုဂ္ဂလိကအဖွဲ့အစည်းကထုတ်ဝေသောစီရင်ချက်များဖြစ်သည်။


ဟိုက်ကုတ်လွှတ်တော်​၏စီရင်ချက်အချို့ကို Rangoon Series နှင့် Rangoon Law Reports ( RLR ) စီရင်ထုံးစာအုပ်များတွင်လည်းကောင်း၊ AIR ( All India Report ) စီရင်ထုံးများတွင်လည်းကောင်း၊ထုတ်ဝေသည်များရှိသည်။


သာဓကမှာ-


1940 RLR 831

( Ma Aye Tin  v. Daw Thant . )

( Before Mr. Justice Mya Bu , and Mr. Justice Dunkley . ) နှင့်


AIR 1941 Ran 99

( Ma Aye Tin  v. Daw Thant . )

( Before Mya Bu and Dunkley , JJ . ) တို့ဖြစ်သည်။


1940 RLR 831 နှင့် AIR 1941 Ran 99 အမှုများမှာ၊စီရင်ထုံး​၏ခေါင်းစီးချင်းမတူ။


1955 BLR ( HC ) 168 

( Korban Ali  v. Zora Bibi )

( Before U San Maung , J . )စီရင်ထုံးကိုမပျက်မကွက်ဖတ်ပါ။


1955 BLR ( HC ) 168 စီရင်ထုံးစာမျက်နှာ၁၇၁နှင့်၁၇၂တို့တွင်၊တရားဝန်ကြီးဦးစံမောင်က၊ 1940 RLR 831 နှင့် AIR 1941 Ran 99 စီရင်ထုံးနှစ်ရပ်အကြောင်းကိုအောက်ပါအတိုင်းဝေဖန်သုံးသပ်ထားသည်-


However , in the authorised report of the same case ( 1940 RLR 831 ) this passage has been omitted and this omission seems to me to be significant owing to the important of the point involved . It seems to indicate that the members of the Law Reporting Committee were not quite satisfied with the exposition of the law in Ma Aye Tin's case in so far as it relates to section 92 of the Evidence Act .


AIR 1936 Ran 401 ( DB )အမှုကို AIR Rangoon တွင်သာထုတ်ဝေသည်။


Rangoon Series တွင်မထုတ်ဝေသောစီရင်ချက်များကို AIR တွင်ထုတ်ဝေသည်များလည်းရှိသည်။


AIR 1936 Ran 401 ( DB )သည်၊သာဓကတရပ်ဖြစ်သည်။


AIR သည်တရားဝင်ထုတ်ဝေသောစီရင်ထုံးစာအုပ်မဟုတ်။


ပုဂ္ဂလိကအဖွဲ့အစည်းများကထုတ်ဝေသောစာအုပ်များဖြစ်သည်။


AIR 1936 Ran 401 ( DB )စီရင်ထုံးကိုပေါ်ပေါက်စေသောအယူခံမှုမှာ၊မူလမှုနှစ်မှုတွင်ဦးဘလင်းနှင့်မအေးစိန်တို့အပြန်အလှန်အမွေထိန်းစာလျှောက်ထားသောအမှုများတွင်စီရင်ချက်တစောင်တည်း၌မအေးစိန်ကိုအနိုင်ပေးဆုံးဖြတ်သောမူလတရားရုံး​၏စီရင်ချက်နှင့်ဒီကရီကို၊ဟိုက်ကုတ်လွှတ်တော်တွင်အယူခံဝင်ရာ၌၊ဦးဘလင်းသည်မအေးစိန်စွဲဆိုသောလျှောက်ထားမှု၌ချမှတ်သောအဆုံးအဖြတ်ကိုအယူခံဝင်သော်လည်း၊မိမိအမှုတွင်ချမှတ်သောအဆုံးအဖြတ်အပေါ်အယူခံမဝင်သဖြင့်၊ထိုအဆုံးအဖြတ်သည်မီးသေသည်ဟုခုံရုံးကဆုံးဖြတ်ခြင်းဖြစ်သည်။


AIR 1936 Ran 401 ( DB )စီရင်ထုံးသည်၊အပြန်အလှန်အယူခံမှုများနှင့်သက်ဆိုင်သည်ဟု၊စုံညီခုံရုံးရှေ့တွင်ဂဃဏနလျှောက်လဲကြခြင်းမပြုနိုင်ခြင်းမှာ၊မူလာ​၏တရားမကျင့်ထုံးဥပဒေကျမ်း(အကျဉ်း)(၂၀၁၈ခုနှစ်၊၁၇ကြိမ်မြောက်ထုတ်)ကျမ်းမျိုးကိုလက်လှမ်းမမှီ၍ဖြစ်သည်ဟုယူဆရသည်။


သို့သော်တရားမကျင့်ထုံးဥပဒေပုဒ်မ၁၁သည်၊တရားမကြီးမှုများနှင့်သာသက်ဆိုင်သည်မဟုတ်။ဇာရီမှုနှင့်လည်းသက်ဆိုင်ကြောင်းပြဆိုသည့်စီရင်ထုံးများရှိနေသည်ကိုသတိထားမိကြဟန်မတူ။


ဇာရီမှုတမှုတည်းတွင်ပင်၊စောသောအမှုအဆင့်၌ချမှတ်သောဆုံးဖြတ်ချက်သည်၊နောက်အဆင့်တွင်မီးသေသည်ဟုအဆိုအမိန့်ရှိနေသည်ဖြစ်ရာ၊မီးသေခြင်းဆိုင်ရာဥပဒေသသည်၊ AIR 1936 Ran 401 ( DB )တွင်၊ခုံရုံးကထုံးဖွဲ့သကဲ့သို့၊အပြန်အလှန်အယူခံမှုများနှင့်သက်ဆိုင်ကြောင်း၊ကျိုးကြောင်းပြကာလျှောက်လဲသင့်သည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]