1959 BLR ( H C ) 326
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
1959 BLR ( HC ) 326
Wali Mohamed vs. Daw Ahma Jan and one
Before U San Maung and U Shu Maung , JJ . အမှုတွင်-
လုံးလုံးလျားလျားအမှုနိုင်သောအမှုသည်တဦးသည်၊သူနိုင်သောအမှု၌အချို့ငြင်းချက်များကိုသူ့အားအရှုံးပေး၍ဆုံးဖြတ်ထားစေကာမူအယူခံဝင်ခွင့်မရှိ။
အကြောင်းမူသူသည်အမှုနိုင်သူဖြစ်သည့်အလျောက်၊သူ့အားအရှုံးပေးသောကောက်ယူဆုံးဖြတ်ချက်များကြောင့်အကြီးအကျယ်ထိခိုက်နစ်နာခြင်းမရှိချေ။
သူ၏အကျိုးကိုဆန့်ကျင်ချမှတ်သောဆုံးဖြတ်ချက်များကိုဒီကရီတွင်ဖော်ပြထားခြင်းမရှိသည့်ပြင်၊ဒီကရီ၏တစိတ်တဒေသလည်းမဟုတ်ချေ။
ဒီကရီတွင်ထိုသူအားအမှုအနိုင်ပေးကြောင်းသာပါရှိမည်ဖြစ်သည်။
ဤကားယေဘုယျဥပဒေသ။
1959 BLR ( HC ) 326 စီရင်ထုံးစာမျက်နှာ၃၂၆တွင်အောက်ပါအတိုင်းဆုံးဖြတ်သည်-
"The law relating to appeals is ordinary civil suits is that where a decree is absolutely in favour of a person although some issues are found against him , he has no right to appeal against the findings because he is firstly not adversely affected thereby and secondly because such findings are nof embodied in and do not form part of the decree."
သို့ရာတွင်-
1961 BLR ( HC ) 132
မညို နှင့် မလှခင်ပါ၂
တရားဝန်ကြီးဦးအောင်ခိုင်နှင့်ဦးစောဘသိန်းတို့ရှေ့မှောက်တွင်၊အမှု၌အောက်ပါအတိုင်းထုံးဖွဲ့ထားသည်-
"အမှုပလပ်ခြင်းခံရသောတရားလိုကအယူခံမဝင်စေကာမူ၊အမှုစစ်ဆေးသောရုံးကအမှုကိုပလပ်လိုက်ခြင်းအားဖြင့်၊တရားစွဲဆိုခြင်းခံရသောတရားခံအားထိခိုက်နစ်နာစေခြင်းဖြစ်လျှင်၊ထိခိုက်နစ်နာခြင်းခံရသောတရားခံသည်အယူခံဝင်နိုင်သည်။
တရားလို၏အမှုကိုပလပ်ရာတွင်တရားခံအားထိခိုက်နစ်နာခြင်းမရှိသဖြင့်တရားခံတွင်အယူခံဝင်နိုင်ခွင့်မရှိသော်လည်း၊အမှုစစ်ဆေးသောရုံးကအမှုကိုပလပ်ရာတွင်ယူဆဆုံးဖြတ်သောအချက်( Finding )သည်၊၎င်းအားဆန့်ကျင်၍ထိခိုက်နစ်နာခြင်းဖြစ်စေလျှင်၊ထိုယူဆဆုံးဖြတ်ချက်( Finding )နှင့်ပတ်သက်၍အယူခံဝင်နိုင်သည်။"
ဆုံးဖြတ်ချက်တရပ်ကြောင့်ထိခိုက်နစ်နာသူသည်ယင်းဆုံးဖြတ်ချက်ကိုအယူခံဝင်ခွင့်ရှိမရှိမှာ၊ယင်းဆုံးဖြတ်ချက်သည်မီးသေသောဆုံးဖြတ်ချက်ဖြစ်ရမည်ဟု-
ကာလကတ္တားအပတ်စဉ်မှတ်စုများ၊အတွဲ၄၂၊စာ၄၉၂( 42 C.W. N. 492 )
တရာပါဒဂုတ်စ် နှင့် စံခီခန်တဘီဟာရ
အမှုတွင်အောက်ပါအတိုင်းထုံးဖွဲ့ထားသည်-
"A party in whose favour a decree has been passed may , nevertheless , have a right to appeal against a finding adverse to him the test to be applied in each case being whether the finding sought to be appealed against is one to which the rule of Res Judicata may be held to be applicable so as to disentitle the aggrieved party to agitate the question covered by the finding in any other proceeding. "
Comments
Post a Comment