1961 BLR ( H C ) 132 ၊ မညို နှင့် မလှခင်ပါ၂

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


1961 BLR ( HC ) 132

မညို နှင့် မလှခင်ပါ၂


တရားဝန်ကြီးဦးအောင်ခိုင်နှင့်ဦးစောဘသိန်းတို့ရှေ့မှောက်တွင်ကြားနာပြီးနောက်၊တရားဝန်ကြီးဦးစောဘသိန်းအမိန့်ချမှတ်သည်။


အမှုတွင်ဒေါ်အေးကြည်ဆိုသူကသူပိုင်ရေနံတွင်းများကိုမဖက်တီမာဘီဘီဆိုသူအားရောင်းချသည်။


နောက်ပိုင်းတွင်ဝယ်သူသေဆုံးသွားရာ၊မလှခင်ကဥပဒေတမျှအာနိသင်ရှိသောဓလေ့ထုံးတမ်းအရရေနံတွင်းများပိုင်ဆိုင်ခွင့်မှာရောင်းသူဒေါ်အေးကြည်လက်ဝယ်သို့ပြန်ရောက်သွားကြောင်း၊ဒေါ်အေးကြည်ကွယ်လွန်သောအခါမိမိသည်ဒေါ်အေးကြည်​၏အနီးစပ်ဆုံးဆွေမျိုးဖြစ်၍အမွေဆက်ခံကြောင်းစသည်ဖြင့်အဆိုပြုပြီးမညိုနှင့်မဖတ်တီမာဘီဘီ(ရေနံတွင်းများဝယ်သူမဟုတ်သောသူဖြစ်ဟန်တူသည်)တို့အပေါ်၊အဆိုပါရေနံရိုးကိုရထိုက်သူဖြစ်ကြောင်း၊မြွက်ဟကြေညာပေးစေလိုကြောင်းစွဲဆိုသည်။


မညိုကမလှခင်အဆိုပြုသကဲ့သို့၊ဓလေ့ထုံးစံရှိကြောင်းထောက်ခံသော်လည်း၊မိမိသာလျှင်ဒေါ်အေးကြည်​၏အနီးစပ်ဆုံးဆွေမျိုးဖြစ်သဖြင့်၊မလှခင်သည်တောင်းဆိုသောသက်သာခွင့်ကိုမရသင့်ကြောင်းထုချေသည်။


မဖက်တီမာဘီဘီကမူ၊မလှခင်နှင့်မညိုတို့စွပ်စွဲသကဲ့သို့ဓလေ့ထုံးစံမရှိဟုငြင်းသည်။


မူလရုံးကရေနံတွင်းများဝယ်ယူသူအနိစ္စရောက်သောအခါ၊ယင်းရေနံတွင်းများသည်ရောင်းသူဒေါ်အေးကြည်ပိုင်အဖြစ်သို့ပြန်လည်ရောက်ရှိသွားသည်ဆိုသောဓလေ့ထုံးစံမရှိကြောင်းကောက်ယူ၍၊မလှခင်စွဲဆိုသောအမှုကိုပလပ်လိုက်သည်။


မညိုတင်သွင်းသောအယူခံတွင်၊ယခင်တရားလွှတ်တော်ကအထက်တွင်ဖော်ပြခဲ့သည့်အတိုင်းထုံးဖွဲ့သော်လည်း၊မညိုသည်အယူခံဝင်ခွင့်မရှိဟုအောက်ပါအတိုင်းသုံးသပ်သည်။


"သို့သော်ထိုအမှုတွင်ယူဆဆုံးဖြတ်ထားသောအချက်မှာ၊အချင်းဖြစ်ရေနံတွင်းအရိုးသည်ဝယ်သောသူသေဆုံးလျှင်၊ရောင်းသူအရိုးရှင်ထံသို့ပြန်လည်ရောက်ရှိသည်ဟုဆိုသောဥပဒေတမျှခိုင်မြဲသည့်ထုံးတမ်းစဉ်လာမရှိဟူ၍ဖြစ်သဖြင့်၊ထိုဆုံးဖြတ်ချက်သည်၊၎င်းနှင့်မလှခင်တို့အတွက်ပိတ်ပင်တားမြစ်ခြင်း( Res Judicata )ဖြစ်ရန်အကြောင်းရှိသော်လည်း၊၎င်းနှင့်မဖက်တီမာဘီဘီတို့အတွက်အခြားအမှုများတွင်ပိတ်ပင်တားမြစ်ခြင်း( Res Judicata )ဖြစ်ရန်အကြောင်းမရှိဟုထင်မြင်သဖြင့်ထိုယူဆုံးဖြတ်ချက်( Finding )နှင့်ပတ်သက်၍ဤရုံးတော်သို့အယူခံဝင်နိုင်ခွင့်မရှိချေ"


အမှုတွင်တရားပြိုင်မညိုကရေနံတွင်းများဝယ်သူကွယ်လွန်သောအခါယင်းရေနံတွင်းများနှင့်စပ်လျဉ်းသည့်ပိုင်ဆိုင်ခွင့်သည်ရောင်းသူသို့ပြန်လည်ရောက်ရှိသွားသည်ဟုထုချေ၍၊မဖက်တီမာဘီဘီကမူယင်းကဲ့သို့သောဓလေ့ထုံးတမ်းမရှိဟုငြင်းကွယ်သည်။


သို့ဖြစ်၍သူတို့နှစ်ဦး(မညိုနှင့်မဖက်တီမာဘီဘီ)​၏အကျိုးသက်ဆိုင်ခွင့်တို့သည်ဆန့်ကျင်လျက်ရှိသည်။


မလှခင်စွဲဆိုသောအမှုအနိုင်အရှုံးမှာ၊ယင်းဓလေ့ထုံးစံရှိ၊မရှိဆိုသောပြဿနာနှင့်စပ်လျဉ်းသည့်ဆုံးဖြတ်ချက်အပေါ်မူတည်သည်။


သို့ဖြစ်ရာယင်းကဲ့သို့သောဓလေ့ထုံးစံမရှိဟူသောဆုံးဖြတ်ချက်သည်၊မလှခင်​၏အကျိုးကိုသာမကမညိုကိုလည်းထိခိုက်နစ်နာစေသည်ဖြစ်ရာ၊မညိုနှင့်မဖက်တီမာဘီဘီတို့အကြားတွင်လည်းမီးသေနိုင်သည်။


ထိုသို့ဆိုလျှင်ယင်းဆုံးဖြတ်ချက်ကိုမညိုအနေဖြင့်အယူခံဝင်ခွင့်ရှိရပေမည်။


ယခင်တရားလွှတ်တော်က၊ယင်းဆုံးဖြတ်ချက်သည်မညိုနှင့်မဖက်တီမာဘီဘီတို့အကြားတွင်မီးသေခြင်းမရှိဟုဆုံးဖြတ်ရာ၌၊အကြောင်းပြထားခြင်းမရှိကြောင်းတွေ့ရသည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ