ဒေါ်စိန်ကြည် နှင့် ဦးသန်းစိန် ၊ 1994 BLR 34

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


ဒေါ်စိန်ကြည် နှင့် ဦးသန်းစိန်

1994 BLR 34 

အမှုတွင်"အမွေရှင်သေဆုံးသည်နှင့်တပြိုင်နက်ကျန်ရစ်သူအမွေဆိုင်များသည်ဥပဒေအရအပြီးအပိုင်အမွေရရှိသောအခွင့်အရေး( Vested right )အရ၊၎င်းတို့က်ုယ်ပိုင်အခွင့်အရေးအနေဖြင့်အမွေဆက်ခံရရှိမည်ဖြစ်သည်"ဟုပြဆိုထားရာ၊အမွေဆက်ခံပိုင်ဆိုင်သည့်နေ့မှာအမွေရှင်သေဆုံးသည့်နေ့ဖြစ်ပါမည်။


အမွေရှင်သေသည့်နေ့၌အမွေဝေစုသည်အမွေဆိုင်များထံချက်ခြင်းသက်ဆင်းခြင်းဖြစ်ပါသည်။


အမှန်စင်စစ်၁၈၉၆ခုနှစ်တွင်ဆုံးဖြတ်သော-


PJLB 295


Ma Ngwe Bwin  vs. Maung Lun Maung .


Before H. F. Aston , Esq .


စီရင်ထုံးစာမျက်နှာ၂၉၈၌-


"The inheritance vested in the appellant , when her parents died"


ဟုပြဆိုထားရာ၊ဆိုင်ရာဥပဒေဖြစ်ထွန်းခဲ့သည်မှာ၊လွန်ခဲ့သောအနှစ်၁၀၀ကျော်ကဖြစ်ပါသည်။


ပညာရှင်ဒေါက်တာမောင်မောင်(နောက်ဆုံး၌သမ္မတဖြစ်ခဲ့သူ)က၎င်း​၏မြန်မာဓလေ့ထုံးတမ်းဥပဒေကျမ်းတွင်လည်းဤအတိုင်းပင်ပြဆိုထားပါသည်။


အမွေဆက်ခံခြင်းကိုဆိုင်းငံ့( suspend )ထား၍မရစကောင်းဟုထောက်ပြထားပါသည်။


PJLB 403 စီရင်ထုံးစာမျက်နှာ၄၀၅တွင်၊လင်ကမယား​၏သဘောတူချက်မရဘဲမိမိအမွေရသောအမွေပစ္စည်းအားလုံးကိုသူတပါးအားအပိုင်ပေးခြင်းသည်ရထိုက်သောဝေစုနှင့်စပ်လျဉ်း၍( void )ပျက်ပြယ်သည်ဟု-


"The gift made by Shwe Gon without his wife Ma Pwa's consent will be void as to the remaining third share to which Ma Pwa is entitled"


ဟူ၍ဆုံးဖြတ်ပါသည်။


သူတပါး​၏ဝေစုကိုရောင်းချမှုမှာပျက်ပြယ်( void )သည်ဟု၊ PJLB 403 စီရင်ထုံးတွင်လည်းကောင်း၊ 9 Ran. 524 ( FB )အမှုတွင်စုံညီခုံရုံးကသူတပါး​၏ဝေစုကိုလွှဲပြောင်းခွင့်မရှိဟူ၍လည်းကောင်းပြဆိုထားရာ၊ပျက်ပြယ်လျက်ရှိသောအမှုကိစ္စ( TRANSACTION )သည်၊မှတ်ပုံတင်ရောင်းချခြင်းနှင့်အမည်ပေါက်ခြင်းကြောင့်ခိုင်မာသွားသည်ဟုပြဆိုသောထုံးသာဓကမရှိပါ။သဘာဝယုတ္တိနှင့်လည်းမညီပါ။


ပျက်ပြယ်သောရောင်းချမှုကိုအခြားမည်သည့်နည်းနှင့်မျှအသက်ပြန်သွင်း၍မရနိုင်ပါ။ရနိုင်သည်ဟုဆိုလျှင်၊ပျက်ပြယ်သည်ဟုဆိုခြင်းနှင့်ဆန့်ကျင်ဖီလာဖြစ်ပါလိမ့်မည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ