4 BLJ 250 ( Part 3 )

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


4 BLJ 250


Ma Mo  vs.  Ma Set .


Present - Heald and Chari , JJ .


အမှု၌၊၁၉၂၅ခုနှစ်၊ဩဂုတ်လ၃၁ရက်နေ့တွင်မချမှတ်မီ၊မြန်မာနိုင်ငံ၌


1907-08 , 2 UBR Civil Procedure 5

Nga Thet Tin  vs. Mi Kye Gyi .

Before G. W. Shaw , Esq .


8 BLT 160

Shwe Tha U and 7 others  vs.  Hla Rhi and one .

Before Sir Henery Hartnoll , J .


3 BLJ 54

Maung Thwe  vs.  Ma Shwe Pon .

Present - Heald and Lentaigne , JJ .


3 Ran 77

Ma Tok and nine  vs.  Ma Yin and seven .

Before Mr. Justice Pratt .


လေးမှုတွင်သာ၊ပူးတွဲတရားပြိုင်အချင်းချင်း၌မီးသေခြင်းဆိုင်ရာဥပဒေသနှင့်စပ်လျဉ်း၍ဖော်ထုတ်ဆုံးဖြတ်ဖူးသော်လည်း၊အိန္ဒိယနိုင်ငံ(ထိုစဉ်ကမြန်မာနိုင်ငံသည်အိန္ဒိယနိုင်ငံ​၏ပြည်နယ်တခုဖြစ်သည်)ရှိတရားလွှတ်တော်များကထုံးပြုသောစီရင်ထုံးများထွက်ပေါ်ပြီးဖြစ်၍၊ 4 BLJ 250 အမှုတွင်၊ယင်းဥပဒေနှင့်စပ်လျဉ်းသည့်မူသဘောတရားများမှာအတည်တကျဖြစ်လျက်ရှိသည်( well settled )ဟုပြဆိုသည်။


၁၉၃၂ခုနှစ်၊ဧပြီလ၁၂ရက်နေ့တွင်ပရီဗီကောင်စီကဆုံးဖြတ်သော-


10 Ran 322 ( PC )


Maung Sein Done  vs.  Ma Pan Nyun and others .


Present : Lord Russell of Killowen , Sir George Lowndes , and Sir Dinshah Mulla .


စီရင်ထုံးတွင်၊ 4 BLJ 250 စီရင်ထုံးအပါအဝင်၊အထက်ဖော်ပြပါစီရင်ထုံးများပါဥပဒေသကိုအတည်ပြုဆုံးဖြတ်သည်ဖြစ်၍၊ 4 BLJ 250 အမှု၌ညွှန်ပြသောမူသဘောတရားများသည်၊ထိုစဉ်ကအဆင့်မြင့်ဆုံးပရီဗီကောင်စီကမြွက်ဆိုသည့်၊၁၉၃၂ခုနှစ်မှစ၍ယုတ်စွအဆုံးအတည်တကျဖြစ်သည်ဟုမုချဆိုနိုင်သည်။


သို့ဖြစ်ရာ၁၉၃၂ခုနှစ်မှအနှစ်၃၀နီးပါးအကြာ၊ 1961 BLR ( HC ) 132 အမှုကိုဆုံးဖြတ်ရာ၌၊တရားလွှတ်တော်ခုံရုံးကထိုသမိုင်းမှတ်တိုင်တွင်သည့်စီရင်ထုံးကိုအဘယ်ကြောင့်ဆင်ခြင်ရန်ပျက်ကွက်သည်မသိရချေ။


Reversed သို့မဟုတ် Overruled လုပ်ခြင်းမပြုရသေးသော၊ 1961 BLR ( HC ) 132 အမှုမှာကဲ့သို့မီးသေခြင်းနှင့်သက်ဆိုင်သောအဆုံးအဖြတ်မျိုးလည်းရှိတန်သလောက်ရှိသည်။


ထိုအမှားမျိုးကို Overruled မလုပ်သေးသ၍၊အဆိုးသံသရာရှည်နေမည်သာဖြစ်သည်။


အလားတူဥပဒေပြဿနာအကျုံးဝင်သောအမှုမျိုးသည်၊ပြည်ထောင်စုတရားလွှတ်တော်ချုပ်အထိရောက်ရှိလာရာမှ၊ဆိုင်ရာရှေ့နေကတင်ပြအဆုံးအဖြတ်ခံယူတော့မှ၊အမှားကို Overruled လုပ်ရန်အခွင့်အရေးရမည်ဖြစ်ရာ၊နှစ်ချီ၍ကြာမြင့်ရန်အကြောင်းရှိသည်။


.


.

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ