4 BLJ 250
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
4 BLJ 250
Ma Mo vs. Ma Set .
Present - Heald and Chari , JJ .
စီရင်ထုံးကိုလက်လှမ်းမီရန်ခက်ခဲသဖြင့်၊ထိုအမှုအကြောင်းကိုပြည့်ပြည့်စုံစုံဆွေးနွေးလိုသည်။
ပထမအမှုတွင်ပစ္စည်းပေါင်သူလင်မယားကအပေါင်ခံသူမဆက်၊၎င်း၏ခင်ပွန်းနှင့်မဆက်ထံမှအပေါင်ခံပစ္စည်းကိုဝယ်ယူထားသောမမိုးတို့အပေါ်အပေါင်ရွေးနုတ်လိုမှုစွဲဆိုသည်။
မမိုးကအပေါင်ခံပစ္စည်းကိုတရားလိုများပိုင်ကြောင်းမသိဘဲ၊ပိုင်ရှင်ဖြစ်ဟန်လက္ခဏာရှိသူမဆက်ထံမှတန်ရာတန်ကြေးပေးကာ၊သဘောရိုးဖြင့်ဝယ်ယူသည်ဟုထုချေသည်။
မဆက်ကအပေါင်ခံပစ္စည်းကိုမိမိ၏ခင်ပွန်းလက်လှမ်းမမီစေရန်၊မမိုးအားအမည်ခံစေကာလွှဲပြောင်းခြင်းသာဖြစ်ကြောင်းထုချေသည်။
ထို့ပြင်၊ဝယ်သူများကအပေါင်ကြွေးမြီအတွက်အပေါင်ခံလယ်မြေကိုမိမိအားအပြီးအပြတ်လွှဲပြောင်းပြီးပြီဟုထုချေသည်။
သို့ရာတွင်ထိုသို့လွှဲပြောင်းမှုမှာ၊နှုတ်ဖြင့်လွှဲပြောင်းခြင်းဖြစ်၍အထမမြောက်၊အမှုတွင်လယ်မြေကိုမဆက်တို့အားပေါင်ထားသည်ကို၊တရားပြိုင်မမိုးသိသည်ဟုဆုံးဖြတ်သည်။
သို့ရာတွင်မမိုးသည်အမည်ခံအမည်ငှားမျှသာဖြစ်သလား၊သို့မဟုတ်တန်ရာတန်ကြေးပေး၍ဝယ်သူဖြစ်သလားဟူသောငြင်းချက်ကိုမူ၊မမိုးအားအသာပေးဆုံးဖြတ်သည်။
ထို့နောက်မဆက်ကမမိုးအပေါ်၊မမိုးအားလွှဲပြောင်းရောင်းချခဲ့ခြင်းအတွက်အဖိုးစားနားမရှိဘဲခင်ပွန်းဖြစ်သူကအချင်းဖြစ်အပေါင်ခံလယ်မြေကိုလက်လှမ်းမမီစေရန်အမည်ခံအမည်ငှားလွှဲပြောင်းခြင်းမျှသာဖြစ်သည်ဟုအဆိုပြုကာ၊အချင်းဖြစ်လယ်မြေပိုင်ရှင်ဖြစ်ကြောင်းမြွက်ဟကြေညာပေးစေရန်တရားတထုံးထပ်မံစွဲဆိုရာ၊တရားလွှတ်တော်တရားမဒုတိယအယူခံတွင်၊အယူခံတရားလိုမမိုးဘက်မှပထမအမှု၌ချမှတ်သောစီရင်ချက်သည်မီးသေသည်ဟုအကြောင်းပြသည်။
Comments
Post a Comment