42 C W N 492

 ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


42 C. W. N. 492.( ၁၉၆၁ခုနှစ်စီရင်ထုံးတွင်၊စာမျက်နှာ၁၃၄၌ဖော်ပြထားသည် )စီရင်ထုံး၌-


(၁)အယူခံဝင်လိုသောကောက်ယူဆုံးဖြတ်ချက်သည်မီးသေရမည်။


(၂)ထိုသို့မီးသေခြင်းကြောင့်ထိခိုက်နစ်နာသောအမှုသည်သည်၊ယင်းဆုံးဖြတ်ချက်တွင်အကျုံးဝင်သောပြဿနာကို၊အခြားအမှုတမှုမှုတွင်အရေးဆိုခွင့်မရှိစေရဟုပြဆိုထားသည်။


တနည်းဆိုရပါက၊အမှုတွင်အချင်းဖြစ်ထုံးတမ်းစဉ်လာမရှိဟုမူလတရားရုံးကချမှတ်သောကောက်ယူဆုံးဖြတ်ချက်သည်၊မညိုကထိုထုံးတမ်းစဉ်လာရှိသည်ဟု၊အခြားအမှုတမှုတွင်မဖက်တီမာဘီဘီအပေါ်ဖြစ်စေ၊၎င်းကိုအမှီပြု၍တောင်းဆိုပိုင်သူအပေါ်တွင်ဖြစ်စေ၊အရေးဆိုခြင်းကိုမီးသေခြင်းဆိုင်ရာဥပဒေသကပိတ်ပင်ထားခြင်းရှိမရှိဖြစ်သည်။


ပိတ်ပင်လျှင်၊မညိုသည်အချင်းဖြစ်ဆုံးဖြတ်ချက်ကိုအဓိကအားဖြင့်မဖက်တီမာဘီဘီအပေါ်အယူခံဝင်နိုင်သည်။


မပိတ်ပင်လျှင်အယူခံမဝင်နိုင်။


အမှန်စင်စစ်ထိုမီးသေခြင်းဆိုင်ရာပြဿနာကိုစိစစ်ဆုံးဖြတ်ရန်လိုသည်မဟုတ်။


အကြောင်းမူစီရင်ထုံးစာမျက်နှာ၁၃၃တွင်၊မညိုကမလှခင်နှင့်မဖက်တီမာဘီဘီတို့အပေါ်၊အချင်းဖြစ်အရိုးကိုမိမိအနေဖြင့်ဒေါ်အေးကြည်​၏အနီးဆုံးအမွေဆက်ခံသူအဖြစ်ရထိုက်သူဖြစ်ကြောင်းတရားစွဲဆိုခဲ့ရာ၊ရုံးချိန်းပျက်သဖြင့်၊၎င်းစွဲဆိုသောအမှုကို၊တရားမကျင့်ထုံးဥပဒေ၊အမိန့်၉၊နည်း၈(စီရင်ထုံးတွင်နည်း၉ဟုမှားယွင်းဖော်ပြထားသည်)အရပယ်ခဲဲ့သည်ဟုဖော်ပြထားသဖြင့်၊မညိုသည်မဖက်တီမာဘီဘီအပေါ်၊အချင်းဖြစ်ရေနံတွင်းအရိုးကိုအမွေဆက်ခံရထိုက်သူဟုထပ်မံတရားစွဲဆိုခြင်းမပြုနိုင်တော့။


တရားမကျင့်ထုံးဥပဒေ၊အမိန့်၉၊နည်း၉ပါပြဌာန်းချက်များကပိတ်ပင်လျက်ရှိသည်။


မညိုနှင့်၎င်းအားအမှီပြု၍တောင်းဆိုပိုင်သူများသည်မဖက်တီမာဘီဘီနှင့်၎င်းအားအမှီပြု၍တောင်းဆိုပိုင်သူများအပေါ်၊အချင်းဖြစ်ရေနံတွင်းများနှင့်စပ်လျဉ်း၍၊တရားတထုံးစွဲဆိုရန်လမ်းမရှိတော့သဖြင့်၊စီရင်ထုံးပါခေါင်းစီးတို့သည်၊ခရီးသွားဟန်လွှဲဆုံးဖြတ်ချက်များသာဖြစ်ချေသည်။


အချင်းဖြစ်ထုံးတမ်းစဉ်လာမရှိဟု၊မူလတရားရုံးကချမှတ်သောဆုံးဖြတ်ချက်သည်၊တရားပြိုင်မညိုနှင့်မဖက်တီမာဘီဘီတို့အချင်းချင်းမီီးသေခြင်းမရှိဟု၊အယူခံခုံရုံးကဆုံးဖြတ်ရာ၌အကြောင်းပြချက်မရှိ။








Comments

Popular posts from this blog

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]