5 Ran 785, 1967 BLR 525, 1999 BLR 103, 1962 BLR 401, 2015 BLR 259
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
5 Ran 785
Maung Ba Tu vs. Ma Thet Su and three others .
Before Mr. Justice Chari
အမှုတွင်၊အမွေစီမံခန့်ခွဲပေးစေလိုမှုနှင့်ပစ္စည်းခွဲဝေပေးစေလိုမှုတို့ကွဲပြားခြားနားပုံကိုစိစစ်ပြရာ၌၊စီရင်ထုံးစာမျက်နှာ၇၉၁တွင်အောက်ပါအတိုင်းသုံးသပ်သည်-
"The next question to be considered is as to the incidents of the right to enforce partition . The word "partition " is generally used in a loose way for the division or separation of interest of whatever kind in property . But , strictly ,"partition" is applicable only to those suits in which the plaintiff seeks to convert his joint ownership and joint possession of the whole property into separate ownership and separate possession of a portion of the property . Therefore a partition suit lies only when the plaintiff and the defendant have ( 1 ) unity of interest or title in the property sought to be partition ; and ( 2 ) unity of possession ."
မြန်မာဗုဒ္ဓဘာသာတဦး၏အမွေမှာ၊အမွေဆိုင်များအပေါ်သက်ဆင်းပုံကိုစိစစ်ရာ၌ဓမ္မသတ်များကိုရည်ညွှန်းပြီး၊စီရင်ထုံးစာမျက်နှာ၇၉၆တွင်အောက်ပါအတိုင်းသုံးသပ်ပြပါသည်-
"These passages negative the idea that the Dhammathat writers contemmplated the estate of a decased as vesting jointly or collectively in the heirs , and they also show that the heirs are not entitled to joint possession of the estate as against each other ."
(ကွယ်လွန်သူ၏အမွေပုံသည်အမွေဆိုင်များထံပူးတွဲ၍ဖြစ်စေ၊စုပေါင်း၍ဖြစ်စေသက်ဆင်းခြင်းဖြစ်သည်ဟုဓမ္မသတ်ပြုစုသူများကရည်စူးသည်ဟူသောအယူအဆကိုဤစာပိုဒ်များကပျက်ပြားစေသည့်အပြင်၊အမွေဆိုင်များသည်အချင်းချင်းအကြားတွင်အမွေပုံကိုပူးတွဲလက်ရှိရထိုက်ခွင့်ရှိသည်ဟုဤစာပိုဒ်များကပြဆိုခြင်းလည်းမရှိပေ။)
သို့ဖြစ်၍မြန်မာဗုဒ္ဓဘာသာအမွေကိုအမွေဆိုင်များပူးတွဲ၍(jointly)ဆက်ခံခြင်းမပြုဘဲအတူတူဆက်ခံသည်(ဆိုလိုသည်မှာအစုလိုက်ဆက်ခံသည်)ဟူသောဥပဒေသပေါ်ပေါက်လာခြင်းဖြစ်သည်။
ပူးတွဲဆက်ခံခြင်း၊ပူးတွဲလက်ရောက်ရခွင့်မရှိခြင်းကြောင့်အမွေကိုစီမံခန့်ခွဲပေးစေလိုမှုစွဲဆိုခွင့်မရှိဟုဤစီရင်ထုံးတွင်ပြဆိုခြင်းဖြစ်သည်။
နောက်ပိုင်းစီရင်ထုံးများကဤဥပဒေသဘောကိုလက်ခံကျင့်သုံးလာသည်မှာယနေ့တိုင်ဖြစ်သည်။
————————————————
1967 BLR 525
U Ban Swan vs. Daw Thi and five others .
Before U Sein Thin , J .
စီရင်ထုံး၌၊ 5 Ran 785 စီရင်ထုံးကို၊ကိုးကားဆုံးဖြတ်သည်။
——————————————-
ဒေါ်ကြည်ကြည်ဇင် နှင့် ဒေါ်ဝိကြိန်အမှု၊ 1999 BLR 103 စီရင်ထုံးတွင်အောက်ပါအတိုင်းစီရင်ထုံးဖွဲ့ထားသည်။
"ပစ္စည်းခွဲဝေပေးစေလိုမှုတွင်အချင်းဖြစ်ပစ္စည်းကိုတရားလိုနှင့်တရားပြိုင်များအကျိုးခံစားမှုသို့မဟုတ်အခွင့်အရေးအညီအမျှရှိရန်လိုသည်။ထို့ပြင်အချင်းဖြစ်ပစ္စည်းတွင်တရားလိုနှင့်တရားပြိုင်တို့သည်အညီအမျှလက်ရှိဖြစ်ရန်လိုသည်။"
အကျိုးခံစားခွင့်အညီအမျှ(ရှိခြင်း)ဆိုသည်မှာ၊ unity of interest or title ကိုလည်းကောင်း၊အညီအမျှလက်ရှိ(ဖြစ်ခြင်း)မှာ၊ unity of possession ကိုလည်းကောင်း၊ဆိုလိုရင်းဖြစ်သည်မှာယုံမှားဖွယ်မရှိပါ။
အကြောင်းမှာ၊ 5 Ran 785 နှင့် 1967 BLR 525 စီရင်ထုံးများကို၊ကိုးကားထားခြင်းကြောင့်ဖြစ်သည်။
—————————————-
Desai Narotam ပြုစုသော A Dictionary of Law Terms and Phrases (၁၉၁၆ခုနှစ်ထုတ်)စာမျက်နှာ၄၀၇တွင်စကားရပ်များကိုအောက်ပါအတိုင်းအဓိပ္ပာယ်ဖွင့်ဆိုထားသည်။
"Unity of interest - Joint tenants are said to have unity of interest as none of them has a greater interest in the subject of tenancy than others have."
[အကျိုးခံစားခွင့်ပေါင်းစည်းခြင်း-ပူးတွဲပိုင်သူများ(tenant in common ကိုအတူပိုင်ဆိုင်သူများဟုဘာသာပြန်ပါသည်။)အနက်၊မည်သူမျှပိုင်ဆိုင်သောပစ္စည်းတွင်အခြားသူများထက်ပိုမိုအကျိုးခံစားခွင့်ရှိသည်မဟုတ်၍၊ပေါင်းစည်းသောအကျိုးခံစားခွင့်ရှိသည်မည်၏]
"Unity of possession - The phrase also signifies the holding of the same estate in undivided shares by two or more ."
[လက်ရှိထားမှုပေါင်းစည်းခြင်း-ဤစကားရပ်သည်နှစ်ဦးသို့မဟုတ်နှစ်ဦးထက်ပိုသူများကမခွဲဝေရသေးသောဝေစုများအတိုင်းပစ္စည်းတရပ်ကိုပိုင်ဆိုင်သည်ဟုဆိုလိုသည်။]
မှတ်ချက်- Oxford Advenced Learners' Dictionary of Current English စာမျက်နှာ၁၄တွင်"hold"ကို be the legal owner or possession of ဟုအဓိပ္ပာယ်ဖွင့်ဆိုပါသည်။
ပူးတွဲပိုင်ရှင်များ( Joint Tenants )ဖြစ်သည်ဟုအဆိုပြုထားခြင်းကအထက်ပါအဓိပ္ပာယ်ဖွင့်ဆိုချက်အရ၊အချင်းဖြစ်ပစ္စည်းများတွင်အမှုသည်များသည် Unity of interest ရှိကြောင်းအဆိုပြုထားခြင်းပင်ဖြစ်သည်။
ပူးတွဲပိုင်ဆိုင်သူများသည်၆ဦးဖြစ်ရာ၊ Unity of possession အဓိပ္ပာယ်ဖွင့်ဆိုချက်တွင်အကျုံးဝင်သည့်နှစ်ဦးထက်ပိုသောပိုင်ရှင်များဖြစ်သည်။၎င်းတို့သည်၊ undivided shares ပိုင်ရှင်များဖြစ်သည်။
အချင်းဖြစ်ပစ္စည်းများကို၆ဦးကဝေစုများအလိုက်ဆုပ်ကိုင်(hold)ထားသည်ဖြစ်၍၊အထက်ပါအဓိပ္ပာယ်ဖွင့်ဆိုချက်အရ၊လက်ရှိထားမှု၊ပေါင်းစည်းခြင်းရှိသည်မှာမြင်သာသည်။
———————————————
1962 BLR ( CC ) 401
ဒေါ်ချူးအုံ နှင့် ဒေါ်ခ အမှုတွင်-
"ပစ္စည်းခွဲဝေခြင်း(PARTITION )ဆိုသည်မှာ၊ထိုပစ္စည်းဆိုင်ရာအတူအကျိုးခံစားပိုင်သည့်အခွင့်အရေးအနက်အချို့ကိုမိမိနည်းတူအကျိုးခံစားပိုင်ခွင့်ရှိသူအားစွန့်၍ထိုသူကလည်းဖလှယ်သည့်အနေဖြင့်အပြန်အလှန်စွန့်ခြင်းဖြစ်သည်။"ဟုပြဆိုထားရာအများနားလည်လွယ်သောဖွင့်ဆိုချက်ဖြစ်ပါသည်။
——————————————-
5 Ran 785 မှ 1967 BLR 525 နှင့် 1999 BLR 103 စီရင်ထုံးများတွင်သုံးထားသောဥပဒေသုံးစကားရပ်(technical law terms)များဖြစ်သည့်၊ unity of title and unity of possession တို့မှာအများနားလည်နိုင်သည့်စကားရပ်များမဟုတ်ပါ။
၎င်းတို့ကိုဖွင့်ဆိုထားသည့်အဘိဓာန်ရှာဖွေရ၍တော်ပါသေးသည်။
ယင်းအဘိဓာန်မှာမြန်မာနိုင်ငံ၌(၁၀)အုပ်ထက်ပိုမည်မဟုတ်ပါ။
အဘိဓာန်၌သုံးထားသော၊ tenants ဟူသောစကားမှာဥပဒေသုံးစကားဖြစ်ပြီး၊အိမ်ငှားများဟုအဓိပ္ပာယ်မရဘဲ၊ပိုင်ရှင်များဟုအဓိပ္ပာယ်ရခြင်းကိုသိသူနည်းပါးပါသည်။
မြန်မာဓလေ့ထုံးတမ်းဥပဒေလာ၊ tenants - in - common ကိုအတူပိုင်ဆိုင်သူများဟုသိနှင့်ထားပြီး၍၊ဘာသာပြန်ရန်မခက်ခဲတော့ပါ။
—————————————-
2015 BLR 259
ဦးအောင်သိန်းပါ၄ နှင့် ဒေါ်သိင်္ဂီထွန်း
ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးဦးစိုးညွန့်ရှေ့တွင်
ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကအောက်ပါအတိုင်းဆုံးဖြတ်သည်-
“ဆုံးဖြတ်ချက်။ ။ဒေါ်ကြည်ကြည်ဇင်(ခ)ဝိုင်အိုလက်လင်း နှင့် ဒေါ်ဝိကြိန်(၎င်း၏အထွေထွေကိုယ်စားလှယ်စာရသူဦးမျိုးခင်)အမှု(1999 BLR 103)၊မောင်ဘတူ နှင့် မသက်စုအမှု(5 Ran 785)၊ဦးဘန်စွမ်း နှင့် ဒေါ်သီပါ၆အမှု(1967 BLR 525)အမှုများတွင်၊ပစ္စည်းခွဲဝေပေးစေလိုမှု၌အချင်းဖြစ်ပစ္စည်းကိုတရားလိုနှင့်တရားပြိုင်များအကျိုးခံစားမှုသို့မဟုတ်အခွင့်အရေးအညီအမျှရှိမှုဖြစ်ရန်လိုသည်။ထို့ပြင်အချင်းဖြစ်ပစ္စည်းတွင်တရားလိုနှင့်တရားပြိုင်တို့သည်အညီအမျှလက်ရောက်ရရန်လိုသည်ဟုထုံးဖွဲ့ထားသည်။ထိုအမှုများ၌ရည်ညွှန်းသောအကျိုးခံစားခွင့်အညီအမျှရှိမှု(Unity of interest)ဆိုသည်မှာ၊ပူးတွဲပိုင်ရှင်များ၏အကျိုးခံစားပိုင်ခွင့်များပေါင်းစည်းမှုရှိကြခြင်းကိုဆိုလိုသည်။အညီအမျှလက်ရှိဖြစ်မှု(Unity of possession)ဟူသောစကားရပ်မှာနှစ်ဦးသို့မဟုတ်နှစ်ဦးထက်ပိုသောသူများသည်မြေအဆောက်အအုံတရပ်တည်းကိုမခွဲဝေရသေးသောအစုများအလျောက်လက်ရှိဖြစ်ခြင်းပေါင်းစည်းမှုကိုဆိုလိုသည်။အစုအသီးသီး(အကျိုးခံစားပိုင်ခွင့်များ)ပေါင်းစည်းထားသော၊ဖွဲ့စည်းထားသောမြေ၊အဆောက်အအုံစသည်တို့တွင်ပိုင်ဆိုင်သူများ၏အနေအထား၊အစုများတူညီခြင်းရှိနိုင်သည့်နည်းတူ၊မတူကွဲပြားခြင်းလည်းရှိနိုင်သည်ဖြစ်ရာအညီအမျှဆိုသောဝေါဟာရသည်တိကျမှုမရှိနိုင်ပေ။”
Comments
Post a Comment